ထို့အတူ တွေ့ရှိတဲ့နေရာ နှင့် သက်မဲ့ပစ္စည်းတစ်ချို့များနှင့်အတူ အလောင်း၏မျက်နှာပေါ်က ကျန်ရှိနေတဲ့ တိတ်ကြိုးစတွေကြောင့် ယခုဖြစ်စဉ်ဟာ သာမန်လူသေမှုမျိုး မဟုတ်နိုင်ဘူးဆိုတာ ကောက်ချက်ချနိုင်ခဲ့ကြတယ်။
‪ဒါဆိုရင်‬ အသတ်ခံရသူဟာ ဘယ်သူလဲ...?
လူအများအပြား စိတ်ဝင်စားနေတဲ့ ဒီအမှုရဲ့ အသတ်ခံရသူဟာ စစ်ကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာနေပြီး၊ မရမ်းလေးကျေးရွာမှာ စာသင်ကြားပေးနေတဲ့ မူလတန်းပြ ကျောင်းဆရာလေး ကိုအေးနိုင် ဆိုသူဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အသတ်ခံရဖွယ်ရှိသူဟာ ကိုအေးနိုင် မှန် မမှန် အတည်ပြုချက်ရယူဖို့ ကိုအေးနိုင်၏ မိသားစုဝင်များအား အလောင်းနှင့်အတူ ကျန်ရှိခဲ့တဲ့ ပစ္စည်းတစ်ချို့ကို ပြသခဲ့ရာ မရပ်သေးသော လက်ပတ်နာရီနှင့် ဝတ်ဆင်ထားသော အဝတ်အစားများကို ဘယ်ဆိုင်က ဝယ်ထားတာကအစ အမှားအယွင်းမရှိဘဲ အတည်ပြုပေးနိုင်သလို အထင်အရှားဆုံးဖြစ်တဲ့ ပစ္စည်းတစ်ခုကတော့ ကိုအေးနိုင်ရဲ့ ဆိုင်ကယ်သော့ချိတ်ကလေးပါပဲ။
ကိုအေးနိုင် မိသားစုဝင်များ၏ အဆိုအရ ကိုအေးနိုင်နှင့် အဆက်အသွယ်မရဖြစ်တာ ရက်သတ္တပတ် နှစ်ပတ်ခန့်လောက်က ဖြစ်တယ်လို့ ပြောကြားခဲ့ကြတယ်။ ထို့ကြောင့် ကိုအေးနိုင်အသတ်ခံရတဲ့ရက်ဟာ ရက်ပေါင်းအားဖြင့် ၁၅ရက်၊ သို့မဟုတ် ရက်၂၀ခန့်သာ ရှိနိုင်ကြောင်း သုံးသပ်ပြီး ကိုအေးနိုင် အသတ်မခံရမီ အချိန်နှင့် နေရက်များကို နာရီစဉ်အလိုက် ကောက်ယူ၍ ၎င်းနှင့် ရင်းနှီးသူတစ်ချို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို စနည်းနာရာမှ မသင်္ကာဖွယ်ရာဖြစ်သည့် ကိုအေးနိုင်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဘုရားကုန်းကျေးရွာမှ ကျန်းမာရေးမှူး သန်းဇော်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနိုင်ခဲ့ပါသည်။
ဘုရားကုန်းကျေးရွာ ကျန်းမာရေးမှူး သန်းဇော်၏ ဝန်ခံချက်များအရ ကိုအေးနိုင်နှင့် သူဟာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဖြစ်ကြောင်း သို့ပေမဲ့ ယခုအချိန်မှာ သူနာပြုဆရာမလေးမနှင်းပွင့်ဖြူနှင့် ပတ်သက်ပြီး
 နှင်းပွင့်ဖြူဟာ တစ်ချိန်က ကိုအေးနိုင်နှင့် ချစ်သူရည်စားဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ နှင်းပွင့်ဖြူက သူ၏
သက်၍ အေးနိုင်က အရက်မူးလာသည့်အခါတိုင်း ရိတိတိလာလုပ်ကြောင်း နှင်းပွင့်ဖြူဆိုတာ သူ့ရဲ့အချစ်
ထိုအခြေအနေနှင့် ပတ်သက်၍ နှင်းပွင့်ဖြူကလည်း အေးနိုင်ကို မုန်းတီးစိတ်နာလျက်ရှိကြောင်း သန်းဇော်မှ ဝန်ခံထွက်ဆိုလိုက်သည်။
ပတ်သက်ခဲ့ဖူးတဲ့ အေးနိုင်ကြောင့် ၎င်းတို့သွားမည့် ချစ်သူလမ်းကြားလေးဟာ မသာယာနိုင်တော့သလို ခံစားမိလာတဲ့ တစ်နေ့မှာတော့ နှင်းပွင့်ဖြူမှ အချစ်ကြီးခဲ့လို့ အမျက်ကြီးခဲ့လေပြီ။
ထို့ကြောင့် နှင်းပွင့်ဖြူ မှ အေးနိုင်ကို သတ်ရန်အတွက် သန်းဇော်ကို တိုင်ပင်ခဲ့ပြီး သန်းဇော်မှ နှလုံးခုန်နှုန်း
 နှင့် သွေးခုန်နှုန်းမြင့်မှားစေသည့် Adrenaline အား Overdoes ထိုးပြီးသတ်ရန် အကြံပြုခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် နှင်းပွင့်ဖြူ ရန်ကုန်ကအပြန် သွားရောက်စောင့်ဆိုင်းရန်အတွက် အေးနိုင်ကိုပြောပြ၍
တက္ကသိုလ်လမ်းရှိ အရက်ဆိုင်မှာ အေးနိုင်နှင့်အတူ အရက်သောက်ခဲ့ပြီး၊ တကယ်တော့ နှင်းပွင့်ဖြူဟာ ခင်ဗျားကိုသာ တကယ်ချစ်နေကြောင်း ဒါကြောင့် သူကိုလာကြိုဖို့ မှာထားကြောင်း အေးနိုင်ကို ပြောပြပြီး ချစ်သူလမ်းကြားက စောင့်ပေးဖို့ သွားရောက်ရန်အတွက် အေးနိုင်ကို စေလွှတ်လိုက်သည်။
ချစ်သူလမ်းကြားအရောက် အေးနိုင်ကို နှင်းပွင့်ဖြူမှ ကာမအားတိုးဆေးထိုးရန် စည်းရုံးပြီး အေးနိုင်၏
 အေးနိုင်ဟာ အော်ဟစ်ပြီး ပါးစပ်မှအမြုပ်များထွက်လာပြီး ဝမ်းများသွားနေသဖြင့် သန်းဇော်ကို ဖုန်းဆက်ခေါ်ပြီး အသံမထွက်ရန်အတွက် အေးနိုင်၏ပါးစပ်ကို တိတ်ဖြင့်ပိတ်ခဲ့ကြောင်း သိပ်မကြာခင်မှာတော့ အေးနိုင်တစ်ယောက်ဟာ နှင်းပွင့်ဖြူကို အံ့ဩတဲ့အကြည့်များဖြင့် နှုတ်ဆက်သွားပါတော့သည်။ ဝိညာဉ်မဲ့နေသော
 အေးနိုင်၏ ရုပ်အလောင်းကို ပီနှံအိတ်ဖြင့်ထည့်၍ အသင့်ယူဆောင်လာသော ပေါက်ပြားနှင့် မြေကိုတူးကာ ပက်လက်အနေအထားဖြင့် အေးနိုင်ကို မြှုပ်နှံခဲ့ပြီး သန်းဇော်၏ ဆိုင်ကယ်ဖြင့် နှစ်ဦးသား ပြန်လာ
ထို့နောက် ပေါက်ပြားအား လယ်တီကွင်းမြို့အထွက်တွင်လည်းကောင်း အေးနိုင်ကိုင်ဆောင်ခဲ့သော အေးနိုင်၏လက်ကိုင်ဖုန်း Coolpad အမျိုးအစား အနက်ရောင်ကို ဦးပါရဲမြစ်ကမ်းရှိ မြစ်ထဲသို့လွှင့်ပစ်ခဲ့ကြကြောင်း၊ ထိုနေ့ ည ၁၀း၀၀ နာရီအချိန်မှာပင် လိုင်းကားဖြင့် ရန်ကုန်သို့ နှင်းပွင့်ဖြူမှ ချက်ခြင်းပြန်သွားခဲ့ကြောင်း၊ ဆိုင်ကယ်ကို ယင်းညမှာပင် ချစ်သူလမ်းကြား၌ ထားရစ်ခဲ့ကြောင်း သန်းဇော်၏ ထွက်ဆိုချက်များအရ သိရှိရပါ
သည်။
ထို့နောက် ယခုလူသတ်မှုမှ အဓိကတာဝန်ရှိသူဟု ယူဆရသော နှင်းပွင့်ဖြူ အား ဖမ်းဆီးနိုင်ရန်အတွက် ၎င်းနောက်ဆုံး ထွက်သွားရာလမ်းကြောင်းဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့များကို အကူအညီတောင်းခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းဘေးရှိ တည်ခိုခန်းတစ်ခုတွင် နှင်းပွင့်ဖြူ အား ၁၁.၃.၂၀၁၆ရက်နေ့က ဖမ်းဆီးရမိပြီး နေ့ချင်းပင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့များထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
အချက်အလက်များ ကျန်ရှိနိုင်သေးကြောင်း အသိပေးအပ်ပါသည်။
⭐⭐⭐⭐⭐⭐⭐⭐
Credit Aung Kyaw Min
...................
သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း နှင့် ချစ်သူလမ်းကြားထဲကဝိညာဉ်ရှိုက်သံ
ဆောင်းအကုန် နွေအကူး လေရူးနဲ့အတူ မြူမှုန်တွေများနေတဲ့ မတ်လ ၃ရက်နေ့က ဟင်္သာတခရိုင်တစ်ခုလုံး မြူမှုန်များနှင့်အတူ လွင့်ပါလာသည့် သတင်းဆိုးတစ်ခုက ရိုက်ခက်လာပါတော့တယ်။
ဟင်္သာတမြို့ တက္ကသိုလ်အနောက်ဘက်က ချစ်သူလမ်းကြားဆိုတဲ့ မြို့ရှောင်လမ်းမှာ ဝိညာဉ်မဲ့နေတဲ့ ရုပ်အလောင်းတစ်ခုက သူရဲ့ရှိုက်သံကို အသိပေးလာခဲ့တယ်။
ထိုသတင်းကို ကြားကြားချင်း ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာတာဝန်ရှိသူများကို ခေါ်ဆောင်၍ အဆိုပါ အမည်မသိ ရုပ်အလောင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တူဖော်စစ်ဆေးခဲ့ပါသည်။
ကျွမ်းကျင်သူ မှုခင်းဆရာဝန်များ၏ အဆိုအရ သေဆုံးသူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုလိုလာရောက် စွန့်ပစ်မြုပ်နှံထားရသလဲဆိုတာကို အသေးစိတ်စစ်ဆေးခဲ့ရာ အလောင်း၏ အပေါ်ပိုင်းကတော့ အရိုးကျနေလျက် အသားစ တစ်ချို့သာ ကျန်ရှိတော့တာမို့ မည်သူမည်ဝါဟု မသိရှိနိူင်တော့ပါဘူး။ သို့သော် အလောင်း၏ အောက်ပိုင်းမှာတော့ ၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီက အထူသားဖြစ်နေတဲ့အတွက် ပေါင်နှင့်ခြေထောက်ရှိအသားတွေကတော့ များစွာကျန်ရှိနေတာတွေ့ရပါတယ်။ ထို့ကြောင့် အလောင်းဟာ လွန်ခဲ့သော လအတွင်းက မြုှပ်နှံထားဖွယ်ရာရှိကြောင်း တာဝန်ရှိသူတွေက ကောက်ချက်ချနိူင်ခဲ့ပါတယ်။
ထို့အတူ တွေ့ရှိတဲ့နေရာ နှင့် သက်မဲ့ပစ္စည်းတစ်ချို့များနှင့်အတူ အလောင်း၏မျက်နှာပေါ်က ကျန်ရှိနေတဲ့ တိတ်ကြိုးစတွေကြောင့် ယခုဖြစ်စဉ်ဟာ သာမန်လူသေမှုမျိုး မဟုတ်နိူင်ဘူးဆိုတာ ကောက်ချက်ချနိူင်ခဲ့ကြတယ်။
‪#‎ဒါဆိုင်ရင်‬ အသတ်ခံရသူဟာ ဘယ်သူလဲ...?
လူအများအပြား စိတ်ဝင်စားနေတဲ့ ဒီအမှုရဲ့ အသတ်ခံရသူဟာ စစ်ကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာနေပြီး၊ မရမ်းလေးကျေးရွာမှာ စာသင်ကြားပေးနေတဲ့ မူလတန်းပြ ကျောင်းဆရာလေး ကိုအေးနိူင် ဆိုသူဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အသတ်ခံရဖွယ်ရှိသူဟာ ကိုအေးနိူင် မှန် မမှန် အတည်ပြုချက်ရယူဖို့ ကိုအေးနိူင်၏ မိသားစုဝင်များအား အလောင်းနှင့်အတူ ကျန်ရှိခဲ့တဲ့ ပစ္စည်းတစ်ချို့ကို ပြသခဲ့ရာ မရပ်သေးသော လက်ပတ်နာရီနှင့် ဝတ်ဆင်ထားသော အဝတ်အစားများကို ဘယ်ဆိုင်က ဝယ်ထားတာကအစ အမှားအယွင်းမရှိဘဲ အတည်ပြုပေးနိူင်သလို အထင်အရှားဆုံးဖြစ်တဲ့ ပစ္စည်းတစ်ခုကတော့ ကိုအေးနိူင်ရဲ့ ဆိုင်ကယ်သော့ချိတ်ကလေးပါပဲ။
‪#‎ဘာကြောင့်အသတ်ခံရသလဲ‬...ဘယ်သူသတ်တာလဲ...?
ကိုအေးနိူင် မိသားစုဝင်များ၏ အဆိုအရ ကိုအေးနိူင်နှင့် အဆက်အသွယ်မရဖြစ်တာ ရက်သတ္တပတ် နှစ်ပတ်ခန့်လောက်က ဖြစ်တယ်လို့ ပြောကြားခဲ့ကြတယ်။ ထို့ကြောင့် ကိုအေးနိူင်အသတ်ခံရတဲ့ရက်ဟာ ရက်ပေါင်းအားဖြင့် ၁၅ရက်၊ သို့မဟုတ် ရက်၂၀ခန့်သာ ရှိနိူင်ကြောင်း သုံးသပ်ပြီး ကိုအေးနိူင် အသတ်မခံရမီ အချိန်နှင့် နေရက်များကို နာရီစဉ်အလိုက် ကောက်ယူ၍ ၎င်းနှင့် ရင်းနှီးသူတစ်ချို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို စနည်းနာရာမှ မသင်္ကာဖွယ်ရာဖြစ်သည့် ကိုအေးနိူင်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဘုရားကုန်းကျေးရွာမှ ကျန်းမာရေးမှူး သန်းဇော်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနိူင်ခဲ့ပါသည်။
‪#‎အချစ်ဦး‬ မှ အချစ်ဆူးလေပြီ...
ဘုရားကုန်းကျေးရွာ ကျန်းမာရေးမှူး သန်းဇော်၏ ဝန်ခံချက်များအရ ကိုအေးနိူင်နှင့် သူဟာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဖြစ်ကြောင်း သို့ပေမဲ့ ယခုအချိန်မှာ သူနာပြုဆရာမလေးမနှင်းပွင့်ဖြူနှင့် ပတ်သက်ပြီး အစာမကြေလည်မှုတွေ များပြားလာနေကြောင်း၊ နှင်းပွင့်ဖြူဟာ တစ်ချိန်က ကိုအေးနိူင်နှင့် ချစ်သူရည်စားဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ နှင်းပွင့်ဖြူက သူ၏ချစ်သူဖြစ်နေကြောင်း၊ နှင်းပွင့်ဖြူကိစ္စနှင့် ပတ်သက်၍ အေးနိူင်က အရက်မူးလာသည့်အခါတိုင်း ရိတိတိလာလုပ်ကြောင်း နှင်းပွင့်ဖြူဆိုတာ သူ့ရဲ့အချစ်ဦးဖြစ်ကြောင်း သူနဲ့ချစ်ကြိုက်ခဲ့တာ ကြာနေပြီဖြစ်ကြောင်း မကြာခဏဆိုသလို လာရောက်၍ အော်ဟစ်ပြောဆိုလေ့ရှိကြောင်းနှင့် အတူနေခဲ့သည့်ကိစ္စတွေကို လူတွေသိအောင်ပြောမည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုအခြေအနေနှင့် ပတ်သက်၍ နှင်းပွင့်ဖြူကလည်း အေးနိူင်ကို မုန်းတီးစိတ်နာလျက်ရှိကြောင်း သန်းဇော်မှ ဝန်ခံထွက်ဆိုလိုက်သည်။
၂နှစ်ကျော်မျှ ချစ်ကြိုက်လာတဲ့ သန်းဇော် နှင့် နှင်းပွင့်ဖြူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ တစ်ချိန်က နှင်းပွင့်ဖြူနှင့် ပတ်သက်ခဲ့ဖူးတဲ့ အေးနိူင်ကြောင့် ၎င်းတို့သွားမည့် ချစ်သူလမ်းကြားလေးဟာ မသာယာနိူင်တော့သလို ခံစားမိလာတဲ့ တစ်နေ့မှာတော့ နှင်းပွင့်ဖြူမှ အချစ်ကြီးခဲ့လို့ အမျက်ကြီးခဲ့လေပြီ။
ထို့ကြောင့် နှင်းပွင့်ဖြူ မှ အေးနိူင်ကို သတ်ရန်အတွက် သန်းဇော်ကို တိုင်ပင်ခဲ့ပြီး သန်းဇော်မှ နှလုံးခုန်နှုန်း နှင့် သွေးခုန်နှုန်းမြင့်မှားစေသည့် Adrenaline အား Overdoes ထိုးပြီးသတ်ရန် အကြံပြုခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် နှင်းပွင့်ဖြူ ရန်ကုန်ကအပြန် သွားရောက်စောင့်ဆိုင်းရန်အတွက် အေးနိူင်ကိုပြောပြ၍ တက္ကသိုလ်လမ်းရှိ အရက်ဆိုင်မှာ အေးနိူင်နှင့်အတူ အရက်သောက်ခဲ့ပြီး၊ တကယ်တော့ နှင်းပွင့်ဖြူဟာ ခင်ဗျားကိုသာ တကယ်ချစ်နေကြောင်း ဒါကြောင့် သူကိုလာကြိုဖို့ မှာထားကြောင်း အေးနိူင်ကို ပြောပြပြီး ချစ်သူလမ်းကြားက စောင့်ပေးဖို့ သွားရောက်ရန်အတွက် အေးနိူင်ကို စေလွှတ်လိုက်သည်။
ချစ်သူလမ်းကြားအရောက် အေးနိူင်ကို နှင်းပွင့်ဖြူမှ ကာမအားတိုးဆေးထိုးရန် စည်းရုံးပြီး အေးနိူင်၏ လက်မောင်းကို Adrenaline ဆေးကို ထိုးပေးလိုက်ကြောင်း သိပ်မကြာခင်မှာ ဆေးရှိန်တက်လာသော အေးနိူင်ဟာ အော်ဟစ်ပြီး ပါးစပ်မှအမြုပ်များထွက်လာပြီး ဝမ်းများသွားနေသဖြင့် သန်းဇော်ကို ဖုန်းဆက်ခေါ်ပြီး အသံမထွက်ရန်အတွက် အေးနိူင်၏ပါးစပ်ကို တိတ်ဖြင့်ပိတ်ခဲ့ကြောင်း သိပ်မကြာခင်မှာတော့ အေးနိူင်တစ်ယောက်ဟာ နှင်းပွင့်ဖြူကို အံ့ဩတဲ့အကြည့်များဖြင့် နှုတ်ဆက်သွားပါတော့သည်။ ဝိညာဉ်မဲ့နေသော အေးနိူင်၏ ရုပ်အလောင်းကို ပီနှံအိတ်ဖြင့်ထည့်၍ အသင့်ယူဆောင်လာသော ပေါက်ပြားနှင့် မြေကိုတူးကာ ပက်လက်အနေအထားဖြင့် အေးနိူင်ကို မြှုပ်နှံခဲ့ပြီး သန်းဇော်၏ ဆိုင်ကယ်ဖြင့် နှစ်ဦးသား ပြန်လာခဲ့ကြကြောင်း သန်းဇော်၏ ထွက်ဆိုချက်အရသိရှိရပါသည်။
ထို့နောက် ပေါက်ပြားအား လယ်တီကွင်းမြို့အထွက်တွင်လည်းကောင်း အေးနိူင်ကိုင်ဆောင်ခဲ့သော အေးနိူင်၏လက်ကိုင်ဖုန်း Coolpad အမျိုးအစား အနက်ရောင်ကို ဦးပါရဲမြစ်ကမ်းရှိ မြစ်ထဲသို့လွှင့်ပစ်ခဲ့ကြကြောင်း၊ ထိုနေ့ ည ၁၀းဝဝ နာရီအချိန်မှာပင် လိုင်းကားဖြင့် ရန်ကုန်သို့ နှင်းပွင့်ဖြူမှ ချက်ခြင်းပြန်သွားခဲ့ကြောင်း၊ ဆိုင်ကယ်ကို ယင်းညမှာပင် ချစ်သူလမ်းကြား၌ ထားရစ်ခဲ့ကြောင်း သန်းဇော်၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။
ထို့နောက် ယခုလူသတ်မှုမှ အဓိကတာဝန်ရှိသူဟု ယူဆရသော နှင်းပွင့်ဖြူ အား ဖမ်းဆီးနိူင်ရန်အတွက် ၎င်းနောက်ဆုံး ထွက်သွားရာလမ်းကြောင်းဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့များကို အကူအညီတောင်းခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းဘေးရှိ တည်ခိုခန်းတစ်ခုတွင် နှင်းပွင့်ဖြူ အား ၁၁.၃.၂၀၁၆ရက်နေ့က ဖမ်းဆီးရမိပြီး နေ့ချင်းပင် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့များထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ယင်းအမှုကို ဟင်္သာတမြို့မ အမှတ်(၁)ရဲစခန်းမှ (ပ)၇၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
မှတ်ချက်/ အမှုပါအကြောင်းအရာများသည် အရင်ဆုံး ဖမ်းဆီးရမိသူ သန်းဇော်၏ ဝန်ခံထွက်ဆိုချက်များဖြစ်ပြီး အမှုမှ အဓိကလူဟု သက်မှတ်ထားသော နှင်းပွင့်ဖြူအား စစ်ဆေးမေးမြန်းဆဲကာလ ဖြစ်တဲ့အတွက်
အချက်အလက်များ ကျန်ရှိနိူင်သေးကြောင်း အသိပေးအပ်ပါသည်။
⭐⭐⭐⭐⭐⭐⭐⭐
Credit Aung Kyaw Min
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)