ကဗ်ာ၀ေက်းရြာတြင္ အသက္(၄)ႏွစ္အရြယ္ ကေလးငယ္အား မုဒိမ္းျပဳက်င့္မႈျဖစ္ပြား



ေရး ၊ မတ္ ၂၃

ေရးၿမိဳ႕နယ္၊ ေခါဇာၿမိဳ႕၊ ကဗ်ာ၀ေက်းရြာတြင္ အသက္ ၁၅ ႏွစ္အရြယ္ လူငယ္ေလးတစ္ဦးက အသက္(၄)ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးကို သားမယားအျဖစ္ ျပဳက်င့္ခဲ့မႈ ျဖစ္ပြားခဲ့သည္ဟု ရဲမွတ္တမ္းမ်ားအရ သိရသည္။

မတ္လ ၂၂ ရက္ေန႔၊ ည ၇ နာရီခန္႔အခ်ိန္ ကဗ်ာ၀ေက်းရြာ၊ ပင္လယ္ကမ္းစပ္ေနရာအနီး မ ---- အသက္(၄)ႏွစ္ဆိုသူသည္ ေနအိမ္ေရွ႕ ကစားေနစဥ္ အိမ္နီးခ်င္းျဖစ္သူ ေမာင္ဖုိးေဆး(၁၅)ႏွစ္ဆိုသူက
ပင္လယ္ကမ္းစပ္သုိ႔ ကစားရန္ေခၚေဆာင္သြားၿပီး မ ---- အသက္(၄)ႏွစ္ ဆုိသူအား သားမယားအျဖစ္ျပဳက်င့္ခဲ့ၿပီး ထိုသုိ႔ျပဳက်င့္မႈေၾကာင့္ မိန္းမအဂၤါကြဲ၊ ေသြးထြက္ဒဏ္ရာရရွိၿပီး ငုိ၍အိမ္ျပန္လာရာ ၄င္း၏ မိခင္ျဖစ္သူမွာ ႏွလံုးမေကာင္းပဲ ေမ့သြားခဲ့ၿပီး အဖြားျဖစ္သူက ကဗ်ာ၀ေက်းရာမွ ေခါဇာၿမိဳ႕ရဲစခန္းသုိ႔ လာေရာက္တိုင္တန္း ခဲ့သည္ဟု သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေခၚဇာရဲစခန္းက (ပ)၇/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၇၆ အရ အမႈဖြင့္ထားၿပီး တရားခံျဖစ္သူအား ေရးၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းထားရွိသည္ဟု သိရသည္။

ေခါဇာရဲစခန္းတာ၀န္ရွိသူမ်ားက တရားလိုအား စစ္ေဆးျခင္း၊ သက္ေသခံပစၥည္းမ်ားအားသိမ္းဆည္းျခင္း၊
သက္ေသမ်ားႏွင့္ အခင္းျဖစ္ရပ္မ်ား စစ္ေဆးျခင္း၊ ေဆးစာေပးပို႔ျခင္း၊ ေျမပံုၾကမ္းေရးဆြဲျခင္းတုိ႔ျပဳလုပ္ၿပီး
ေဆးစာရရွိပါက အျမန္ဆံုး တရားစြဲဆို တင္ပို႔ႏုိင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေနသည္ဟု သိရသည္။

သတင္း - ရဲႏိုင္ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9
.............


ရေး ၊ မတ် ၂၃

ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးက အသက်(၄)နှစ် အရွယ် မိန်းကလေးတစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

မတ်လ ၂၂ ရက်နေ့၊ ည ရ နာရီခန့်အချိန် ကဗျာဝကျေးရွာ၊ ပင်လယ်ကမ်းစပ်နေရာအနီး မ ---- အသက်(၄)နှစ်ဆိုသူသည် နေအိမ်ရှေ့ ကစားနေစဉ် အိမ်နီးချင်းဖြစ်သူ မောင်ဖိုးဆေး(၁၅)နှစ်ဆိုသူက
ပင်လယ်ကမ်းစပ်သို့ ကစားရန်ခေါ်ဆောင်သွားပြီး မ ---- အသက်(၄)နှစ် ဆိုသူအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ထိုသို့ပြုကျင့်မှုကြောင့် မိန်းမအင်္ဂါကွဲ၊ သွေးထွက်ဒဏ်ရာရရှိပြီး ငို၍အိမ်ပြန်လာရာ ၄င်း၏ မိခင်ဖြစ်သူမှာ နှလုံးမကောင်းပဲ မေ့သွားခဲ့ပြီး အဖွားဖြစ်သူက ကဗျာဝကျေးရာမှ ခေါဇာမြို့ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခေါ်ဇာရဲစခန်းက (ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားပြီး တရားခံဖြစ်သူအား ရေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

ခေါဇာရဲစခန်းတာဝန်ရှိသူများက တရားလိုအား စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းများအားသိမ်းဆည်းခြင်း၊
သက်သေများနှင့် အခင်းဖြစ်ရပ်များ စစ်ဆေးခြင်း၊ ဆေးစာပေးပို့ခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်းတို့ပြုလုပ်ပြီး
ဆေးစာရရှိပါက အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေသည်ဟု သိရသည်။

သတင်း - ရဲနိုင်ဦး
Than Lwin Times
https://www.facebook.com/thanlwintimes9
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)