ဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေး ကျပ် ၉၀၀၀ ခန့် ဆက်လက်ကျဆင်း
ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် မတ်လ ၄ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ကိုးထောင်ခန့် ထပ်မံကျဆင်းလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
ဒေါ်လာဈေးသည် မတ်လ ၃ ရက် တွင် တစ်ဒေါ်လာလျှင် ၁၂၁၅ ကျပ် ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်ဒေါ်လာ ၁၁၉၀ ကျပ်သို့ ကျဆင်းလာသည့်အတွက် မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၇၉၂၀၀၀ ကျပ် ရှိရာမှ ၇၈၃၀၀၀ သို့ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးသည် မတ်လ ၃ ရက်က တစ်အောင်စလျှင် ၁၂၄၀ ဒေါ်လာ ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်အောင်စ ၁၂၆၀ သို့ မြင့်တက်ခဲ့သော်လည်း ဒေါ်လာဈေး ကျလာသောကြောင့် မြန်မာ့ရွှေဈေးပါ ကျဆင်းရခြင်း ဖြစ်ကြောင်း သိရသည်။
''ကမ္ဘာ့ရွှေဈေးက အာရှဈေးနဲ့ အမေရိကန်ဈေးက မငြိမ်တော့ ခန့်မှန်း ရခက်တယ်။ ပြည်တွင်းမှာက ဒေါ်လာငွေ ဈေးကျလာတော့ မြန်မာ့ရွှေဈေးပါ လိုက်ကျတဲ့သဘောပါ'' ဟု အောင်သမာဓိရွှေဆိုင် အထွေထွေ မန်နေဂျာ ဦးမော်မော်က ပြောသည်။
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး နှင့် ဒေါ်လာဈေးတို့ အပေါ်တွင် မူတည်နေပြီး ၂၀၁၅ ခုနှစ်က ဒေါ်လာဈေး မြင့်မားမှုကြောင့် မြန်မာ့ရွှေ တစ်ကျပ်သားလျှင် ၈၀၃၀၀၀ ကျပ် သို့ ရောက်ခဲ့သည်။
သတင်း - MMK
The Ladies News
.....................................
ဒေါ်လာစျေး ကျဆင်းလာမှုကြောင့် မတ်လ ၄ ရက်တွင် မြန်မာ့ရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ကိုးထောင်ခန့် ထပ်မံကျဆင်းလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။
ဒေါ်လာစျေးသည် မတ်လ ၃ ရက် တွင် တစ်ဒေါ်လာလျှင် ၁၂၁၅ ကျပ် ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်ဒေါ်လာ ၁၁၉၀ ကျပ်သို့ ကျဆင်းလာသည့်အတွက် မြန်မာ့ရွှေစျေးမှာ တစ်ကျပ်သားလျှင် ရ၉၂၀၀၀ ကျပ် ရှိရာမှ ရ၈၃၀၀၀ သို့ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
''ဒေါ်လာစျေးကျလာလို့ မြန်မာ့ရွှေစျေး ကျတယ်။ ကမ္ဘာ့ရွှေစျေးကတော့ အနည်းငယ် တက်ပါတယ်။ အရောင်း အဝယ်ပုံမှန်ပါပဲ'' ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင် က ပြောသည်။
ကမ္ဘာ့ရွှေစျေးသည် မတ်လ ၃ ရက်က တစ်အောင်စလျှင် ၁၂၄၀ ဒေါ်လာ ရှိခဲ့ရာမှ မတ်လ ၄ ရက်တွင် တစ်အောင်စ ၁၂၆၀ သို့ မြင့်တက်ခဲ့သော်လည်း ဒေါ်လာစျေး ကျလာသောကြောင့် မြန်မာ့ရွှေစျေးပါ ကျဆင်းရခြင်း ဖြစ်ကြောင်း သိရသည်။
''ကမ္ဘာ့ရွှေစျေးက အာရှစျေးနဲ့ အမေရိကန်စျေးက မငြိမ်တော့ ခန့်မှန်း ရခက်တယ်။ ပြည်တွင်းမှာက ဒေါ်လာငွေ စျေးကျလာတော့ မြန်မာ့ရွှေစျေးပါ လိုက်ကျတဲ့သဘောပါ'' ဟု အောင်သမာဓိရွှေဆိုင် အထွေထွေ မန်နေဂျာ ဦးမော်မော်က ပြောသည်။
မြန်မာ့ရွှေစျေးသည် ကမ္ဘာ့ရွှေစျေး နှင့် ဒေါ်လာစျေးတို့ အပေါ်တွင် မူတည်နေပြီး ၂၀၁၅ ခုနှစ်က ဒေါ်လာစျေး မြင့်မားမှုကြောင့် မြန်မာ့ရွှေ တစ်ကျပ်သားလျှင် ၈၀၃၀၀၀ ကျပ် သို့ ရောက်ခဲ့သည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)