အင္တာဗ်ဴး ေပးစာ က်န္းမာေရး ယဥ္ေက်းမႈ ဗီဒီယို ဓါတ္ပုံ ဂ်ာနယ္ သတင္းစာ အသံဖိုင္ ေၾကညာခ်က္ ျမ၀တီၿမိဳ႕ အမွတ္ ၅ ရပ္ကြက္ စိုက္ပ်ိဳးေရးဇုန္၌ ဓါတ္ဆီျဖည့္ရာမွ အပူဟပ္ၿပီး မီးေလာင္မႈျဖစ္ပြား


ျမ၀တီ မတ္ ၂

ကရင္ျပည္နယ္၊ ျမ၀တီခရိုင္၊ ျမ၀တီၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ ၀ါးစကင္း(ရွမ္းလမ္းခြဲ)လမ္းရွိ စိုက္ပ်ိဳးေရးဇုန္တြင္ ယေန႔ မတ္လ ၂ ရက္၊ ညေန ၅ နာရီ ၃၅ မိနစ္ခန္႔က မီးေလာင္မႈ ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။


အဆိုပါ မီးေလာင္မႈျဖစ္ပြားေၾကာင္း သတင္းအရ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးလြင္ကိုဦး၊ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးမိုးညိဳ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ေဇာ္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး တင္ထြဋ္ႏွင့္ တာ၀န္ရွိသူမ်ား အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္ရွိခဲ႔ၿပီး ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ ဦးစီးအရာရွိ ဦးျမင့္ေဆြ ဦးေဆာင္သည့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ လူမႈအဖြဲ႔အစည္းမ်ားမွ မီးသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၂)စီးတို႔ျဖင့္ ၀ိုင္း၀န္းမီးၿငိမ္းသတ္ခဲ႔ရာ ညေန ၆ နာရီ ၁၅ မိနစ္ခန္႔တြင္ မီးညြန္႔က်ိဳးကာ မီးၿငိမ္းသတ္ ႏိုင္ခဲ႔ေၾကာင္း သိရသည္။


မီးေလာင္မႈ ျဖစ္စဥ္မွာ ျမ၀တီၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ ၀ါးစကင္း(ရွမ္းလမ္းခြဲ)လမ္းရွိ စိုက္ပ်ိဳးေရးဇုန္၊ အမွတ္(၁၄) ဂိတ္အနီးတြင္ နစ္ဆန္းအမ်ိဳးအစား အျဖဴေရာင္(၆)ဘီး(လိုင္စင္စိစစ္ဆဲ) ယာဥ္ေပၚတြင္ တင္ထားေသာ ေပပါခြံမ်ား အတြင္းသို႔ ဓါတ္ဆီမ်ားျဖည့္ သြင္းရာ အပူဟပ္ မီးေလာင္ကၽြမ္းမႈျဖစ္ၿပီး ယာဥ္ႏွင့္အတူ ဆီေပပါမ်ား ကူးစက္ ေလာင္ကၽြမ္းျခင္း ျဖစ္ေၾကာင္း သိရသည္။


မီးေလာင္မႈေၾကာင့္ ယာဥ္ေနာက္လိုက္ ေနထြန္းေက်ာ္မွာ ယာဥ္ေပၚတြင္ မီးဟပ္ခံရၿပီး နဖူး ဖူးေယာင္ ဒဏ္ရာ၊ ႏွေခါင္းပြန္းပဲ႔ဒဏ္ရာ၊ အေရျပား စုတ္ၿပဲဒဏ္ရာ (မစိုးရိမ္ရ) ႏွင့္ ေနရဲေက်ာ္တြင္ ၀ဲလက္ဖ်ံ မီးေလာင္ဒဏ္ရာ၊ ခႏၶာကိုယ္ ေအာက္ပိုင္း အေရျပားမ်ား မီးေလာင္ဒဏ္ရာ(မစိုးရိမ္ရ) တို႔ရရွိခဲ႔ၿပီး အဆိုပါ ဒဏ္ရာရရွိသူ ႏွစ္ဦးစလံုးအား အတြင္း လူနာမ်ား အျဖစ္ ျမ၀တီျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမ၀တီၿမိဳ႕မ ရဲစခန္းမွ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ျမဝတီခရိုင္ ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

.......................................................


မြဝတီ မတ် ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ၀ါးစကင်း(ရှမ်းလမ်းခွဲ)လမ်းရှိ စိုက်ပျိုးရေးဇုန်တွင် ယနေ့ မတ်လ ၂ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမိုးညို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွဋ်နှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးမြင့်ဆွေ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများမှ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မီးညွန့်ကျိုးကာ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်မှာ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ၀ါးစကင်း(ရှမ်းလမ်းခွဲ)လမ်းရှိ စိုက်ပျိုးရေးဇုန်၊ အမှတ်(၁၄) ဂိတ်အနီးတွင် နစ်ဆန်းအမျိုးအစား အဖြူရောင်(၆)ဘီး(လိုင်စင်စိစစ်ဆဲ) ယာဉ်ပေါ်တွင် တင်ထားသော ပေပါခွံများ အတွင်းသို့ ဓါတ်ဆီများဖြည့် သွင်းရာ အပူဟပ် မီးလောင်ကျွမ်းမှုဖြစ်ပြီး ယာဉ်နှင့်အတူ ဆီပေပါများ ကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ယာဉ်နောက်လိုက် နေထွန်းကျော်မှာ ယာဉ်ပေါ်တွင် မီးဟပ်ခံရပြီး နဖူး ဖူးယောင် ဒဏ်ရာ၊ နှခေါင်းပွန်းပဲ့ဒဏ်ရာ၊ အရေပြား စုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) နှင့် နေရဲကျော်တွင် ၀ဲလက်ဖျံ မီးလောင်ဒဏ်ရာ၊ ခန္ဓာကိုယ် အောက်ပိုင်း အရေပြားများ မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) တို့ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးအား အတွင်း လူနာများ အဖြစ် မြဝတီပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)