မင္းျပားျမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေအာင္ညႊန္႕ ကြင္းလံုကၽြတ္လြတ္ျပီ


နိရဥၥရာ၊ မတ္ ၁၄

ရခိုင္ျပည္နယ္ မင္းျပားျမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္ေျမ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွေအာင္ညႊန္႕၏ အယူခံကို ယေန႕ နံနက္က ေျမာက္ဦးျမိဳ႕နယ္ ခရိုင္တရားရံုးမွ ဆံုးျဖတ္ရာ တရားေသ လြတ္ေပးလိုက္ေၾကာင္း သိရသည္။

မင္းျပားျမိဳ႕နယ္ ေကာ္မတီ အဖြဲ႕၀င္ ဦးသိန္းဇံက “ အခုဘဲ သူ႕ကို ကြင္းလံုးကၽြတ္ လြတ္ေပး လိုက္ျပီ ျဖစ္ပါတယ္။ အခုသူ႕ကို ေျမာက္ဦးျမိဳ႕ကို သြားေရာက္ ၾကိဳဆိုဖုိ႕ စီစဥ္ေနပါတယ္” ဟု ေျပာသည္။

မင္းျပားျမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္ေျမမွ အႏိုင္ရ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေအာင္ညႊန္႕အား ေျမပံုျမိဳ႕နယ္ တရားရံုးက ျပစ္ဒဏ္ ႏွစ္ခုေပါင္း ေထာင္ (၁) ႏွစ္ခ်မွတ္လိုက္ျခင္း အေပၚ အယူခံ၀င္ရာ ယေန႕ မတ္လ ၁၄ ရက္ေန႕ တြင္ ေျမာက္ဦးခရိုင္ တရားရံုးမွ ကြင္းလံုးကၽြတ္ လြတ္ေပး လိုက္ျခင္း ျဖစ္သည္။

တရားစြဲခံရသည့္ အေၾကာင္းအရင္း


ရခိုင္အမ်ိဳးသားပါတီမွ ျပည္နယ္ လြတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးလွေအာင္ၫြန္႔သည္ သူႏွင့္ ခင္မင္ရင္းႏွီးသည့္ မင္းျပားၿမိဳ႕၊ ေအာက္ရြာပိုင္ ရပ္ကြက္ေန ေဒၚဦးျမၾကည္ ေနအိမ္သို႔ ၂၀၁၅ ခုႏွစ္ ၊ ၾသဂုတ္ ၃၀ ရက္ေန႔၊ မနက္ ၈ နာရီတြင္ ေဒၚဦးျမၾကည္၏ အမ်ိဳးသားႏွင့္ အတူ ေရာက္႐ွိခဲ့သည္။

ထိုသို႕ ေရာက္ရွိ္လာစဥ္ ေဒၚဦးျမၾကည္အား ျပည္ခိုင္ၿဖိဳးပါတီမွ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒါက္တာ စံေရႊေအာင္က လွဴဒါန္းေသာ ရခိုင္ေရေဘး အလွဴပစၥည္းမ်ားအား သူမမွာ ေက်းရြာမ်ားသို႔ သြားေရာက္ ေပးအပ္ေနသည္မ်ားကို ရပ္တန္႔ရန္ႏွင့္ ဆက္လက္ သြားေရာက္လွဴဒါန္းျခင္း ျပဳပါက သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာဆိုခဲ့သည္ဟု ေဒၚဦးျမၾကည္က စြပ္စြဲျပီး မင္းျပားၿမိဳ႕မ ရဲစခန္းတြင္ တရားလိုလုပ္ျပီး အမႈဖြင့္သည္။

မင္းျပားျမိဳ႕နယ္ရဲစခန္းမွ အမႈကို စက္တင္ဘာလ ၂ ရက္ေန႕တြင္ လက္ခံျပီး (ပ) ၁၃၃/၁၅၊ ပုဒ္မ အမူဖြင့္လွစ္ခဲ့သည္။

ေျမပံုျမိဳ႕နယ္ တရားရံုးမွေထာင္ခ်


မင္းျပားျမိဳ႕နယ္ တရားရံုးတြင္ ၎အမႈကို စစ္ေဆးပါက ဘက္လိုက္ ဆံုးျဖတ္မႈမ်ား ရွိေနသျဖင့္ တရားရံုးေျပာင္းေရႊ႕ေပးရန္ ဦးလွေအာင္ညႊန္႕ တို႕မွ ေျမာက္ဦးျမိဳ႕နယ္ ခရိုင္ရံုးသုိ႕ ေလွ်ာက္ထားရာ ေျမပံုျမိဳ႕နယ္ တရားရံုးသို႕ ေျပာင္းလဲ စစ္ေဆးေစခဲ့သည္။ ယခုႏွစ္ ဇန္န၀ါရီလ ၂၈ ေန႕တြင္ ေျမပံုျမိဳ႕နယ္ တရားသူၾကီးမွ ပိုင္နက္ က်ဴးလြန္မႈ၊ ျခိမ္းေျခာက္မႈ ပုဒ္မမ်ားျဖစ္ၾကသည့္ ၄၅၁ ႏွင့္ ၅၀၆ တို႕ျဖင့္ ေထာင္ (၁) ႏွစ္ခ် မွတ္ခဲ့သည္။

ေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ျခင္းက သူအတြက္ ရြးေကာက္ပြဲ အျပီး သံုးလနီးပါး အၾကား ဇန္န၀ါရီလ ၂၈ ရက္ေန႕တြင္ ေထာင္တစ္ႏွစ္ခ် မွတ္လိုက္သည္။

အယူခံ၀င္

ယင္းျပစ္ဒဏ္ အေပၚ မိသားစုမ်ားက မေက်နပ္သျဖင့္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂ ရက္ေန႕က ေျမာက္ဦးခရိုင္ တရားရံုးတြင္ အယူခံ၀င္ခဲ့ရာ အယူခံကို လက္ခံ ခဲ့ျပီး ေဖေဖာ္၀ါရီလ ၁၆ ရက္၊ ၂၂ ရက္ႏွင့္ မတ္လ ၁ ရက္ေန႕ တို႕တြင္ ႏွစ္ဘက္ ေလွ်ာက္လဲခ်က္မ်ားကို ၾကားနာ စစ္ေဆးခဲ့ျပီး မတ္လ ၁၄ ရက္ေန႕တြင္ အမႈကို တရားရံုးက ဆံုးျဖတ္ခဲ့သည္။

Arakan State
https://www.facebook.com/NarinjaraNews
................


နိရဥ္စရာ၊ မတ် ၁၄

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်၏ အယူခံကို ယနေ့ နံနက်က မြောက်ဦးမြို့နယ် ခရိုင်တရားရုံးမှ ဆုံးဖြတ်ရာ တရားသေ လွတ်ပေးလိုက်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ကော်မတီ အဖွဲ့ဝင် ဦးသိန်းဇံက “ အခုဘဲ သူ့ကို ကွင်းလုံးကျွတ် လွတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ အခုသူ့ကို မြောက်ဦးမြို့ကို သွားရောက် ကြိုဆိုဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ အနိုင်ရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်အား မြေပုံမြို့နယ် တရားရုံးက ပြစ်ဒဏ် နှစ်ခုပေါင်း ထောင် (၁) နှစ်ချမှတ်လိုက်ခြင်း အပေါ် အယူခံဝင်ရာ ယနေ့ မတ်လ ၁၄ ရက်နေ့ တွင် မြောက်ဦးခရိုင် တရားရုံးမှ ကွင်းလုံးကျွတ် လွတ်ပေး လိုက်ခြင်း ဖြစ်သည်။

တရားစွဲခံရသည့် အကြောင်းအရင်း


ရခိုင်အမျိုးသားပါတီမှ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်သည် သူနှင့် ခင်မင်ရင်းနှီးသည့် မင်းပြားမြို့၊ အောက်ရွာပိုင် ရပ်ကွက်နေ ဒေါ်ဦးမြကြည် နေအိမ်သို့ ၂၀၁၅ ခုနှစ် ၊ သြဂုတ် ၃၀ ရက်နေ့၊ မနက် ၈ နာရီတွင် ဒေါ်ဦးမြကြည်၏ အမျိုးသားနှင့် အတူ ရောက်ရှိခဲ့သည်။

ထိုသို့ ရောက်ရှိ်လာစဉ် ဒေါ်ဦးမြကြည်အား ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စံရွှေအောင်က လှူဒါန်းသော ရခိုင်ရေဘေး အလှူပစ္စည်းများအား သူမမှာ ကျေးရွာများသို့ သွားရောက် ပေးအပ်နေသည်များကို ရပ်တန့်ရန်နှင့် ဆက်လက် သွားရောက်လှူဒါန်းခြင်း ပြုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေါ်ဦးမြကြည်က စွပ်စွဲပြီး မင်းပြားမြို့မ ရဲစခန်းတွင် တရားလိုလုပ်ပြီး အမှုဖွင့်သည်။

မင်းပြားမြို့နယ်ရဲစခန်းမှ အမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် လက်ခံပြီး (ပ) ၁၃၃/၁၅၊ ပုဒ်မ အမူဖွင့်လှစ်ခဲ့သည်။

မြေပုံမြို့နယ် တရားရုံးမှထောင်ချ


မင်းပြားမြို့နယ် တရားရုံးတွင် ၎င်းအမှုကို စစ်ဆေးပါက ဘက်လိုက် ဆုံးဖြတ်မှုများ ရှိနေသဖြင့် တရားရုံးပြောင်းရွှေ့ပေးရန် ဦးလှအောင်ညွှန့် တို့မှ မြောက်ဦးမြို့နယ် ခရိုင်ရုံးသို့ လျှောက်ထားရာ မြေပုံမြို့နယ် တရားရုံးသို့ ပြောင်းလဲ စစ်ဆေးစေခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ၂၈ နေ့တွင် မြေပုံမြို့နယ် တရားသူကြီးမှ ပိုင်နက် ကျူးလွန်မှု၊ ခြိမ်းခြောက်မှု ပုဒ်မများဖြစ်ကြသည့် ၄၅၁ နှင့် ၅၀၆ တို့ဖြင့် ထောင် (၁) နှစ်ချ မှတ်ခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းက သူအတွက် ရွးကောက်ပွဲ အပြီး သုံးလနီးပါး အကြား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထောင်တစ်နှစ်ချ မှတ်လိုက်သည်။

အယူခံဝင်

ယင်းပြစ်ဒဏ် အပေါ် မိသားစုများက မကျေနပ်သဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြောက်ဦးခရိုင် တရားရုံးတွင် အယူခံဝင်ခဲ့ရာ အယူခံကို လက်ခံ ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၂ ရက်နှင့် မတ်လ ၁ ရက်နေ့ တို့တွင် နှစ်ဘက် လျှောက်လဲချက်များကို ကြားနာ စစ်ဆေးခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် အမှုကို တရားရုံးက ဆုံးဖြတ်ခဲ့သည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)