မိ္ုင္းခတ္ၿမိဳ႕နုယ္၌ ထမင္းအိုးတည္ရာမွတစ္ဆင့္ ေနအိမ္ ၄၈ လံုးမီးေလာင္


မုိင္းခတ္ မတ္ ၁၃

ရွမ္းျပည္နယ္ မုိင္းခတ္ၿမိဳ႕နယ္ ေနာင္ဒြန္းေက်းရြာ အုပ္စု အင္လုံေက်းရြာ၌ မတ္ ၁၂ ရက္ ညေန ၄ နာရီခြဲ ခန္႔က အိမ္ရွင္ ဦးအုိက္ယိုး၏ သက္ငယ္မုိး၊ ဝါးကာ၊ ပ်ဥ္ ခင္းေနအိမ္၌ ထင္းမီးျဖင့္ ထမင္းအုိးတည္ရာမွ ေနအိမ္ ၄၈ လုံး မီးေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

အဆုိပါ မီးေလာင္ရာေနရာသုိ႔ မီးၿငိႇမ္းသတ္ယာဥ္ သြားလာႏုိင္ျခင္းမရွိသျဖင့္ သေႏၶမီးသတ္ ငါးဦး၊ အရန္ မီးသတ္ ၁၅ ဦး၊ အေပါ့စားမီးသတ္စက္တစ္လုံးျဖင့္ ၿငိႇမ္း သတ္ခဲ့ရာ ညေန ၅ နာရီခြဲခန္႔တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

အဆုိပါ မီးေလာင္မႈေၾကာင့္ သက္ငယ္မုိး၊ ပ်ဥ္ခင္း၊ ေနအိမ္ ၄၈ လုံး၊ သုံးဘီးဆုိင္ကယ္ သုံးစီး၊ ဟာလာစက္ ခုနစ္လုံး၊ လက္တြန္းထြန္စက္ ၁၂ စီး၊ ဆုိင္ကယ္ ၂၅ စီး၊ စပါးတင္း ၁၅ဝဝႏွင့္ ဝက္ငါးေကာင္ မီးေလာင္ဆုံး႐ႈံး သြားေၾကာင္း အိမ္ေထာင္စု ၄၈ စု၊မီးေဘးသင့္ျပည္သူ စုစုေပါင္း ၂၅၈ ဦးတို႔အား အဆိုပါေက်းရြာ ဘုန္းေတာ္ ႀကီးေက်ာင္း၌ ေနရာခ်ထားေပးထားေၾကာင္းႏွင့္ ဦးအိုက္ယိုးအား မိုင္းခတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းက အေရး ယူထားေၾကာင္းသိရွိရသည္။

ဇင္ဦး(ျမန္မာ့အလင္း)၊ဓာတ္ပုံ-MFSD
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

.....................................


မိုင်းခတ် မတ် ၁၃

ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် နောင်ဒွန်းကျေးရွာ အုပ်စု အင်လုံကျေးရွာ၌ မတ် ၁၂ ရက် ညနေ ၄ နာရီခွဲ ခန့်က အိမ်ရှင် ဦးအိုက်ယိုး၏ သက်ငယ်မိုး၊ ဝါးကာ၊ ပျဉ် ခင်းနေအိမ်၌ ထင်းမီးဖြင့် ထမင်းအိုးတည်ရာမှ နေအိမ် ၄၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ မီးငြိှမ်းသတ်ယာဉ် သွားလာနိုင်ခြင်းမရှိသဖြင့် သန္ဓေမီးသတ် ငါးဦး၊ အရန် မီးသတ် ၁၅ ဦး၊ အပေါ့စားမီးသတ်စက်တစ်လုံးဖြင့် ငြိှမ်း သတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် သက်ငယ်မိုး၊ ပျဉ်ခင်း၊ နေအိမ် ၄၈ လုံး၊ သုံးဘီးဆိုင်ကယ် သုံးစီး၊ ဟာလာစက် ခုနစ်လုံး၊ လက်တွန်းထွန်စက် ၁၂ စီး၊ ဆိုင်ကယ် ၂၅ စီး၊ စပါးတင်း ၁၅ဝဝနှင့် ဝက်ငါးကောင် မီးလောင်ဆုံးရှုံး သွားကြောင်း အိမ်ထောင်စု ၄၈ စု၊မီးဘေးသင့်ပြည်သူ စုစုပေါင်း ၂၅၈ ဦးတို့အား အဆိုပါကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ နေရာချထားပေးထားကြောင်းနှင့် ဦးအိုက်ယိုးအား မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းက အရေး ယူထားကြောင်းသိရှိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ဓာတ်ပုံ-MFSD
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)