မြန်မာပြည် တခုလုံး ခရမ်းလွန် ရောင်ခြည် သက်ရောက်ပြီ ။

အလယ်ပိုင်းကျော် ဒေသများအထိခရမ်းလွန် အပူ လွန်ကဲ အမှတ် ၁၃ ရောက်နေပြီး
အထက်ဖျား ဒေသများမှာ ခရမ်းလွန် အပူ အမြင့်လွန် အမှတ် ၇ သို့ ရောက်ရှိနေပါသည် ။
နံက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း အေးမြသော အရိပ်ရှာဖွေ ပြုလုပ်ပြီး နေထိုင်ပါ ။
နေပူထဲမှာ ပြန်လာလာခြင်း ရေမချိုးရ ။ရေခဲရေ မသောက်ရ ။
နေပူထဲတွင် ကိုယ်ခန္တာ လှုပ်ရှားမှု မလုပ်မိပါစေနဲ့  ။
ပူသော အချိန်တွင် အယ်ကိုဟော(အရက်) သောက်ခြင်းသည်
သွေးကျဲ စေပြီး ကိုယ်ခန္တာကို အမြန်ပူစေလို့  ဥရောပ နွေရာသီ ဘီယာများတွင် ၀% သောက်ကြသည် ။
နေခင်း အပြင်ထွက်ရင် ထီး ဦးထုတ် နေကာမှက်မှန် သုံးစွဲပါ ။
အလင်းရောင် ပြန်ပြီး အပူမစုတ်သော အဖြူ ရောင် နဲ့  အရောင်ပျော့ ပျော့ များ ဝတ်ဆင်ပါ ။
ကိုယ်ခန္တာမှ ထွက်လာသည့် ချွေးများ စုတ်ယူပြီး ပြန်အေးနိုင်စေရန် ချည်ထည် အဝတ်အစား ဝတ်ဆင်ပါ ။
ချွေး အရမ်းထွက်လျှင် ဓါတ်ဆားရေ သောက်ပါ ။ မရှိလျှင် သကြား နဲ့  ဆား ဖျော်သောက်ပါ ။
ကိုယ်အပူချိန် တက်လျှင် ရေအေး အဝတ်နဲ့  သုတ်ပေးပါ ။
ဆီူချို နှလုံး သွေးတို့  ။ အသက်ငယ်သူများ ။ အသက်ကြီးသူများ ကို
အရိပ်ကောင်းကောင်း အေးမြသောနေရာ တွင် ထားပါ ။
မိတ်ဖု ယားနာဖု ထွက်ပါက ရေပတ်တိုက်ပေးခြင်း သနပ်ခါး လူးပေးပါ ။ မကုတ်ဖဲ့ရ ။
ပူလွန်းလို့  နွမ်းနယ်ခြင်း ကိုအရမ်းပူလာခြင်း သတိလစ်ခြင်း
တက်ခြင်းများ ဖြစ်လျှင် နီးစပ်ရာ ကျန်းမာရေး ဌါန သွားပါ ။
ကျန်းမာရေး ဝန်ကြီး ဌါန .
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)