မုံရြာတြင္ ကေလးငယ္မ်ား ေရဆင္းကူးရာမွ ၂ ဦး ေရနစ္ေသဆံုး

 By ဒီဗီြဘီ 2 March 2016

မုံရြာၿမိဳ႕ ေရွးေဟာင္းကန္သာယာကန္အတြင္း မတ္လ ၂ ရက္ေန႔ ေန႔လယ္ ၁၂ နာရီအခ်ိန္က ဆယ္ေက်ာ္သက္အရြယ္ ကေလးငယ္ ၄ ဦး ေရဆင္းကူးရာမွ ၂ ဦး ေရနစ္ေသဆုံးခဲ့ပါတယ္။

ေရနစ္ေသဆုံးခဲ့တဲ့ ကေလး ၂ ဦးမွာ သလႅာအမွတ္ (၇) ရပ္ကြက္မွ ျဖစ္ၿပီး အဌမတန္းေျဖဆုိ ထားတဲ့ ေက်ာင္းသား ဖုိးသႀကၤန္ ၁၅ ႏွစ္နဲ႔ ဟိန္းေဇယ်ာ ၁၅ ႏွစ္တုိ႔ ျဖစ္ပါတယ္။

ကေလးငယ္ ၄ ဦးဟာ ကန္သာယာကန္အတြင္း ေရသြားကူးရာမွ တစ္ဦးေရနစ္ေနစဥ္ ဝင္ေရာက္ကယ္ဆယ္ရင္း ၂ ဦး ၿပိဳင္တူနစ္ၿပီး ေသဆံုးသြားခဲ့တယ္လို႔လည္း သိရပါတယ္။

ေရနစ္ေနစဥ္ ေဘးပတ္၀န္းက်င္မွာ လူသူမရွိတာေၾကာင့္ က်န္တဲ့ ကေလး ၂ ဦးက သူတုိ႔အိမ္ေတြကုိ ဖုနး္ဆက္အေၾကာင္းၾကားရာကတဆင့္ မိဘေဆြမ်ဳိးေတြ၊ ကယ္ဆယ္ေရး၊ မီးသတ္တပ္ဖြဲ႔နဲ႔ ေရငုပ္ ကၽြမ္းက်င္သူေတြက ၂ နာရီၾကာ ၀ုိင္း၀န္း ဆယ္ယူခဲ့ၾကပါတယ္။

ကေလး ၂ ဦး ေရနစ္တဲ့ေနရာဟာ ကန္အလယ္လမ္း ေဖာက္လုပ္ဖုိ႔ လမ္းေျမရရိွေရးအတြက္ ဘတ္ဖိုးနဲ႔ တူးယူထားတဲ့ ခ်ိဳင့္ေနရာျဖစ္ေၾကာင္း သိရပါတယ္။
ေရနစ္ ေသဆုံးခဲ့တဲ့ ကေလး ၂ ဦး အေလာင္းကို ေဒ၀ဂတိ လူမႈကူညီေရးအသင္း ကားနဲ႔ မုံရြာေဆး႐ုံႀကီးသုိ႔ ပုိ႔ေဆာင္ခဲ့ၿပီး ၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္ကာ စစ္ေဆးေနပါတယ္။

သတင္းဓာတ္ပံု – ရန္ႏိုင္စိုး
DVB TV News
............



မုံရွာတွင် ကလေးငယ်များ ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံး

By ဒီဗွီဘီ 2 March 2016

မုံရွာမြို့ ရှေးဟောင်းကန်သာယာကန်အတွင်း မတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ကလေး ၂ ဦးမှာ သလ္လာအမှတ် (၇) ရပ်ကွက်မှ ဖြစ်ပြီး အဌမတန်းဖြေဆို ထားတဲ့ ကျောင်းသား ဖိုးသင်္ကြန် ၁၅ နှစ်နဲ့ ဟိန်းဇေယျာ ၁၅ နှစ်တို့ ဖြစ်ပါတယ်။

ကလေးငယ် ၄ ဦးဟာ ကန်သာယာကန်အတွင်း ရေသွားကူးရာမှ တစ်ဦးရေနစ်နေစဉ် ဝင်ရောက်ကယ်ဆယ်ရင်း ၂ ဦး ပြိုင်တူနစ်ပြီး သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

ရေနစ်နေစဉ် ဘေးပတ်ဝန်းကျင်မှာ လူသူမရှိတာကြောင့် ကျန်တဲ့ ကလေး ၂ ဦးက သူတို့အိမ်တွေကို ဖုနး်ဆက်အကြောင်းကြားရာကတဆင့် မိဘဆွေမျိုးတွေ၊ ကယ်ဆယ်ရေး၊ မီးသတ်တပ်ဖွဲ့နဲ့ ရေငုပ် ကျွမ်းကျင်သူတွေက ၂ နာရီကြာ ၀ုိင်းဝန်း ဆယ်ယူခဲ့ကြပါတယ်။

ကလေး ၂ ဦး ရေနစ်တဲ့နေရာဟာ ကန်အလယ်လမ်း ဖောက်လုပ်ဖို့ လမ်းမြေရရှိရေးအတွက် ဘတ်ဖိုးနဲ့ တူးယူထားတဲ့ ချိုင့်နေရာဖြစ်ကြောင်း သိရပါတယ်။
ရေနစ် သေဆုံးခဲ့တဲ့ ကလေး ၂ ဦး အလောင်းကို ဒေဝဂတိ လူမှုကူညီရေးအသင်း ကားနဲ့ မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေပါတယ်။

သတင်းဓာတ်ပုံ – ရန်နိုင်စိုး
DVB TV News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)