ျမစ္ဆံုစီမံကိန္းျပန္စဖို႔ ႀကိဳးပမ္းေနတယ္လို႔ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ



သမၼတဦးသိန္းစိန္ အစုိးရသက္တမ္းအတြင္း ရပ္ဆိုင္းထားခဲ့တဲ့ ျမစ္ဆံုေရအားလွ်ပ္စစ္ စီမံကိန္းကို ျပန္စႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ တရုတ္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။

 ျမစ္ဆံုေရကာတာစီမံကိန္း ဟာ စီးပြားျဖစ္စီမံကိန္းတခု ျဖစ္ၿပီး လိုအပ္တဲ့ခြင့္ျပဳခ်က္အားလံုး ရယူၿပီးျဖစ္ေၾကာင္း၊ ႏွစ္ဖက္ ပူးေပါင္း ေဆာင္ရြက္မႈ မရွိတဲ့အခ်က္က အႀကီးမားဆံုးအခက္အခဲ ျဖစ္ေနၿပီး ဒါကုိ ႏွစ္ႏုိင္ငံအျပဳသေဘာနဲ႔ ေျဖရွင္း ေဆာင္ရြက္သြားမယ္လုိ႔ ဒီကေန႔ ေဘက်င္းမွာက်င္းပတဲ့ ႏွစ္ပတ္လည္ သတင္းစာရွင္းလင္းပြဲမွာ တရုတ္ ႏုိင္ငံျခားေရးဝန္ႀကီးက ေဝါင္ယွီက ေျပာပါတယ္။

 အစိုးရသစ္လက္ထက္ ျမန္မာနဲ႔တရုတ္ဆက္ဆံေရးမွာ ႏွစ္ဘက္အက်ိဳးရွိမယ့္ ပူးေပါင္းေဆာင္ရြက္မႈ ရွိလာမယ္လို႔ ယံုၾကည္ေၾကာင္းလည္း ေျပာပါတယ္။

 ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူဦးေဆာင္တဲ့ NLD ပါတီဟာ တရုတ္ႏုိင္ငံနဲ႔ ရင္းႏွီးခ်စ္ၾကည္တဲ့ ဆက္ဆံေရးရွိၿပီး အျပန္အလွန္ နားလည္မႈနဲ႔ ယံုၾကည္မႈေတြ ပိုတိုးလာမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအနာဂတ္အတြက္ အျပည့္အဝ ယံုၾကည္ထားေၾကာင္းလည္း တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာၾကားပါတယ္။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA

...........................................

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်စနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

 မြစ်ဆုံရေကာတာစီမံကိန်း ဟာ စီးပွားဖြစ်စီမံကိန်းတခု ဖြစ်ပြီး လိုအပ်တဲ့ခွင့်ပြုချက်အားလုံး ရယူပြီးဖြစ်ကြောင်း၊ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့အချက်က အကြီးမားဆုံးအခက်အခဲ ဖြစ်နေပြီး ဒါကို နှစ်နိုင်ငံအပြုသဘောနဲ့ ဖြေရှင်း ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ဘေကျင်းမှာကျင်းပတဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ဝေါင်ယှီက ပြောပါတယ်။

 အစိုးရသစ်လက်ထက် မြန်မာနဲ့တရုတ်ဆက်ဆံရေးမှာ နှစ်ဘက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု ရှိလာမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ NLD ပါတီဟာ တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးရှိပြီး အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုတွေ ပိုတိုးလာမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနာဂတ်အတွက် အပြည့်အဝ ယုံကြည်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA





Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)