သု၀ဏၰတံတားအဆင္း ဘတ္စ္ကားတိမ္းေမွာက္


ေက်ာက္တန္း-ယုဇနပလာဇာ ေျပးဆြဲေနတဲ့ ဌာနခြဲ(၂) ေတာင္ပိုင္းခ႐ိုင္ယာဥ္လုိင္း ဘတ္(စ္)ကား အရွိန္မထိမ္းႏိုင္လုိ႔ တိမ္းေမွာက္သြားၿပီး ခရီးသည္(၄)ဦး ဒဏ္ရာရရွိသြားတယ္လုိ႔ သိရပါတယ္။ဒီကေန႔နံနက္ (၉)နာရီ(၁၅)မိနစ္၀န္းက်င္ေလာက္က ေတာင္ပိုင္းခ႐ိုင္ယာဥ္လုိင္း ယာဥ္အမွတ္ (9G-1654) ဘတ္စ္ကားဟာ သာေကတမွ သု၀ဏၰသို႔ ေ၀ဇယႏၲရာလမ္းအတိုင္းေမာင္းႏွင္လာၿပီး သု၀ဏၰတံတားအဆင္းမွာ အရွိန္လြန္ကာ ညာဘက္ျခမ္းကို တိမ္းေမွာက္သြားခဲ့တာပါ။


ကားတိမ္းေမွာက္မႈေၾကာင့္ ဒီကားေပၚပါ ခရီးသည္ (၂၅)ဦးအနက္ (၄)ဦးက ပုခုံး၊ ဦးေခါင္းေတြမွာ အတြင္းဒဏ္ရာ ရရွိခဲ့ၿပီး က်န္သူေတြကေတာ့ ပြန္းပဲ့ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လုိ႔ သိရပါတယ္။ဒီဒဏ္ရာရရွိခဲ့တဲ့ (၄)ဦးကိုေတာ့ လက္ရွိ သဃၤန္းကၽြန္းစံျပေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံေနပါတယ္။ ဒီတိမ္းေမွာက္မႈနဲ႔ပတ္သက္ၿပီး အနီးနားရွိ မ်က္ျမင္ေတြ႕ရွိသူေတြအေနနဲ႔ စည္းကမ္းမဲ့ ေမာင္းႏွင္မႈေၾကာင့္ အခုလို တိမ္းေမွာက္ခဲ့တယ္လုိ႔လည္း မွတ္ခ်က္ေပးထားပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕အေနနဲ႔ ယာဥ္ေမာင္းကို သု၀ဏၰရဲစခန္းမွာယာဥ္မဆင္မျခင္ ေမာင္းႏွင္မႈျပစ္မႈပုဒ္မ(၂၇၉) ယာဥ္တိုက္မႈေၾကာင့္ သာမန္ဒဏ္ရာရမႈ(၃၃၇) ျပင္းထန္ဒဏ္ရာရရွိမႈ(၃၃၈)နဲ႔ တရားလိုျပဳတိုင္တန္းထားတယ္လုိ႔ သိရပါတယ္။

For Info News
https://www.facebook.com/forinfo

..................................................


ကျောက်တန်း-ယုဇနပလာဇာ ပြေးဆွဲနေတဲ့ ဌာနခွဲ(၂) တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဘတ်(စ်)ကား အရှိန်မထိမ်းနိုင်လို့ တိမ်းမှောက်သွားပြီး ခရီးသည်(၄)ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ဒီကနေ့နံနက် (၉)နာရီ(၁၅)မိနစ်ဝန်းကျင်လောက်က တောင်ပိုင်းခရိုင်ယာဉ်လိုင်း ယာဉ်အမှတ် (9G-1654) ဘတ်စ်ကားဟာ သာကေတမှ သုဝဏ္ဏသို့ ဝေဇယန္တရာလမ်းအတိုင်းမောင်းနှင်လာပြီး သုဝဏ္ဏတံတားအဆင်းမှာ အရှိန်လွန်ကာ ညာဘက်ခြမ်းကို တိမ်းမှောက်သွားခဲ့တာပါ။

ကားတိမ်းမှောက်မှုကြောင့် ဒီကားပေါ်ပါ ခရီးသည် (၂၅)ဦးအနက် (၄)ဦးက ပုခုံး၊ ဦးခေါင်းတွေမှာ အတွင်းဒဏ်ရာ ရရှိခဲ့ပြီး ကျန်သူတွေကတော့ ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဒီဒဏ်ရာရရှိခဲ့တဲ့ (၄)ဦးကိုတော့ လက်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ဆေးကုသမှု ခံနေပါတယ်။ ဒီတိမ်းမှောက်မှုနဲ့ပတ်သက်ပြီး အနီးနားရှိ မျက်မြင်တွေ့ရှိသူတွေအနေနဲ့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် အခုလို တိမ်းမှောက်ခဲ့တယ်လို့လည်း မှတ်ချက်ပေးထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ယာဉ်မောင်းကို သုဝဏ္ဏရဲစခန်းမှာယာဉ်မဆင်မခြင် မောင်းနှင်မှုပြစ်မှုပုဒ်မ(၂၇၉) ယာဉ်တိုက်မှုကြောင့် သာမန်ဒဏ်ရာရမှု(၃၃၇) ပြင်းထန်ဒဏ်ရာရရှိမှု(၃၃၈)နဲ့ တရားလိုပြုတိုင်တန်းထားတယ်လို့ သိရပါတယ်။

For Info News
https://www.facebook.com/forinfo
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)