အစိုးရ အဖွဲ့ဝင် ၀န်ကြီးများအား ၀န်ထမ်းများက ယခင်လို 'အဘ' ဟု မခေါ်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သတိပေး ပြောကြား

၃၁..၃..၁၆
-
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အစိုးရအဖွဲ့
ရုံးဝန်ထမ်းများအား အဂတိမလိုက်စားရန် ၀န်ကြီးဌာနလျှော့ချသော်လည်း ၀န်ထမ်းများစိုးရိမ်ပူပန်မှု မရှိကြရန် နှင့် အစိုးရဝန်ကြီးများအား ယခင်က ကဲသို့ ' အဘ ' ဟု မခေါ်ရန် မှာကြားခဲ့သည်။
-
“ကျွန်တော်တို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားပြီးပါပြီ၊ ၀န်ထမ်းတွေမစိုးရိမ်ကြဖို့ အဂတိကင်း ကြဖို့ ကျွန်တော်ထပ်ပြောပါမယ်၊ ပြည်သူအတွက်အလုပ် ကြိုးစားလုပ်ကြပါ၊
-
ကျွမ်းကျင်ပညာရပ် အလိုက် ဌာနအပြောင်းအရွှေ့ကိုအဆင်ပြေအောင်
လုပ်ပေးမှာပါ၊ ပြောစရာရှိရင် ကျွန်တော့ကို တိုက်ရိုက်ပြောဆိုနိုင်ပါတယ်" ဟု ၀န်ကြီးချုပ်က ၀န်ထမ်းများအားပြောသွားသည်။
-
၀န်ထမ်းများအနေနှင့် ၄င်းတို့အစိုးရလက်ထက်တွင် သက်တောင့်
သက်သာနေထိုင်နိုင်ကြောင်း၊ ဆိုလိုသည်မှာ ယခင်အစိုးရ လက်ထက်က ပုံစံအတိုင်း လူကြီးလာလျှင်မတ်တပ်ရပ်ပေးရသည့်စနစ်ကို ၄င်းတို့
အစိုးရလက်ထက်တွင် လုပ်ရန်မလိုကြောင်းလည်း ပြောသည်။
-
အထူးသဖြင့် ၄င်းအပါအဝင် ၄င်းတို့အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အဘ ဟုမခေါ်ရန်လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်အသစ်ဒေါက်တာဇော်မြင့် မောင်ကပြောကြားခဲ့သည်။
================
myanmar.china
...............

၃၁..၃..၁၆
-
-
-
-
-
================
myanmar.china
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)