ျပည္သူေျပလည္ရင္ အဆဲခံရလည္း ေက်နပ္ဟု ဦးသိန္းစိန္ ေျပာ


By ဒီဗီြဘီ 20 March 2016  Print  
ျပည္သူေတြ အစစအဆင္ေျပၾကရင္ အဆဲခံရတာ သူေက်နပ္ပါတယ္လို႔ သမၼတ ဦးသိန္းစိန္က ပူတာအိုၿမိဳ႕ လူထုေတြ႔ဆံုပြဲမွာ ေျပာၾကားခဲ့ေၾကာင္း ေမြးျမဴေရးနဲ႔ ေက်းလက္ဖြ႔ံၿဖိဳးေရး၀န္ႀကီး ဦးအုန္းျမင့္ရဲ႔ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္။

မတ္လ ၁၈ ရက္ ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕၊ ဖုန္ကန္ရာဇီခန္းမမွာ ဦးသိန္းစိန္က ျပဳျပင္ေျပာင္းလဲမႈေတြအေၾကာင္း၊ ဖြံ႔ၿဖိဳးတိုးတက္မႈေတြအေၾကာင္း.၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြအေၾကာင္း၊ ငါးႏွစ္တာအတြင္းေဆာင္႐ြက္ခဲ့တာေတြ ေျပာမဆုံးပါဘူး။ ဒါေပမယ့္လည္း ျပည္သူေတြထဲက ေက်နပ္ၾကသူေတြ မေက်နပ္ၾကသူေတြထဲက အဆုိးဝါးဆံုးတုံ႔ျပန္မႈတခုက ကားေတြၾကပ္လို႔ အစိုးရကိုဆဲတာ မၾကားဝံ့ မနာသာပါဘဲ။ က်ေနာ္ကေတာ့ ျပည္သူ႔အသံကို နားစြင့္ရင္းေအာ္.,.ကားၾကပ္တာ ကားေတြမ်ားလာလို႔ ကားေတြမ်ားတာ ဝယ္စီးနိုင္ၾကလို႔၊ ဝယ္စီးနိုင္တာ စီးပြားေရး အဆင္ေျပလာလို႔ ျပည္သူေတြ အစစအဆင္ေျပရင္အဆဲခံရတာေက်နပ္ပါတယ္လုိ႔ ေျပာခဲ့ေၾကာင္း ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။

၀န္ႀကီးဦးအုန္းျမင့္ရဲ႕ ေရးသားေဖာ္ျပခ်က္ေအာက္မွာ ေကာမန္႔၀င္ေရးတဲ့ မ်ိဳးမင္း ဆိုသူက ကားက်ပ္တာဟာ စီးပြားေရးေျပလည္လာလို႔ ဆိုတဲ့အေတြးအေခၚထက္ နည္းနည္း ပိုအဆင့္ျမင့္ျမင့္ေတြးပါလို႔ ၀င္ေရးထားတာလည္း ေတြ႔ရပါတယ္။

နိုင္ငံေတာ္သမၼတရဲ႕ ကခ်င္ျပည္နယ္ခရီးစဥ္အတြင္း မခ်မ္းေဘာၿမိဳ႕မွာ ေစတီႏွစ္ဆူကို ဘုရားထီးေတာ္တင္လႉခဲ့ၿပီး ေဒသခံလူထုနဲ႔ ေတြ႔ဆံုခဲ့တယ္လို႔ ျပန္ၾကားေရး၀န္ႀကီးဌာနသတင္းမွာ ေဖာ္ျပပါတယ္။
ဒီဗီြဘီ
..............
By ဒီဗွီဘီ 20 March 2016  Print  
ပြည်သူတွေ အစစအဆင်ပြေကြရင် အဆဲခံရတာ သူကျေနပ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က ပူတာအိုမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ကြောင်း မွေးမြူရေးနဲ့ ကျေးလက်ဖွ့ံဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

မတ်လ ၁၈ ရက် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမမှာ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုတွေအကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း.၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအကြောင်း၊ ငါးနှစ်တာအတွင်းဆောင်ရွက်ခဲ့တာတွေ ပြောမဆုံးပါဘူး။ ဒါပေမယ့်လည်း ပြည်သူတွေထဲက ကျေနပ်ကြသူတွေ မကျေနပ်ကြသူတွေထဲက အဆိုးဝါးဆုံးတုံ့ပြန်မှုတခုက ကားတွေကြပ်လို့ အစိုးရကိုဆဲတာ မကြားဝံ့ မနာသာပါဘဲ။ ကျနော်ကတော့ ပြည်သူ့အသံကို နားစွင့်ရင်းအော်.,.ကားကြပ်တာ ကားတွေများလာလို့ ကားတွေများတာ ဝယ်စီးနိုင်ကြလို့၊ ဝယ်စီးနိုင်တာ စီးပွားရေး အဆင်ပြေလာလို့ ပြည်သူတွေ အစစအဆင်ပြေရင်အဆဲခံရတာကျေနပ်ပါတယ်လို့ ပြောခဲ့ကြောင်း ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

၀န်ကြီးဦးအုန်းမြင့်ရဲ့ ရေးသားဖော်ပြချက်အောက်မှာ ကောမန့်ဝင်ရေးတဲ့ မျိုးမင်း ဆိုသူက ကားကျပ်တာဟာ စီးပွားရေးပြေလည်လာလို့ ဆိုတဲ့အတွေးအခေါ်ထက် နည်းနည်း ပိုအဆင့်မြင့်မြင့်တွေးပါလို့ ၀င်ရေးထားတာလည်း တွေ့ရပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မချမ်းဘောမြို့မှာ စေတီနှစ်ဆူကို ဘုရားထီးတော်တင်လှူခဲ့ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။
ဒီဗွီဘီ
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)