ကုိယ္၀န္ေဆာင္သည္ဟုယူဆရေသာ အမ်ဳိးသမီးအားခြဲစိတ္ရာမွ ၂၃ ေပါင္ခန္႔ရွိ အသားလုံးေတြ႔


ေနျပည္ေတာ္ မတ္ ၅

ေအာင္ပန္းၿမိဳ႕ အမွတ္(၂) တပ္မေတာ္ေဆး႐ုံ ခုတင္ ၇ဝဝ တြင္ မတ္ ၃ ရက္က ၄၂ ႏွစ္ အရြယ္ ကိုယ္ဝန္ေန႔ေစ့လေစ့ဟု ထင္ရေသာ အမ်ိဳးသမီးလူနာတစ္ဦးအား ခြဲစိတ္ဆရာဝန္မ်ား၊ ေရာဂါေဗဒပါရဂူမ်ား၊ ေမ့ေဆးဆရာဝန္မ်ား၊ ဓာတ္မွန္ပါရဂူမ်ား၊ သမားေတာ္ႀကီးမ်ားအဖြဲ႕က ဝိုင္းဝန္းကူညီမႈျဖင့္ သားဖြားမီးယပ္ဆရာဝန္ႀကီးမ်ား၏ ႀကိဳးပမ္းမႈေၾကာင့္ ေအာင္ျမင္စြာ ခြဲစိတ္ ႏိုင္ခဲ့သည္။

အဆိုပါ အမ်ိဳးသမီးလူနာအား ခြဲစိတ္ကုသရာ ကိုယ္ဝန္ေဆာင္ထားျခင္းမဟုတ္ဘဲ သားအိမ္ အတြင္း၌ တျဖည္းျဖည္းႀကီးထြားလာေသာ အသားလုံးႀကီးသာျဖစ္ၿပီး အဆိုပါအသားလုံးႀကီးမွာ ၂၃ ေပါင္ ရွိသည္။
ယခုအခါ အဆိုပါအသားလုံးႀကီးအား ေရာဂါရွာေဖြဓာတ္ခြဲ စမ္းသပ္ရန္ ေရာဂါေဗဒဌာနသို႔ ေပးပို႔ထားေၾကာင္း သိရသည္။ အဆိုပါခြဲစိတ္မႈႏွင့္ ပတ္သက္၍ ေအာင္ပန္းၿမိဳ႕ အမွတ္(၂) တပ္မေတာ္ေဆး႐ုံ ခုတင္ (၇ဝဝ)မွ မီးယပ္ႏွင့္ သားဖြားပါရဂူ ဗိုလ္မွဴးတင္ထြန္းဦးအား ျမန္မာ့ သတင္းစဥ္အဖြဲ႕က ဆက္သြယ္ေမးျမန္းခဲ့သည္။

ဗိုလ္မွဴးတင္ထြန္းဦးက ေျပာၾကားရာတြင္ ''လြန္ခဲ့သည့္ ေဖေဖာ္ဝါရီလေနာက္ဆုံးပတ္က ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေအာင္ပန္းၿမိဳ႕ အမွတ္(၂) တပ္မေတာ္ေဆး႐ုံ ခုတင္ (၇ဝဝ) သို႔ ၄၂ ႏွစ္အရြယ္ အမ်ိဳးသမီးလူနာတစ္ဦး ေဆးလႊဲစာျဖင့္ ေရာက္လာေၾကာင္း၊ အဆိုပါအမ်ိဳးသမီးလူနာမွာ ေမြးဖြားခါနီး ေန႔ေစ့လေစ့ထင္ရေလာက္ေအာင္ ဝမ္းဗိုက္ပူေနေၾကာင္း၊ အဆိုပါ အမ်ိဳးသမီးလူနာ၏ ေရာဂါရာဇဝင္ႏွင့္ ေဆးမွတ္တမ္းမ်ားကို စစ္ေဆးၾကည့္႐ႈခဲ့ေၾကာင္း၊ လူနာအမ်ိဳးသမီးမွာ ယေန႔အထိ ကေလးရဖူးျခင္းမရွိေၾကာင္း။


အဆိုပါ ေဆး႐ုံေျပာင္းႏွင့္ေရာက္လာေသာ လူနာအမ်ိဳးသမီးအား အမွတ္(၂) တပ္မေတာ္ ေဆး႐ုံ ခုတင္ (၇ဝဝ) ေအာင္ပန္းမွ ထပ္မံစစ္ေဆးခဲ့ရာ ယခင္ေတြ႕ဖူးခဲ့သည့္ Fibroid Uterus (multiple) ကဲ့သို႔ မတူတာေတြ႕ရေၾကာင္း၊ ဝမ္းဗိုက္တစ္ျပင္လုံးျပည့္ေနသည့္ အလုံးႀကီးသာ ျဖစ္ေနေၾကာင္း၊ အဆိုပါအလုံးႀကီးမွာ မီးယပ္ပိုင္းဆိုင္ရာ သားအိမ္ႏွင့္ သားဥအိမ္ကျဖစ္သလား၊ ဝမ္းဗိုက္အတြင္းမွ ျဖစ္သလားဆိုသည္ကို ခြဲစိတ္ဆရာဝန္ႏွင့္ ျပသတိုင္ပင္၍ Ultrasound,CT Scan တို႔ႏွင့္ အေျဖရွာခဲ့ေသာ္လည္း အဆိုပါအလုံးမွာ သားအိမ္အတြင္းျဖစ္ရာမွ တျဖည္းျဖည္း ႀကီးလာေသာ အသားလုံးဟုယူဆရေၾကာင္း'' တပ္မေတာ္ေဆး႐ုံ ခုတင္ (၇ဝဝ)မွ ဗိုလ္မွဴး တင္ထြန္းဦးက ေျပာသည္။

အဆိုပါအသားလုံးႀကီးမွာ ၂၃ ေပါင္ရွိၿပီး မည္သည့္အတြက္ေၾကာင့္ ယခုကဲ့သို႔ျဖစ္သည္ကို ေရာဂါအတိအက်သိရွိရန္ ေရာဂါေဗဒဌာနသို႔ ပို႔ေဆာင္ထားၿပီျဖစ္ၿပီး ခြဲစိတ္ခံလူနာအမ်ိဳးသမီးမွာ ယခုအခါ တပ္မေတာ္ေဆး႐ုံမွ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးထားလ်က္ရွိၿပီး လူနာရွင္ အမ်ိဳးသမီးမွာ က်န္းမာလ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ တပ္မေတာ္ေဆးတပ္ရင္းမ်ားအေနျဖင့္ ျပည္သူမ်ားအား နယ္လွည့္ေဆးကုသမႈမ်ား ေဆာင္ရြက္ေပးသကဲ့သို႔ ျပည္သူမ်ား၏ အေရးႀကီးေရာဂါေဝဒနာမ်ားကိုလည္း တပ္မေတာ္ေဆး႐ုံ မ်ားတြင္ ေဆးကုသေပးလ်က္ရွိေၾကာင္း သိရသည္။

(သတင္းစဥ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.................


နေပြည်တော် မတ် ၅

အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် ရဝဝ တွင် မတ် ၃ ရက်က ၄၂ နှစ် အရွယ် ကိုယ်ဝန်နေ့စေ့လစေ့ဟု ထင်ရသော အမျိုးသမီးလူနာတစ်ဦးအား ခွဲစိတ်ဆရာဝန်များ၊ ရောဂါဗေဒပါရဂူများ၊ မေ့ဆေးဆရာဝန်များ၊ ဓာတ်မှန်ပါရဂူများ၊ သမားတော်ကြီးများအဖွဲ့က ဝိုင်းဝန်းကူညီမှုဖြင့် သားဖွားမီးယပ်ဆရာဝန်ကြီးများ၏ ကြိုးပမ်းမှုကြောင့် အောင်မြင်စွာ ခွဲစိတ် နိုင်ခဲ့သည်။

အဆိုပါ အမျိုးသမီးလူနာအား ခွဲစိတ်ကုသရာ ကိုယ်ဝန်ဆောင်ထားခြင်းမဟုတ်ဘဲ သားအိမ် အတွင်း၌ တဖြည်းဖြည်းကြီးထွားလာသော အသားလုံးကြီးသာဖြစ်ပြီး အဆိုပါအသားလုံးကြီးမှာ ၂၃ ပေါင် ရှိသည်။
ယခုအခါ အဆိုပါအသားလုံးကြီးအား ရောဂါရှာဖွေဓာတ်ခွဲ စမ်းသပ်ရန် ရောဂါဗေဒဌာနသို့ ပေးပို့ထားကြောင်း သိရသည်။ အဆိုပါခွဲစိတ်မှုနှင့် ပတ်သက်၍ အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၇ဝဝ)မှ မီးယပ်နှင့် သားဖွားပါရဂူ ဗိုလ်မှူးတင်ထွန်းဦးအား မြန်မာ့ သတင်းစဉ်အဖွဲ့က ဆက်သွယ်မေးမြန်းခဲ့သည်။

ဗိုလ်မှူးတင်ထွန်းဦးက ပြောကြားရာတွင် ''လွန်ခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးပတ်က ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ပြည်သူ့ဆေးရုံမှ အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၇ဝဝ) သို့ ၄၂ နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦး ဆေးလွှဲစာဖြင့် ရောက်လာကြောင်း၊ အဆိုပါအမျိုးသမီးလူနာမှာ မွေးဖွားခါနီး နေ့စေ့လစေ့ထင်ရလောက်အောင် ဝမ်းဗိုက်ပူနေကြောင်း၊ အဆိုပါ အမျိုးသမီးလူနာ၏ ရောဂါရာဇဝင်နှင့် ဆေးမှတ်တမ်းများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း၊ လူနာအမျိုးသမီးမှာ ယနေ့အထိ ကလေးရဖူးခြင်းမရှိကြောင်း။

အဆိုပါ ဆေးရုံပြောင်းနှင့်ရောက်လာသော လူနာအမျိုးသမီးအား အမှတ်(၂) တပ်မတော် ဆေးရုံ ခုတင် (၇ဝဝ) အောင်ပန်းမှ ထပ်မံစစ်ဆေးခဲ့ရာ ယခင်တွေ့ဖူးခဲ့သည့် Fibroid Uterus (multiple) ကဲ့သို့ မတူတာတွေ့ရကြောင်း၊ ဝမ်းဗိုက်တစ်ပြင်လုံးပြည့်နေသည့် အလုံးကြီးသာ ဖြစ်နေကြောင်း၊ အဆိုပါအလုံးကြီးမှာ မီးယပ်ပိုင်းဆိုင်ရာ သားအိမ်နှင့် သားဥအိမ်ကဖြစ်သလား၊ ဝမ်းဗိုက်အတွင်းမှ ဖြစ်သလားဆိုသည်ကို ခွဲစိတ်ဆရာဝန်နှင့် ပြသတိုင်ပင်၍ Ultrasound,CT Scan တို့နှင့် အဖြေရှာခဲ့သော်လည်း အဆိုပါအလုံးမှာ သားအိမ်အတွင်းဖြစ်ရာမှ တဖြည်းဖြည်း ကြီးလာသော အသားလုံးဟုယူဆရကြောင်း'' တပ်မတော်ဆေးရုံ ခုတင် (၇ဝဝ)မှ ဗိုလ်မှူး တင်ထွန်းဦးက ပြောသည်။

အဆိုပါအသားလုံးကြီးမှာ ၂၃ ပေါင်ရှိပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ဖြစ်သည်ကို ရောဂါအတိအကျသိရှိရန် ရောဂါဗေဒဌာနသို့ ပို့ဆောင်ထားပြီဖြစ်ပြီး ခွဲစိတ်ခံလူနာအမျိုးသမီးမှာ ယခုအခါ တပ်မတော်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားလျက်ရှိပြီး လူနာရှင် အမျိုးသမီးမှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တပ်မတော်ဆေးတပ်ရင်းများအနေဖြင့် ပြည်သူများအား နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူများ၏ အရေးကြီးရောဂါဝေဒနာများကိုလည်း တပ်မတော်ဆေးရုံ များတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)