ေျမပံုမွာ လယ္သမားေတြဆႏၵျပ


ရခိုင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္က ငမန္းရဲကၽြန္းတာတမံ ဆည္ဖို႔ရာမွာ စီးပြားေရး လုပ္ငန္းရွင္ေတြရဲ႕ ပုစြန္ကန္ေတြကို ခ်န္လွပ္ၿပီး ဆည္ဖို႔ေနတာေၾကာင့္ ေဒသခံ ၅၀၀ ေလာက္က ဒီေန႔ ဆႏၵျပကန္႔ကြက္ၾကပါတယ္။

ေရငန္ပုစြန္ေမြးျမဴေရးလုပ္ငန္းေတြေၾကာင့္ ေဒသခံေတြရဲ႕ လယ္ယာေျမေတြ ပ်က္စီးေနတဲ့အတြက္ တာတမံကို ဆည္ဖို႔ရာမွာ ပုစြန္ကန္ေတြကိုပါ ဆည္ဖို႔ ေပးေစခ်င္တယ္လို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ ျပင္ေခ်ာင္းရြာခံ ဦးေမာင္လွခင္က ေျပာပါတယ္။

"ပုစြန္ကန္လုပ္တဲ့သူကေတာ့ နည္းတာေပါ့ေနာ္၊ မရွိဆင္းရဲသား လက္လုပ္လက္စား သမားေတြက ပိုမ်ားတယ္၊ လက္လုပ္လက္စားသမားေတြက သား၊ သမီးေတြရဲ႕ ပညာေရး၊ က်န္းမာေရး၊ ဘာတစ္ခုမွ အဆင္မေျပပါဘူး၊ သူတို႔က်ရင္ေတာ့ေျပၾက ပါတယ္၊ ဒါေပမယ့္ သူတို႔ကို က်ေနာ္တို႔ကမုန္းတီးလို႔ေျပာတာမဟုတ္ပါဘူး၊ အရွိကိုအရွိတိုင္းေျပာတာပါ၊ အရွိကိုအရွိတိုင္း လုပ္ေပးပါလို႔ က်ေနာ္တို႔က ဒီတိုင္းပဲေျပာခ်င္ပါတယ္"

ငမန္းရဲကၽြန္းတာတမံအတြင္းမွာရွိတဲ့ ျပင္ေခ်ာင္း၊ လြန္းလံုးပိုက္၊ တံတားဦး၊ ေမ်ာက္ႀကိမ္ စတဲ့ ေက်းရြာ ၉ ရြာက ေဒသခံေတြဟာ ေဘာဂဓဘုရားအနီးက တာတမံသစ္ေနရာမွာ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

ငမန္းရဲကၽြန္းဟာ ပင္လယ္ဆားငန္ေရေဒသျဖစ္တာေၾကာင့္ လြန္ခဲ့တဲ့ ၁၉၈၀ ခုႏွစ္ဝန္းက်င္ေလာက္က အစိုးရက ကၽြန္းတစ္ခုလံုးကို မိုင္ေပါင္း ၃၆ မိုင္ေက်ာ္ ရွည္လ်ားတဲ့ ေရငန္တားတဲ့ တာတမံနဲ႔ ဆည္ဖို႔ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကစၿပီး အစိုးရက ပုစြန္ကန္ေတြကို ခ်န္လွပ္ၿပီး ၁၅ မိုင္ေလာက္ရွည္လ်ားတဲ့ တာတမံသစ္ကို ဆည္ဖို႔ ေနတာျဖစ္ပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ေတြက လယ္ယာေျမေတြေပၚမွာ ေရငန္ပုစြန္ေမြးျမဴေရး လုပ္ငန္းေတြကို တိုးခ်ဲ႕လုပ္ကိုင္လာခဲ့ၾကတာေၾကာင့္ ေဒသခံေတြရဲ႕ လယ္ယာေျမ အေတာ္မ်ားမ်ား အဲဒီပုစြန္ကန္ဧရိယာထဲ ေရာက္ရိွသြားၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ငမန္းရဲကၽြန္းတာတမံအတြင္းမွာ အရင္က ျပင္ေခ်ာင္း၊ လြန္းလံုးပိုက္၊ တံတားဦး၊ ေမ်ာက္ႀကိမ္ စတဲ့ ေက်းရြာ ၁၃ ရြာရိွခဲ့ရာကေန လယ္ယာေျမေတြထဲ ဆားငန္ေရေတြ၀င္ေရာက္တာေၾကာင့္ စိုက္ပ်ဳိးလို႔မရေတာ့တဲ့အတြက္ ေက်းရြာ ၄ ရြာေလာက္ဟာ ေျပာင္းေရႊ႕သြားၾကတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

............................................


ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ငမန်းရဲကျွန်းတာတမံ ဆည်ဖို့ရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပုစွန်ကန်တွေကို ချန်လှပ်ပြီး ဆည်ဖို့နေတာကြောင့် ဒေသခံ ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးနေတဲ့အတွက် တာတမံကို ဆည်ဖို့ရာမှာ ပုစွန်ကန်တွေကိုပါ ဆည်ဖို့ ပေးစေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြင်ချောင်းရွာခံ ဦးမောင်လှခင်က ပြောပါတယ်။

"ပုစွန်ကန်လုပ်တဲ့သူကတော့ နည်းတာပေါ့နော်၊ မရှိဆင်းရဲသား လက်လုပ်လက်စား သမားတွေက ပိုများတယ်၊ လက်လုပ်လက်စားသမားတွေက သား၊ သမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာတစ်ခုမှ အဆင်မပြေပါဘူး၊ သူတို့ကျရင်တော့ပြေကြ ပါတယ်၊ ဒါပေမယ့် သူတို့ကို ကျနော်တို့ကမုန်းတီးလို့ပြောတာမဟုတ်ပါဘူး၊ အရှိကိုအရှိတိုင်းပြောတာပါ၊ အရှိကိုအရှိတိုင်း လုပ်ပေးပါလို့ ကျနော်တို့က ဒီတိုင်းပဲပြောချင်ပါတယ်"

ငမန်းရဲကျွန်းတာတမံအတွင်းမှာရှိတဲ့ ပြင်ချောင်း၊ လွန်းလုံးပိုက်၊ တံတားဦး၊ မျောက်ကြိမ် စတဲ့ ကျေးရွာ ၉ ရွာက ဒေသခံတွေဟာ ဘောဂဓဘုရားအနီးက တာတမံသစ်နေရာမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ငမန်းရဲကျွန်းဟာ ပင်လယ်ဆားငန်ရေဒေသဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်လောက်က အစိုးရက ကျွန်းတစ်ခုလုံးကို မိုင်ပေါင်း ၃၆ မိုင်ကျော် ရှည်လျားတဲ့ ရေငန်တားတဲ့ တာတမံနဲ့ ဆည်ဖို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အစိုးရက ပုစွန်ကန်တွေကို ချန်လှပ်ပြီး ၁၅ မိုင်လောက်ရှည်လျားတဲ့ တာတမံသစ်ကို ဆည်ဖို့ နေတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက လယ်ယာမြေတွေပေါ်မှာ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာခဲ့ကြတာကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေ အတော်များများ အဲဒီပုစွန်ကန်ဧရိယာထဲ ရောက်ရှိသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငမန်းရဲကျွန်းတာတမံအတွင်းမှာ အရင်က ပြင်ချောင်း၊ လွန်းလုံးပိုက်၊ တံတားဦး၊ မျောက်ကြိမ် စတဲ့ ကျေးရွာ ၁၃ ရွာရှိခဲ့ရာကနေ လယ်ယာမြေတွေထဲ ဆားငန်ရေတွေဝင်ရောက်တာကြောင့် စိုက်ပျိုးလို့မရတော့တဲ့အတွက် ကျေးရွာ ၄ ရွာလောက်ဟာ ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)