စစ္ေတြတြင္ ေပါက္ကြဲမႈမွာ ထရန္စေဖာ္မာမဟုတ္ဘဲ ဗံုးကြဲမႈဟုဆို


စစ္ေတြ၊ မတ္ ၁၁

ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ ယမန္ေန႔ညက ဗံုးေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့သည္။

အဆုိပါျဖစ္စဥ္မွာ စစ္ေတြၿမိဳ႕ ဓညဝတီရပ္ကြက္ရွိ ေနအိမ္တစ္ခုတြင္ မတ္လ ၁ဝ ရက္ေန႔ ည ၁၁ နာရီ ခြဲဲခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း စစ္ေတြခရုိင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးဝင္းေနာင္က နိရဥၥရာသုိ႔ မတ္လ ၁၁ ရက္ေန႔ နံနက္ပုိင္းက အတည္ျပဳေျပာသည္။

“ျဖစ္စဥ္ျဖစ္တဲ့အခ်ိန္မွာ အိမ္သားေတြက ခရီးသြားေနၾကလို႔ အိမ္မွာ တစ္ေယာက္မွ မရွိၾကဘူး။ ဗံုးေတာ့ ဗံုးပါပဲ။ ဒါေပမယ့္ မုိင္းကၽြမ္းက်င္သူေတြရဲ႕အဆုိအရ အသံျမည္တဲ့ဗံုးအမ်ဳိးအစားျဖစ္ပါတယ္”ဟု ယင္းက ဆုိသည္။
(ဓာတ္ပံုမ်ား - အခင္းျဖစ္ပြားရာေနအိမ္ႏွင့္ အခင္းျဖစ္ပြားရာသို႔ စံုစမ္းစစ္ေဆးရန္ေရာက္ရွိေနသည့္ တာဝန္ရွိသူမ်ားကုိေတြ႕ရစဥ္။ Photo by - San Myat Shwe)
ယခုျဖစ္စဥ္ကုိ အေသးစိတ္စံုစမ္းစစ္ေဆးေနေသာ္လည္း မတ္လ ၁၁ ရက္ေန႔ မြန္းလြဲပုိင္းအထိ ထူးျခားမႈ တစ္စံုတစ္ရာ မရွိေသးဟု သူက ဆက္လက္ေျပာဆုိသည္။

ယခုျဖစ္စဥ္မွာ တကၠသုိလ္ဝင္တန္းစာေမးပြဲေျဖဆုိေနသည့္ကာလတြင္ ရခိုင္ျပည္နယ္ပညာေရးမွဴး ရုံးအနီးျဖစ္ပြားခဲ့ျခင္းျဖစ္သည့္ အတြက္လည္း ၿမိဳ႕လူထုဆူပူမႈျဖစ္ပြားေစရန္ တမင္ႀကံရြယ္ ဖန္တီးျခင္ းျဖစ္ႏုိင္သည္ဟု ၿမိဳ႕ခံမ်ားက သံုးသပ္ေနၾကသည္။

“အိပ္မယ္လုပ္ေတာ့ အုန္း ဆိုၿပီး ေပါက္သံၾကားေတာ့ ေတာ္ေတာ္ လန္႔သြားတာပဲ။ တစ္ခါမွ ဒီလုိ အသံအက်ယ္ႀကီးမ်ဳိး မၾကားဖူးဘူး”ဟု အခင္းျဖစ္ပြားရာသို႔ ကုိယ္တုိင္သြားေရာက္ခဲ့သူ ၿမိဳ႕ခံ ကုိေနလင္းက နိရဥၥရာကို ေျပာသည္။

ယခုျဖစ္စဥ္ကုိ အေသးစိတ္စံုစမ္းစစ္ေဆးေနၿပီး ေဖာ္ထုတ္ သြားမည္ ျဖစ္ေၾကာင္း၊ ျပည္သူမ်ား စုိးရိမ္ေၾကာင့္ၾကမႈ မျဖစ္ၾကေစ လုိေၾကာင္း စစ္ေတြခရုိင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးဝင္းေနာင္က ေျပာသည္။

မာန္ယုေက်ာ္ (ေရႊဝေျမ)
Arakan State
https://www.facebook.com/NarinjaraNews/

.............................................


စစ်တွေ၊ မတ် ၁၁

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီ ခွဲဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က နိရဥ္စရာသို့ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အတည်ပြုပြောသည်။

“ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ အိမ်သားတွေက ခရီးသွားနေကြလို့ အိမ်မှာ တစ်ယောက်မှ မရှိကြဘူး။ ဗုံးတော့ ဗုံးပါပဲ။ ဒါပေမယ့် မိုင်းကျွမ်းကျင်သူတွေရဲ့အဆိုအရ အသံမြည်တဲ့ဗုံးအမျိုးအစားဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

(ဓာတ်ပုံများ - အခင်းဖြစ်ပွားရာနေအိမ်နှင့် အခင်းဖြစ်ပွားရာသို့ စုံစမ်းစစ်ဆေးရန်ရောက်ရှိနေသည့် တာဝန်ရှိသူများကိုတွေ့ရစဉ်။ Photo by - San Myat Shwe)
ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေသော်လည်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအထိ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဟု သူက ဆက်လက်ပြောဆိုသည်။

ယခုဖြစ်စဉ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့်ကာလတွင် ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးအနီးဖြစ်ပွားခဲ့ခြင်းဖြစ်သည့် အတွက်လည်း မြို့လူထုဆူပူမှုဖြစ်ပွားစေရန် တမင်ကြံရွယ် ဖန်တီးခြင် းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်နေကြသည်။

“အိပ်မယ်လုပ်တော့ အုန်း ဆိုပြီး ပေါက်သံကြားတော့ တော်တော် လန့်သွားတာပဲ။ တစ်ခါမှ ဒီလို အသံအကျယ်ကြီးမျိုး မကြားဖူးဘူး”ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ မြို့ခံ ကိုနေလင်းက နိရဥ္စရာကို ပြောသည်။

ယခုဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြစေ လိုကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)