ေက်ာက္မီးေသြးစက္ရံုကို ဆႏၵျပ


တနသၤာရီတိုင္းေဒသႀကီး ေလာင္းလံုၿမိဳ႕နယ္ သက်က္ေတာေက်းရြာမွာ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓာတ္အားေပး စက္ရံုစီမံကိန္းကို ကန္႔ကြက္ေၾကာင္း ေဒသခံ ၄ဝဝ ေလာက္က မတ္လ ၂၅ ရက္ေန႔ ဆႏၵေဖာ္ထုတ္ၾကစဥ္။ Photo: Kyaw Lwin Oo/RFA
တနသၤာရီတိုင္းေဒသႀကီး ေလာင္းလံုၿမိဳ႕နယ္ သက်က္ေတာေက်းရြာမွာ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓာတ္အားေပး စက္ရံုစီမံကိန္းကို ကန္႔ကြက္ေၾကာင္း ေဒသခံ ၄ဝဝ ေလာက္က ဒီေန႔ ဆႏၵျပၾကပါတယ္။

ေဒသခံေတြရဲ႕ သေဘာထားမပါဘဲ လွ်ပ္စစ္ဝန္ႀကီးဌာနက သေဘာတူလက္မွတ္ေရးထိုးလိုက္တာကို မေက်နပ္လို႔ ဆႏၵျပတာလို႔ ေအာက္ေရျဖဴေက်းရြာသား ဦးေမာင္ေအးက ေျပာပါတယ္။

"လွ်ပ္စစ္ဒုဝန္ႀကီးက ၅ဝဝ မဂၢါဝပ္ ေက်ာက္မီးေသြးစက္ရံုႀကီးေဆာင္မွာကို ေဒသခံေတြအကုန္လံုး ေထာက္ ခံၾကတယ္ေပါ့ေလ၊ က်ေနာ္တို႔လည္း အရင္ကကန္႔ကြက္ဆႏၵျပခဲ့ဖူးပါတယ္၊ ဒါေတြထည့္မတြက္ဘဲနဲ႔ ေဒသ ခံေတြရဲ႕ဆႏၵကို လံုးဝမ်က္ကြယ္ျပဳၿပီးေတာ့ သေဘာတူလက္မွတ္ေရးထိုးလိုက္တာကို မေက်နပ္လို႔ ဆႏၵျပတာပါ"

မဂၢါဝပ္ ၅ဝဝ ထြက္ရွိမယ့္စက္ရံုကို ရမၼဇူေက်းရြာအနီးက ေျမဧက ၈ဝဝ ေက်ာ္မွာ ေဆာက္လုပ္မွာျဖစ္ၿပီး ျပည္တြင္း က 24 Hour Mining ကုမၸဏီန႔ဲ ကိုရီးယားႏိုင္ငံက ကုမၸဏီတစ္ခုတို႔ တည္ေဆာက္မွာျဖစ္ပါတယ္။

အဲ့ဒီစီမံကိန္းကို ၂ဝ၁၄ ခုႏွစ္ ဒီဇင္ဘာလကလည္း ရမၼဇူေက်းရြာအနီးမွာ ေဒသခံေတြက ကန္႔ကြက္ဆႏၵျပ ခဲ့ၾကပါတယ္။

လွ်ပ္စစ္ဝန္ႀကီးဌာနနဲ႔ ကုမၸဏီ ၂ ခုက တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔က သေဘာတူလက္မွတ္ေရးထိုးခဲ့တာျဖစ္ၿပီး ဒီႏွစ္အတြင္းမွာ စတင္တည္ေဆာက္မွာျဖစ္ပါတယ္။

ဆႏၵျပပြဲမွာ ရမၼဇူ၊ သက်က္ေတာ၊ ေညာင္ဇင္၊ ေအာက္ေရျဖဴ၊ ေက်ာက္တြင္း၊ ေတာက်ဲ၊ သဝင္၊ ကဒတ္ႀကီး စတဲ့ ေက်းရြာေတြက ေဒသခံေတြ ပါဝင္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က မတ်လ ၂၅ ရက်နေ့ ဆန္ဒဖော်ထုတ်ကြစဉ်။ Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။

ဒေသခံတွေရဲ့ သဘောထားမပါဘဲ လျှပ်စစ်ဝန်ကြီးဌာနက သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ အောက်ရေဖြူကျေးရွာသား ဦးမောင်အေးက ပြောပါတယ်။

"လျှပ်စစ်ဒုဝန်ကြီးက ၅ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံကြီးဆောင်မှာကို ဒေသခံတွေအကုန်လုံး ထောက် ခံကြတယ်ပေါ့လေ၊ ကျနော်တို့လည်း အရင်ကကန့်ကွက်ဆန္ဒပြခဲ့ဖူးပါတယ်၊ ဒါတွေထည့်မတွက်ဘဲနဲ့ ဒေသ ခံတွေရဲ့ဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီးတော့ သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ"

မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို ရမ္မဇူကျေးရွာအနီးက မြေဧက ၈ဝဝ ကျော်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း က 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ တည်ဆောက်မှာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကလည်း ရမ္မဇူကျေးရွာအနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနနဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ရမ္မဇူ၊ သကျက်တော၊ ညောင်ဇင်၊ အောက်ရေဖြူ၊ ကျောက်တွင်း၊ တောကျဲ၊ သဝင်၊ ကဒတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)