ေနျပည္ေတာ္ လူသတ္မႈႏွင့္ မုဒိမ္းမႈတြင္ ပါ၀င္သည့္ ကေလးသူငယ္ တရားခံအား အျမင့္ဆံုးျပစ္ဒဏ္ခ်မွတ္


ေနျပည္ေတာ္ Junction Centerအနီး လူသတ္မႈႏွင့္ မုဒိမ္းမႈ က်ဴးလြန္ခဲ့ၾကသူမ်ားတြင္ ပါ၀င္သည့္ ကေလးသူငယ္ တရားခံအား ကေလးသူငယ္ ဥပေဒပုဒ္မ ၄၆ ႏွင့္အညီ အျမင့္ဆံုးျပစ္ဒဏ္ကိုခ်မွတ္

ေနျပည္ေတာ္ မတ္ ၁၇

ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္Junction Center ေနာက္ေက်ာဘက္ တြင္ ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာ ၂၉ ရက္ ညက မိန္းကေလးတစ္ဦးႏွင့္ ၄င္း၏ ခင္ပြန္းတို႔ကို အဓမၼ ေခၚေဆာင္သြားၿပီး မိန္းကေလးအား မုဒိမ္းျပဳက်င့္ျခင္း၊ ခင္ပြန္းျဖစ္သူအား ရက္စက္စြာ သတ္ျဖတ္ျခင္းမ်ား က်ဴးလြန္ခဲ့ၾကသူ ေလးဦးအနက္ အခင္းျဖစ္ပြားစဥ္က အသက္ ၁၅ ႏွစ္ မျပည့္ေသးသည့္ ကေလးသူငယ္ တရားခံ ေမာင္မ်ိဳး(ခ) မ်ိဳးေဇာ္ဝင္း အား ရာဇသတ္ႀကီး ပုဒ္မ ၃ဝ၂ (၁) (ဂ)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ခုနစ္ ႏွစ္ က်ခံရန္ ဇမၺဴသီရိၿမိဳ႕နယ္ ကေလး သူငယ္တရား႐ုံးက (ယေန႔) မတ္ ၁၇ ရက္တြင္ စီရင္ခ်က္ခ်မွတ္ခဲ့သည္။

ထိုကဲ့သို႔ ရာဇဝတ္မႈက်ဴးလြန္ ခဲ့ေသာ ကေလးသူငယ္မ်ားအေပၚ သာမန္အားျဖင့္ ေထာင္ဒဏ္ခ်မွတ္ ေလ့မရွိခဲ့ေသာ္လည္း ယခုကဲ့သို႔ ရက္စက္ၾကမ္းၾကဳတ္သည့္ ျပစ္မႈကို က်ဴးလြန္ခဲ့သည့္ ကေလးသူငယ္ တရားခံကိုမူ ကေလးသူငယ္ဥပေဒ ပုဒ္မ ၄၆ ႏွင့္အညီ အျမင့္ဆုံးျပစ္ဒဏ္ ကို ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၄င္းႏွင့္ အတူ ရာဇဝတ္မႈက်ဴးလြန္ခဲ့ၾကသည့္ တရားခံေအာင္တင္မ်ိဳး(ခ)ေအာင္ပိုင္၊ ေက်ာ္ေမာင္(ခ)ေဇာ္ေဇာ္ေအာင္ႏွင့္
ေဇာ္ေလး (ခ)ေဇာ္မ်ိဳးသူတို႔ကို ဒကၡိဏ ခ႐ိုင္တရား႐ုံးက မတ္ ၁၅ ရက္တြင္ ေသဒဏ္ခ်မွတ္ခဲ့ၿပီးျဖစ္ေၾကာင္း သိ ရသည္။ (သတင္းစဥ္)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..............


နေပြည်တော် Junction Centerအနီး လူသတ်မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့ကြသူများတွင် ပါ၀င်သည့် ကလေးသူငယ် တရားခံအား ကလေးသူငယ် ဥပဒေပုဒ်မ ၄၆ နှင့်အညီ အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်

နေပြည်တော် မတ် ၁၇

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်Junction Center နောက်ကျောဘက် တွင် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက် ညက မိန်းကလေးတစ်ဦးနှင့် ၄င်း၏ ခင်ပွန်းတို့ကို အဓမ္မ ခေါ်ဆောင်သွားပြီး မိန်းကလေးအား မုဒိမ်းပြုကျင့်ခြင်း၊ ခင်ပွန်းဖြစ်သူအား ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသူ လေးဦးအနက် အခင်းဖြစ်ပွားစဉ်က အသက် ၁၅ နှစ် မပြည့်သေးသည့် ကလေးသူငယ် တရားခံ မောင်မျိုး(ခ) မျိုးဇော်ဝင်း အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ဂ)အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ် နှစ် ကျခံရန် ဇမ္ဗူသီရိမြို့နယ် ကလေး သူငယ်တရားရုံးက (ယနေ့) မတ် ၁၇ ရက်တွင် စီရင်ချက်ချမှတ်ခဲ့သည်။

ထိုကဲ့သို့ ရာဇဝတ်မှုကျူးလွန် ခဲ့သော ကလေးသူငယ်များအပေါ် သာမန်အားဖြင့် ထောင်ဒဏ်ချမှတ် လေ့မရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် ကလေးသူငယ် တရားခံကိုမူ ကလေးသူငယ်ဥပဒေ ပုဒ်မ ၄၆ နှင့်အညီ အမြင့်ဆုံးပြစ်ဒဏ် ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းနှင့် အတူ ရာဇဝတ်မှုကျူးလွန်ခဲ့ကြသည့် တရားခံအောင်တင်မျိုး(ခ)အောင်ပိုင်၊ ကျော်မောင်(ခ)ဇော်ဇော်အောင်နှင့်
ဇော်လေး (ခ)ဇော်မျိုးသူတို့ကို ဒက္ခိဏ ခရိုင်တရားရုံးက မတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိ ရသည်။ (သတင်းစဉ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)