ခရီးသည္မ်ားထံမွ ပစၥည္းမ်ားလုယက္သူ အငွားယာဥ္ေမာင္းအားေဖာ္ထုတ္ဖမ္းဆီးအေရးယူ

ရန္ကုန္၊ မတ္ ၂
၁၄.၂.၂၀၁၆ ရက္ေန႔ ၀၅၄၅ အခ်ိန္တြင္ဒဂံုၿမိဳ႕သစ္
(ဆိပ္ကမ္း)ၿမိဳ႕နယ္ေနေမာင္သီဟႏိုင္လင္း (ဘ)ဦး----သည္ မႏၲေလးၿမိဳ႕သုိ႔ခရီးသြားရာမွ ရန္ကုန္သုိ႔ျပန္လည္ေရာက္ရွိလာစဥ္ ေအာင္မဂၤလာအေ၀းေျပး၀င္းမွ
အငွားယာဥ္တစ္စီးအားငွားရမ္း၍ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ရွိ
ေနအိမ္သုိ႔ျပန္လာ ခဲ့ရာ ၎အငွားယာဥ္ေပၚတြင္ အမည္မသိအမ်ဳိးသား
တစ္ဦးလည္းပါရွိလာခဲ့ေၾကာင္း၊ သာေကတၿမိဳ႕ နယ္၊ ၁၀/ေျမာက္ရပ္ကြက္၊ ရတနာလမ္း၊ ၁၆ ေပဂံုးတံတားအနီး တုိင္းရင္းသားေက်းရြာ ဘက္သုိ႔
ခ်ဳိးေကြ႕ေမာင္းႏွင္ကာ ေမွာင္ရိပ္က်ေသာေနရာအေရာက္ ယာဥ္အားရပ္တန္႔ကာ သားျဖစ္သူ သီဟႏုိင္လင္းအား
ယာဥ္ေမာင္းျဖစ္သူမွ လည္ပင္းအားသိုင္းဖက္၍ ထုိင္ခံုအားေနာက္သုိ႔လွန္ခ်ၿပီး အမည္မသိအမ်ဳိးသားႏွင့္အတူ မလႈပ္နဲ႔ဟုေျပာဆုိကာ ရင္ဘတ္အားလက္ျဖင့္ဖိထားေၾကာင္း၊ ေက်ာပုိး အိတ္အတြင္းမွ ဆင္းကတ္ပါ
Samsung အမ်ဳိးအစားလက္ကုိင္ဖုန္း(၁)လံုးႏွင့္ i phone 5 S အမ်ဳိးအစား
လက္ကုိင္ဖုန္း(၁)လံုး၊ ေငြစကၠဴေရာရာ(၅၅၀၀၀)က်ပ္တုိ႔အား ယူေဆာင္ၿပီး
ယာဥ္အားေမာင္းႏွင္ထြက္ေျပးသြားခဲ့ၾကေၾကာင္း တုိင္တန္းခ်က္အရ
သာေကတနယ္ေျမ ရဲစခန္း (ပ)၁၂၃/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၈၂/၁၁၄ ျဖင့္
အမႈဖြင့္အေရးယူကာ ျပစ္မႈ က်ဴးလြန္သူအား ဖမ္းဆီးရမိ ေရးစုံစမ္း
ေဆာင္ရြက္ခဲ့ပါသည္။
အလားတူ ၂၁.၂.၂၀၁၆ ရက္ေန႔ ၀၅၀၀ အခ်ိန္ခန္႔တြင္ မႏၲေလးတုိင္း
ေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္ေန ကုိရန္ႏုိင္ေဌးသည္ ဇနီးျဖစ္သူႏွင့္အတူ
မိတၳီလာၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သုိ႔လာေရာက္ခဲ့ရာ ေအာင္မဂၤလာ အေ၀းေျပး၀င္းသုိ႔ေရာက္ရွိစဥ္ လူျမင္မွတ္မိသူ အမ်ဳိးသားတစ္ဦးမွခရီးေဆာင္အိတ္အားဆြဲယူ၍ သြားလုိေသာေနရာသုိ႔ လုိက္ပို႔မည္ျဖစ္ေၾကာင္းေျပာဆုိသျဖင့္ ဒဂံုၿမိဳ႕သစ္(ေတာင္ပုိင္း)ၿမိဳ႕နယ္သုိ႔ပုိ႔ေဆာင္ေပးရန္ ၎၏ Caldina အမ်ဳိးအစား အငွားယာဥ္အားေငြက်ပ္(၆၀၀၀)ျဖင့္ ငွားရမ္းခဲ့ေၾကာင္း၊ အဆုိပါယာဥ္ေပၚတြင္
ခရီးေဆာင္အိတ္သယ္ေဆာင္ေပးသူ အမ်ဳိးသားလည္းလုိက္ပါလာၿပီး
ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၆၇)ရပ္ကြက္၊ ရတနာအိမ္ရာအနီး
အေရာက္၌ ခရီးေဆာင္အိတ္သယ္ ေဆာင္ေပးသူမွ ကုိရန္ႏုိင္ေဌး၏
လည္ပင္းအား ဓားျဖင့္ေထာက္၍ မလႈပ္နဲ႔၊ အသာတၾကည္ေပးဟု
ေျပာဆုိသျဖင့္ ၎တုိ႔မွေၾကာက္လန္႔ကာ ဇနီးျဖစ္သူ၏ ေရႊဆြဲႀကိဳး(၁)ကံုး၊
ေရႊလက္စြပ္(၁)ကြင္း၊ ဆင္းကတ္ပါ HUAWEI အမ်ဳိးအစား လက္ကုိင္ဖုန္း(၁)လံုးႏွင့္ ေရႊေရာင္လက္ကုိင္ ဖုန္း(၁)လံုး၊ ခရီးေဆာင္အိတ္၊
ေက်ာပုိးအိတ္ႏွင့္ ေငြစကၠဴေရာရာ (၂၅၀၀၀)က်ပ္တုိ႔အား လုယူ၍
ယာဥ္အား ေမာင္းႏွင္ထြက္ေျပးသြားခဲ့ၾကေၾကာင္း တုိင္တန္းခ်က္အရ
ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕မရဲစခန္း (ပ)၂၉၀/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၈၂ ျဖင့္
အမႈဖြင့္အေရးယူ ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး
စုံစမ္းေဆာင္ရြက္ခဲ့ပါသည္။
အမႈမ်ားမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္
အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္း ႏွိမ္နင္းေရးဌာနစုမွတပ္ဖြဲ႕၀င္မ်ား၊
သာေကတနယ္ေျမရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားႏွင့္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)
ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားက ပူးေပါင္း၍ စံုစမ္းေဆာင္ရြက္ခဲ့ရာ
၂၈.၂.၂၀၁၆ ရက္ေန႔ ၁၇၀၀ အခ်ိန္ ခန္႔တြင္ ျပစ္မႈက်ဴးလြန္သူ
သာေကတၿမိဳ႕နယ္ေန အငွားယာဥ္ေမာင္းျဖစ္ေသာ ေအာင္ၿဖိဳး၊
(၂၅)ႏွစ္အား ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳသည့္ AA---- Caldina
အမ်ဳိးအစား အငွားယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါသည္။
ဖမ္းဆီးရမိသူ ေအာင္ၿဖိဳးအားစစ္ေဆးရာ ၎သည္ သာေကတၿမိဳ႕နယ္ေန
ကုလားႀကီး(ခ)သန္းတုိး ေအာင္ႏွင့္အတူ အဆုိပါအမႈမ်ားအား
က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ၿပီး အမႈမ်ားမွ
သက္ေသခံပစၥည္း လက္ကုိင္ဖုန္းမ်ားျဖစ္ေသာ Samsung Galaxy S6
Edge အမ်ဳိးအစား လက္ကုိင္ ဖုန္း(၁)လံုး၊ i Phone 5 s အမ်ဳိးအစား
လက္ကုိင္ဖုန္း(၁)လံုး၊ HUAWEI အမ်ဳိးအစားလက္ကုိင္ဖုန္း (၁)လံုး၊
ေရႊေရာင္လက္ကုိင္ဖုန္း(၁)လံုးႏွင့္ ေရႊဆြဲႀကိဳး(၁)ကံုး၊ ေရႊလက္စြပ္(၁)ကြင္း
တုိ႔အား ျပန္လည္ သိမ္းဆည္းႏိုင္ခဲ့ပါသည္။
ယင္းသုိ႔ ေပၚေပါက္ခ်က္အရ ေအာင္ၿဖိဳးအား သက္ဆုိင္ရာ ရဲစခန္းမ်ားတြင္
အမႈမ်ားေရးဖြင့္ကာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္
အမႈမွျပစ္မႈက်ဴးလြန္ရာတြင္ပါ၀င္ၿပီး ထြက္ေျပးတိမ္းေရွာင္ ေနသူ
ကုလားႀကီး(ခ)သန္းတုိးေအာင္အား ဖမ္းဆီးရမိေရးဆက္လက္
စံုစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Credit : Yangon Police
..............
ခရီးသည်များထံမှ ပစ္စည်းများလုယက်သူ အငှားယာဉ်မောင်းအားဖော်ထုတ်ဖမ်းဆီးအရေးယူ

ရန်ကုန်၊ မတ် ၂
၁၄.၂.၂၀၁၆ ရက်နေ့ ၀၅၄၅ အချိန်တွင်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ
မောင်သီဟနိုင်လင်း (ဘ)ဦး----သည် မန္တလေးမြို့သို့ခရီးသွားရာမှ
ရန်ကုန်သို့ပြန်လည်ရောက်ရှိလာစဉ် အောင်မင်္ဂလာအဝေးပြေးဝင်းမှ
အငှားယာဉ်တစ်စီးအားငှားရမ်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ
နေအိမ်သို့ပြန်လာ ခဲ့ရာ ၎င်းအငှားယာဉ်ပေါ်တွင် အမည်မသိအမျိုးသား
တစ်ဦးလည်းပါရှိလာခဲ့ကြောင်း၊ သာကေတမြို့ နယ်၊ ၁၀/မြောက်ရပ်ကွက်၊
ရတနာလမ်း၊ ၁၆ ပေဂုံးတံတားအနီး တိုင်းရင်းသားကျေးရွာ ဘက်သို့
ချိုးကွေ့မောင်းနှင်ကာ မှောင်ရိပ်ကျသောနေရာအရောက် ယာဉ်အား
ရပ်တန့်ကာ သားဖြစ်သူ သီဟနိုင်လင်းအား ယာဉ်မောင်းဖြစ်သူမှ
လည်ပင်းအားသိုင်းဖက်၍ ထိုင်ခုံအားနောက်သို့လှန်ချပြီး အမည်မသိ
အမျိုးသားနှင့်အတူ မလှုပ်နဲ့ဟုပြောဆိုကာ ရင်ဘတ်အား
လက်ဖြင့်ဖိထားကြောင်း၊ ကျောပိုး အိတ်အတွင်းမှ ဆင်းကတ်ပါ
Samsung အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးနှင့် i phone 5 S အမျိုးအစား
လက်ကိုင်ဖုန်း(၁)လုံး၊ ငွေစက္ကူရောရာ(၅၅၀၀၀)ကျပ်တို့အား ယူဆောင်ပြီး
ယာဉ်အားမောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း တိုင်တန်းချက်အရ
သာကေတနယ်မြေ ရဲစခန်း (ပ)၁၂၃/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၈၂/၁၁၄ ဖြင့်
အမှုဖွင့်အရေးယူကာ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိ ရေးစုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။
အလားတူ ၂၁.၂.၂၀၁၆ ရက်နေ့ ၀၅၀၀ အချိန်ခန့်တွင် မန္တလေးတိုင်း
ဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ ကိုရန်နိုင်ဌေးသည် ဇနီးဖြစ်သူနှင့်အတူ
မိတ္ထီလာမြို့မှ ရန်ကုန်မြို့သို့လာရောက်ခဲ့ရာ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ရောက်ရှိစဉ် လူမြင်မှတ်မိသူ အမျိုးသားတစ်ဦးမှခရီးဆောင်အိတ်အားဆွဲယူ၍ သွားလိုသောနေရာသို့ လိုက်ပို့မည်ဖြစ်ကြောင်းပြောဆိုသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ပို့ဆောင်ပေးရန် ၎င်း၏ Caldina အမျိုးအစား အငှားယာဉ်အားငွေကျပ်(၆၀၀၀)ဖြင့် ငှားရမ်းခဲ့ကြောင်း၊ အဆိုပါယာဉ်ပေါ်တွင်
ခရီးဆောင်အိတ်သယ်ဆောင်ပေးသူ အမျိုးသားလည်းလိုက်ပါလာပြီး
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာအိမ်ရာအနီး
အရောက်၌ ခရီးဆောင်အိတ်သယ် ဆောင်ပေးသူမှ ကိုရန်နိုင်ဌေး၏
လည်ပင်းအား ဓားဖြင့်ထောက်၍ မလှုပ်နဲ့၊ အသာတကြည်ပေးဟု
ပြောဆိုသဖြင့် ၎င်းတို့မှကြောက်လန့်ကာ ဇနီးဖြစ်သူ၏ ရွှေဆွဲကြိုး(၁)ကုံး၊
ရွှေလက်စွပ်(၁)ကွင်း၊ ဆင်းကတ်ပါ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ရွှေရောင်လက်ကိုင် ဖုန်း(၁)လုံး၊ ခရီးဆောင်အိတ်၊
ကျောပိုးအိတ်နှင့် ငွေစက္ကူရောရာ (၂၅၀၀၀)ကျပ်တို့အား လုယူ၍
ယာဉ်အား မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း တိုင်တန်းချက်အရ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၂၉၀/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့်
အမှုဖွင့်အရေးယူ ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုများမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊
သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ
၂၈.၂.၂၀၁၆ ရက်နေ့ ၁၇၀၀ အချိန် ခန့်တွင် ပြစ်မှုကျူးလွန်သူ
သာကေတမြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သော အောင်ဖြိုး၊
(၂၅)နှစ်အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် AA---- Caldina
အမျိုးအစား အငှားယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ အောင်ဖြိုးအားစစ်ဆေးရာ ၎င်းသည် သာကေတမြို့နယ်နေ
ကုလားကြီး(ခ)သန်းတိုး အောင်နှင့်အတူ အဆိုပါအမှုများအား
ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အမှုများမှ
သက်သေခံပစ္စည်း လက်ကိုင်ဖုန်းများဖြစ်သော Samsung Galaxy S6
Edge အမျိုးအစား လက်ကိုင် ဖုန်း(၁)လုံး၊ i Phone 5 s အမျိုးအစား
လက်ကိုင်ဖုန်း(၁)လုံး၊ HUAWEI အမျိုးအစားလက်ကိုင်ဖုန်း (၁)လုံး၊
ရွှေရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့် ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်စွပ်(၁)ကွင်း
တို့အား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။
ယင်းသို့ ပေါ်ပေါက်ချက်အရ အောင်ဖြိုးအား သက်ဆိုင်ရာ ရဲစခန်းများတွင်
အမှုများရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့်
အမှုမှပြစ်မှုကျူးလွန်ရာတွင်ပါ၀င်ပြီး ထွက်ပြေးတိမ်းရှောင် နေသူ
ကုလားကြီး(ခ)သန်းတိုးအောင်အား ဖမ်းဆီးရမိရေးဆက်လက်
စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Credit : Yangon Police
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)