အင်းတော်မြို့နယ်တွင် ဆိုင်ကယ်လမ်းကျော်တက်စဉ် ၁ဝ ဘီးယာဉ်ဖြင့်တိုက်မိ ဆိုင်ကယ်စီးသူနေရာတွင် ပွဲချင်းပြီးသေဆုံး




စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် ဟောင်းတုန်းကျေး ရွာအုပ်စု ဆားမှော်ကျေးရွာအနီး တွင် ယခုလ ၈ရက်နံနက် ၇နာရီခွဲ ခန့်က အရှိန်လွန်မောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးက လမ်း ကျော်တက်စဉ် ဆယ်ဘီးကား နောက်ဘီးဖြင့်ကြိတ်မိရာ နေရာ တွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇နာရီကျော်ခန့်က အင်းတော်မြို့ နယ် နန့်စီးအောင်ရဲကင်းမှူး ရဲအုပ် မင်းဇော်ဦး နယ်မြေလုံခြုံရေးတာဝန် ယူဆောင်ရွက်နေစဉ် ဟောင်းတုန်း ကျေးရွာအုပ်စု ဆားမှော်ကျေးရွာ အနီးတွင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦး ကားကြိတ်သေ ဆုံးကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ မြစ်ကြီးနားဒေသ နန့်စီး အောင်နယ်မြေသစ်ထုတ်ရေးဝန်ထမ်း ယာဉ်မောင်းကျော်ဆန်းက CISU- ZU.CXZ အမျိုးအစား ၁ခ/..... ဆယ်ဘီးယာဉ်အား မောင်းနှင်လာ စဉ် ဆားမော်ကျေးရွာ ဘုန်းတော် ကြီးကျောင်းအနီးတွင် ဆားမှော် ကျေးရွာနေ မောင်ကွယ် (၃၆နှစ်) (ဘ)ဦးဘမောင် စီးနင်းလာသည့် JIAV-UJU နီနက်ကျားဆိုင်ကယ်မှ ကျော်တက်စဉ် လမ်းထောင့်အနီး တောင်ကမ်းပါးယံကို ဝင်တိုက်မိပြီး ကားဘီး၏နောက်ကြားသို့ကျရောက် ခဲ့ရာ ကြိတ်မိပြီးနေရာတွင် ပွဲချင်း ပြီး သေဆုံးခဲ့သဖြင့် ယာဉ်မောင်း နှင်သူကို အရေးယူရန်တိုင်ကြားခဲ့ ကြောင်း သိရသည်။



ဆိုင်ကလုန်း
The Union Daily
http://uniondaily.net

...........................................


 ဆိုင်ကယ်လမ်းကျော်တက်စဉ် ၁ဝ ဘီးယာဉ်ဖြင့်တိုက်မိ ဆိုင်ကယ်စီးသူနေရာတွင် ပွဲချင်းပြီးသေဆုံး

 Wednesday, 09 March 2016

စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် ဟောင်းတုန်းကျေး ရွာအုပ်စု ဆားမှော်ကျေးရွာအနီး တွင် ယခုလ ၈ရက်နံနက် ရနာရီခွဲ ခန့်က အရှိန်လွန်မောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးက လမ်း ကျော်တက်စဉ် ဆယ်ဘီးကား နောက်ဘီးဖြင့်ကြိတ်မိရာ နေရာ တွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ရနာရီကျော်ခန့်က အင်းတော်မြို့ နယ် နန့်စီးအောင်ရဲကင်းမှူး ရဲအုပ် မင်းဇော်ဦး နယ်မြေလုံခြုံရေးတာဝန် ယူဆောင်ရွက်နေစဉ် ဟောင်းတုန်း ကျေးရွာအုပ်စု ဆားမှော်ကျေးရွာ အနီးတွင် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦး ကားကြိတ်သေ ဆုံးကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ မြစ်ကြီးနားဒေသ နန့်စီး အောင်နယ်မြေသစ်ထုတ်ရေးဝန်ထမ်း ယာဉ်မောင်းကျော်ဆန်းက CISU- ZU.CXZ အမျိုးအစား ၁ခ/..... ဆယ်ဘီးယာဉ်အား မောင်းနှင်လာ စဉ် ဆားမော်ကျေးရွာ ဘုန်းတော် ကြီးကျောင်းအနီးတွင် ဆားမှော် ကျေးရွာနေ မောင်ကွယ် (၃၆နှစ်) (ဘ)ဦးဘမောင် စီးနင်းလာသည့် JIAV-UJU နီနက်ကျားဆိုင်ကယ်မှ ကျော်တက်စဉ် လမ်းထောင့်အနီး တောင်ကမ်းပါးယံကို ဝင်တိုက်မိပြီး ကားဘီး၏နောက်ကြားသို့ကျရောက် ခဲ့ရာ ကြိတ်မိပြီးနေရာတွင် ပွဲချင်း ပြီး သေဆုံးခဲ့သဖြင့် ယာဉ်မောင်း နှင်သူကို အရေးယူရန်တိုင်ကြားခဲ့ ကြောင်း သိရသည်။
''ယာဉ်မောင်းသူတွေက လမ်း ကြောင်းမှန်ပေမဲ့ တစ်ခါတစ်ရံမှာ သူတို့ကလည်း တရားခံဖြစ်တတ် ကြပါတယ်။ အခုဟာက ဘယ်သူ့ ကိုမှ အပြစ်မပြောလိုပါဘူး။ ဆိုင် ကယ်မောင်းသူကလည်း လမ်းကျဉ်း ကျဉ်းမှာ လမ်းမတောင်းဘဲ အတင်း ကျော်တက်တာပါ။အရှိန်လွန်ပြီး တော့မှ လမ်းဘေးကကမ်းပါးယံ ကို ဝင်တိုက်မိလို့ ကားနောက်ဘီး ကြားကျသွားပြီး ကြိတ်မိလို့ နေရာ မှာပွဲချင်းပြီးသေဆုံးရတာပါဟု'' မျက်မြင်သက်သေတစ်ဦးက ပြော သည်။

''ကျွန်တော်လည်း အတတ်နိုင် ဆုံးကြိုးစားပြီး ဘရိတ်နင်းခဲ့တာပါ။သူ့ဆိုင်ကယ်က ကားအနောက်က နေကျော်တက်တာပါ။ အနားမှာ တောင်ကမ်းပါးယံကရှိနေတော့ ရုတ်တရက်ကျော်တက်ရာကနေပြီး ကားတစ်စင်းလုံးကိုမကျော်နိုင်ဘဲ လမ်းဘေးကတောင်ကမ်းပါးယံကို ဝင်တိုက်မိလို့ အရှိန်လွန်ပြီးတော့ ကားနောက်ဘီးကြားထဲကို ဝင်သွား ခဲ့တာပါ''ဟု ယာဉ်မောင်းက ပြော သည်။

အဆိုပါယာဉ်မှာ မြစ်ကြီးနား ဒေသ နန့်စီးအောင်သစ်ထုတ်လုပ် ရေးမှ မော်ဟန်ကြိုးဝိုင်း အကွက် အမှတ်(၇၄)တွင် သစ်သယ်ဆောင် ရန်သွားရောက်ခြင်းဖြစ်ကြောင်း၊ ယာဉ်ကိုပေါ့ဆစွာ မောင်းနှင်သူ ဦးကျော်ဆန်း (၅၃နှစ်) (ဘ)ဦးမြိုင် ရပ်ကွက်(၃)မော်လူး အင်းတော်မြို့ နယ်နေသူကို မော်လူးရဲစခန်းက မတရ(ပ)၄/၁၆ ပြစ်မှု ပုဒ်မ ၃ဝ၄ (က)အရ အမှုစစ်ရဲအုပ် မင်းဇော်ဦး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်း
The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)