ရခိုင္အမ်ိဳးသားပါတီတြင္း သေဘာထားကြဲလြဲ (ရခိုင်အမျိုးသားပါတီတွင်း သဘောထားကွဲလွဲ )

သတင္းစာရွင္းလငး္ပြဲတြင္ ေတြ႔ရသည့္ ရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (ALD) ေခါငး္ေဆာင္မ်ား။ မတ္ ၆၊ ၂၀၁၆။(ခရက္ဒစ္ - Rakhine Daily News)
ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကို ဦးေဆာင္ခြင့္ မရရင္ အတုိက္အခံအျဖစ္ ရပ္တည္မယ္ဆိုတာနဲ႔ တိုင္းရင္းသားပါတီေတြ စုဖြဲ႔ထားတဲ့ ညီညြတ္ေသာတုိင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္အဖြဲ႔ UNA နဲ႔ မဟာမိတ္ဆက္ဆံေရးရပ္ဆိုင္းမယ္ဆိုတဲ့ ANP ရခုိင္အမ်ိဳးသားပါတီရဲ႕ ထုတ္ျပန္ခ်က္ေတြကို သေဘာမတူ လက္မခံေၾကာင္း ရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD ဘက္က ဒီကေန႔ ကန္႔ကြက္ေျပာဆိုလုိက္ပါတယ္။ ရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD နဲ႔ ရခိုင္တုိင္းရင္းသားမ်ားတိုးတက္ေရးပါတီ RNDP တို႔ ပူးေပါင္းထားတဲ့ ANP ရခုိင္အမ်ိဳးသားပါတီရဲ႕ ထုတ္ျပန္ခ်က္ကို ALD ဘက္က အခုလိုတုန္႔ျပန္လိုက္တာပါ။ ဒီကေန႔ သတင္းစာရွင္းလင္းပြဲအၿပီး ALD ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ သေဘာထားနဲ႔ပတ္သက္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္ လည္းျဖစ္ ALD ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕အတြင္းေရးမွဴး လည္းျဖစ္သူ ဦးမ်ိဳးေက်ာ္ကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလို ရွင္းျပပါတယ္။

ဦးမ်ိဳးေက်ာ္။ ။ အဓိက သေဘာမတူတဲ့အခ်က္လို႔ေျပာမယ္ဆိုရင္ ရခုိင္အမ်ိဳးသားပါတီရဲ႕ ထုတ္ျပန္ထားတဲ့ ၁/၂၀၁၆ မူလကတည္းကေနၿပီးေတာ့ ဒီ CEC ရဲ႕သေဘာတူညီခ်က္ မဟုတ္ပါဘူးခင္ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ CEC မွာ ထုတ္ျပန္ခ်က္တခုခု ထုတ္ျပန္မယ္ဆိုရင္ က်ေနာ္တို႔ CEC ကေနၿပီးေတာ့ က်ေနာ္တို႔ပါတီဖြဲ႔စည္းပံုအရေပါ့ေနာ္ တ၀က္ေက်ာ္တက္တဲ့ အစည္းအေ၀းကမွသာ ။ အဲဒီ ၁/၂၀၁၆ က်ေနၿပီးေတာ့ CEC ၇ ေယာက္နဲ႔ဘဲ ဆံုးျဖတ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က တရားမ၀င္ပါဘူးဆိုတာလည္း ရွင္းျပခ်င္ပါတယ္။ အဲဒါကတခ်က္ ။ ေနာက္တခ်က္ကလည္း ဘာလည္းဆိုေတာ့ အဲဒီမွာေနၿပီးေတာင္းဆိုထားတဲ့ဟာေပါ့ဗ်ာ ေတာင္းဆိုထားတဲ့ဟာကေနၿပီးေတာ့ ျပည္နယ္မွာ လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒ေနရာကို က်ေနာ္တို႔ ANP ကေနယူမယ္။ ဒါက က်ေနာ္တို႔လက္ခံပါတယ္ က်ေနာ္တို႔ အမ်ားစု ႏိုင္တာပါ။

ေနာက္တခ်က္ကလည္း လႊတ္ေတာ္ ျပည္နယ္မွာ ၀န္ႀကီးခ်ဳပ္ယူမယ္၊ ၀န္ႀကီးခ်ဳပ္မရရင္ က်ေနာ္တို႔က အတိုက္အခံ နဲ႔ ေနသြားမယ္ မည္သည့္ အစိုးရအဖြဲ႔မွာလည္း ပူးေပါင္းပါ၀င္မႈမရွိဘူးဆိုတာ ဒီကိစၥက အရမ္းအေရးႀကီးပါတယ္။ အဲဒီဟာက ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ႏိုင္ငံရဲ႕ ႏိုင္ငံေရးျဖစ္စဥ္အရေပါ့ေနာ္ ၂၀၁၀ ကေနၿပီးေတာ့ က်ေနာ္တို႔ ႏိုင္ငံဟာ ဒီမိုကရက္တစ္အုပ္စု၊ ဒီမိုကေရစီ ႏိုင္ငံ အျဖစ္ကို ေျပာင္းလဲလာတယ္ ဆိုေပမယ့္ ႏိုင္ငံေရးအ၀န္းအ၀ိုင္းမွာေပါ့ဗ်ာ ၂၀၁၀ ကေန ၂၀၁၅ အထိကေတာ့ စစ္အစိုးရ အသြင္ေျပာင္းတာပဲ ျဖစ္ပါတယ္။ ဒီကေန႔အခ်ိန္မွာကေနၿပီးေတာ့ ဒီမိုကရက္တစ္အုပ္စု ကေနၿပီးေတာ့ ေတာင္ၿပိဳကမ္းၿပိဳ ႏိုင္ၿပီးေတာ့ အစိုးရဖြဲ႔ရမယ့္ အေနအထားပါ။ သို႔ေသာ္လည္း အခုအခ်ိန္အထိကေတာ့ လႊတ္ေတာ္ေတာ့ ေပၚေနပါၿပီ။ သို႔ေသာ္ အစိုးရအဖြဲ႔ အက်ပ္အတည္းျဖစ္ေအာင္ေနၿပီးေတာ့ ဒီ statement ထုတ္လာတာဟာ က်ေနာ္တို႔အေနနဲ႔ စိုးရိမ္ပါတယ္။ အထိခိုက္မခံနုိင္ပါဘူး။ ထိခိုက္ပြတ္တိုက္မႈေတြ က်ေနာ္တို႔ျဖစ္မွာကို စိုးရိမ္ပါတယ္။ ဒီအတြက္လည္း က်ေနာ္တို႔အေနနဲ႔ ဒီ statement ကို ျပန္ၿပီးေတာ့ တုန္႔ျပန္ရျခင္းျဖစ္ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ပါ ဆရာ။ ဒီ ANP ပါတီ ရခိုင္အမ်ိဳးသားပါတီက ပါတီႏွစ္ပါတီပူးေပါင္းထားတဲ့ ပါတီျဖစ္ေလေတာ့ အခုဆံုးျဖတ္ခ်က္ကို သေဘာမတူဘူးဆိုတာက ရခုိင္တိုင္းရင္းသားမ်ား တုိးတက္ေရးပါတီဘက္က သေဘာမတူတာပါလား။ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္က သေဘာမတူတာပါလား။

ဦးမ်ိဳးေက်ာ္။ ။က်ေနာ္တို႔အခု ထုတ္ျပန္လိုက္တဲ့ဟာက ရခိုင္အမ်ိဳးသားပါတီ ANPဘက္အေနနဲ႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ထုတ္ျပန္ခ်က္ျဖစ္တဲ့ ၁/၂၀၁၆ နဲ႔ ၂/၂၀၁၆ ကို သေဘာမတူတဲ့ဟာကို ထုတ္ျပန္ရျခင္းျဖစ္ပါတယ္။ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္က သေဘာမတူတာပါ။

မဆုမြန္။ ။ ဟုတ္ကဲ့ပါ ဆရာ။ ဟုတ္ကဲ့။ အဲ့ေတာ့ ဒီလိုရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဘက္က သေဘာမတူဘူးဆိုတဲ့အခ်က္ေတြကို ဆရာတို႔ ႏွစ္ပါတီ ပူးေပါင္းထားတဲ့ ပါတီတြင္းမွာ အေၾကအလည္ေဆြးေႏြးခဲ့ၿပီးပါၿပီလား။ ပါတီဥကၠ႒နဲ႔ အတြင္းေရးမွဴး ေပါ့ေနာ္။ အခုထုတ္ျပန္တဲ့ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဘက္က ဘယ္ေလာက္အထိမ်ား ဆရာတို႔ကို ေက်ေက်လည္လည္ေပါ့ေနာ္ ျပန္လည္ေဆြးေႏြးတဲ့ ရွင္းလင္းခ်က္ေတြ ဘယ္ေလာက္အထိမ်ား ရခဲ့ပါသလဲ။

ဦးမ်ိဳးေက်ာ္။ ။ က်ေနာ္တို႔အေနနဲ႔ တဖြဲ႔တည္းသြားလို႔ အားမျဖစ္ဘူးဗ်ာ။ ႏွစ္ဖြဲ႔ေပါင္းလိုက္ရင္ေတာ့ က်ေနာ္တို႔ဟာ ၁ ကေန ၂၊၃ ၊၄ ထိ က်ေနာ္တို႔ အဲဒီလို အင္အားျဖစ္လာႏိုင္တယ္ဆိုတာလည္း က်ေနာ္တို႔ ယံုၾကည္ပါတယ္။ အဖက္ဖက္မွာလည္း က်ေနာ္တို႔ေနၿပီးေတာ့ ALD အေနနဲ႔လည္း က်ေနာ္တို႔မွာလည္း အားနည္းခ်က္ရွိတယ္။ဟိုဘက္ RNDP အေနနဲ႔ မွာလည္း အားနည္းခ်က္ရွိတယ္။ သို႔ေသာ္ ၂ ဖြဲ႔ေပါင္းလိုက္ရင္ က်ေနာ္တို႔ အားတရပ္ျဖစ္လာမယ္။ ရခိုင္ျပည္သူေတြလည္း လိုလားတယ္။ ရဟန္းသံဃာ ေတြလည္းလိုလားတယ္။ ဒါေၾကာင့္က်ေနာ္တို႔ ေပါင္းစည္းျခင္းျဖစ္တယ္။ အဲလိုေပါင္းစည္းတဲ့အခါမွာ တကယ္လို႔ က်ေနာ္တို႔ကေနၿပီး ေရွ႕ဆက္သြားတဲ့အခ်ိန္မွာ ညီညီညႊတ္ညႊတ္နဲ႔ က်ေနာ္တို႔ ေပါင္းစည္းသြားမယ္ဆိုရင္ က်ေနာ္တို႔ရဲ႕အနာဂတ္ ေကာင္းလာႏိုင္တယ္ေပါ့ဗ်ာ။ အဲဒီအတြက္လည္း က်ေနာ္တို႔က လိုလိုလားလားနဲ႔ ေပါင္းစည္းတာေပါ့ဗ်ာ။

မဆုမြန္။ ။ ဆရာ အဲ့ဒီ့ေတာ့ အခုနက ေမးတဲ့ေမးခြန္းပါပဲဆရာ။ ပါတီထဲမွာ သေဘာမတူဘူးဆိုတဲ့ အခ်က္ေတြကို ျပန္ၿပီးေတာ့မ်ား ေက်ေက်လည္လည္ျဖစ္ေအာင္ ေျဖရွင္းေပးခဲ့တာ ရွိပါလဲ။ ဆရာတို႔ေရာ ေဆြးေႏြးခဲ့ဖူးပါသလား။



ဦးမ်ိဳးေက်ာ္။ ။အမွန္ကေတာ့ က်ေနာ္တို႔ ဒီကေန႔ျပန္ၿပီးေတာ့ အဲဒီ ၁/၂၀၁၆ နဲ႔ ၂/၂၀၁၆ အေပၚမွာ က်ေနာ္တို႔ သေဘာမတူဘူး။ ဘယ္လိုလုပ္ရင္ျဖစ္မယ္ ဆိုတာမ်ိဳးေတြ က်ေနာ္တို႔ follow up အေနနဲ႔ေတာ့ ထုတ္ၿပီးေတာ့ သြားမယ့္အစီအစဥ္ေလးေတြ ရွိပါတယ္ ခင္ဗ်ာ။

မဆုမြန္။ ။ ဟုတ္ကဲ့ပါရွင္။ ဆရာတို႔ဘက္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲလည္း လုပ္ခဲ့ပါတယ္။ တကယ္လို႔ မ်ား ရခိုင္အမ်ိဳးသားပါတီ ANP အေနနဲ႔ ဒီရပ္တည္ခ်က္အတိုင္း ဆက္လက္ေဖာ္ေဆာင္သြားမယ္ဆိုရင္ ဆရာတို႔ ရခုိင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD ဘက္က ေရွ႕ဆက္ႏုိင္ငံေရး လုပ္ငန္းစဥ္ေတြကို ဘယ္လိုေဆာင္ရြက္သြားဖို႔ရွိပါသလဲရွင္။

ဦးမ်ိဳးေက်ာ္။ ။ ဟုတ္ပါတယ္။ က်ေနာ္တို႔ကေတာ့ အထူးသျဖင့္ ေပါ့ေနာ္ ရခိုင္ျပည္သူေတြအတြက္ အက်ိဳးျဖစ္ႏိုင္မယ့္ဟာမ်ိဳးေပါ့ဗ်ာ။ ဒီကေန႔ က်ေနာ္တို႔ statement ေတြထုတ္ခဲ့တဲ့ဟာက ရခိုင္ျပည္သူေတြရဲ႕ အက်ိဳးနဲ႔မညီဘူး၊ ဆန္႔က်င္ေနတယ္လို႕ယံုၾကည္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရခိုင္ျပည္သူေတြက မဲေပးထားတဲ့ ကိုယ္စားလွယ္ေတြ မည္သည့္အစိုးရအဖြဲ႔ထဲမွာ မပါရ ဆုိတာ ကန္႔သတ္ခ်က္အေပၚ၊ အဲဒီအထဲမွာ က်ေနာ္တို႔ ေရွ႕ဆက္ၿပီး ဘယ္လိုသြားရမလဲဆိုတဲ့ဟာမ်ိဳးေတြ က်ေနာ္တို႔ ျပည္သူေတြကိုလည္း ခ်ျပမယ္။ မီဒီယာကတဆင့္ေပါ့ေလ။ ဒါပြင့္လင္းျမင္သာစြာနဲ႔ က်ေနာ္တို႔ေရွ႕ဆက္ၿပီးေတာ့ က်ေနာ္တို႔ လုပ္ေဆာင္မယ့္ဟာေတြလည္း ေဆြးေႏြးဆံုးျဖတ္သြားတယ္။

မဆုမြန္။ ။ ဆရာ ေက်းဇူးတင္ပါတယ္။

ဦးမ်ိဳးေက်ာ္။ ။ေကာင္းပါၿပီ လိုအပ္ရင္လည္းေမးပါေနာ္။

ရခုိင္အမ်ိဳးသားပါတီ ANP ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္ လည္းျဖစ္ ALD ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕အတြင္းေရးမွဴး လည္းျဖစ္သူ ဦးမ်ိဳးေက်ာ္ကို ဗီြအိုေအျမန္မာပိုင္းက မဆုမြန္ကဆက္သြယ္ေမးျမန္းခဲ့တာပါ။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
 သတင်းစာရှင်းလငး်ပွဲတွင် တွေ့ရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါငး်ဆောင်များ။ မတ် ၆၊ ၂၀၁၆။(ခရက်ဒစ် - Rakhine Daily News)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် မရရင် အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုတာနဲ့ တိုင်းရင်းသားပါတီတွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်ဆက်ဆံရေးရပ်ဆိုင်းမယ်ဆိုတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်တွေကို သဘောမတူ လက်မခံကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ဒီကနေ့ ကန့်ကွက်ပြောဆိုလိုက်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတဲ့ ANP ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်ကို ALD ဘက်က အခုလိုတုန့်ပြန်လိုက်တာပါ။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအပြီး ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လည်းဖြစ် ALD ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး လည်းဖြစ်သူ ဦးမျိုးကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။

ဦးမျိုးကျော်။ ။ အဓိက သဘောမတူတဲ့အချက်လို့ပြောမယ်ဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ မူလကတည်းကနေပြီးတော့ ဒီ CEC ရဲ့သဘောတူညီချက် မဟုတ်ပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ CEC မှာ ထုတ်ပြန်ချက်တခုခု ထုတ်ပြန်မယ်ဆိုရင် ကျနော်တို့ CEC ကနေပြီးတော့ ကျနော်တို့ပါတီဖွဲ့စည်းပုံအရပေါ့နော် တဝက်ကျော်တက်တဲ့ အစည်းအဝေးကမှသာ ။ အဲဒီ ၁/၂၀၁၆ ကျနေပြီးတော့ CEC ရ ယောက်နဲ့ဘဲ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က တရားမဝင်ပါဘူးဆိုတာလည်း ရှင်းပြချင်ပါတယ်။ အဲဒါကတချက် ။ နောက်တချက်ကလည်း ဘာလည်းဆိုတော့ အဲဒီမှာနေပြီးတောင်းဆိုထားတဲ့ဟာပေါ့ဗျာ တောင်းဆိုထားတဲ့ဟာကနေပြီးတော့ ပြည်နယ်မှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာကို ကျနော်တို့ ANP ကနေယူမယ်။ ဒါက ကျနော်တို့လက်ခံပါတယ် ကျနော်တို့ အများစု နိုင်တာပါ။

နောက်တချက်ကလည်း လွှတ်တော် ပြည်နယ်မှာ ၀န်ကြီးချုပ်ယူမယ်၊ ၀န်ကြီးချုပ်မရရင် ကျနော်တို့က အတိုက်အခံ နဲ့ နေသွားမယ် မည်သည့် အစိုးရအဖွဲ့မှာလည်း ပူးပေါင်းပါ၀င်မှုမရှိဘူးဆိုတာ ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ အဲဒီဟာက ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အရပေါ့နော် ၂၀၁၀ ကနေပြီးတော့ ကျနော်တို့ နိုင်ငံဟာ ဒီမိုကရက်တစ်အုပ်စု၊ ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို ပြောင်းလဲလာတယ် ဆိုပေမယ့် နိုင်ငံရေးအဝန်းအဝိုင်းမှာပေါ့ဗျာ ၂၀၁၀ ကနေ ၂၀၁၅ အထိကတော့ စစ်အစိုးရ အသွင်ပြောင်းတာပဲ ဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာကနေပြီးတော့ ဒီမိုကရက်တစ်အုပ်စု ကနေပြီးတော့ တောင်ပြိုကမ်းပြို နိုင်ပြီးတော့ အစိုးရဖွဲ့ရမယ့် အနေအထားပါ။ သို့သော်လည်း အခုအချိန်အထိကတော့ လွှတ်တော်တော့ ပေါ်နေပါပြီ။ သို့သော် အစိုးရအဖွဲ့ အကျပ်အတည်းဖြစ်အောင်နေပြီးတော့ ဒီ statement ထုတ်လာတာဟာ ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ အထိခိုက်မခံနိုင်ပါဘူး။ ထိခိုက်ပွတ်တိုက်မှုတွေ ကျနော်တို့ဖြစ်မှာကို စိုးရိမ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့အနေနဲ့ ဒီ statement ကို ပြန်ပြီးတော့ တုန့်ပြန်ရခြင်းဖြစ်ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဒီ ANP ပါတီ ရခိုင်အမျိုးသားပါတီက ပါတီနှစ်ပါတီပူးပေါင်းထားတဲ့ ပါတီဖြစ်လေတော့ အခုဆုံးဖြတ်ချက်ကို သဘောမတူဘူးဆိုတာက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဘက်က သဘောမတူတာပါလား။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူတာပါလား။

ဦးမျိုးကျော်။ ။ကျနော်တို့အခု ထုတ်ပြန်လိုက်တဲ့ဟာက ရခိုင်အမျိုးသားပါတီ ANPဘက်အနေနဲ့ ရခိုင်အမျိုးသားပါတီရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ ကို သဘောမတူတဲ့ဟာကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူတာပါ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဟုတ်ကဲ့။ အဲ့တော့ ဒီလိုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က သဘောမတူဘူးဆိုတဲ့အချက်တွေကို ဆရာတို့ နှစ်ပါတီ ပူးပေါင်းထားတဲ့ ပါတီတွင်းမှာ အကြေအလည်ဆွေးနွေးခဲ့ပြီးပါပြီလား။ ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ပေါ့နော်။ အခုထုတ်ပြန်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဘက်က ဘယ်လောက်အထိများ ဆရာတို့ကို ကျေကျေလည်လည်ပေါ့နော် ပြန်လည်ဆွေးနွေးတဲ့ ရှင်းလင်းချက်တွေ ဘယ်လောက်အထိများ ရခဲ့ပါသလဲ။

ဦးမျိုးကျော်။ ။ ကျနော်တို့အနေနဲ့ တဖွဲ့တည်းသွားလို့ အားမဖြစ်ဘူးဗျာ။ နှစ်ဖွဲ့ပေါင်းလိုက်ရင်တော့ ကျနော်တို့ဟာ ၁ ကနေ ၂၊၃ ၊၄ ထိ ကျနော်တို့ အဲဒီလို အင်အားဖြစ်လာနိုင်တယ်ဆိုတာလည်း ကျနော်တို့ ယုံကြည်ပါတယ်။ အဖက်ဖက်မှာလည်း ကျနော်တို့နေပြီးတော့ ALD အနေနဲ့လည်း ကျနော်တို့မှာလည်း အားနည်းချက်ရှိတယ်။ဟိုဘက် RNDP အနေနဲ့ မှာလည်း အားနည်းချက်ရှိတယ်။ သို့သော် ၂ ဖွဲ့ပေါင်းလိုက်ရင် ကျနော်တို့ အားတရပ်ဖြစ်လာမယ်။ ရခိုင်ပြည်သူတွေလည်း လိုလားတယ်။ ရဟန်းသံဃာ တွေလည်းလိုလားတယ်။ ဒါကြောင့်ကျနော်တို့ ပေါင်းစည်းခြင်းဖြစ်တယ်။ အဲလိုပေါင်းစည်းတဲ့အခါမှာ တကယ်လို့ ကျနော်တို့ကနေပြီး ရှေ့ဆက်သွားတဲ့အချိန်မှာ ညီညီညွှတ်ညွှတ်နဲ့ ကျနော်တို့ ပေါင်းစည်းသွားမယ်ဆိုရင် ကျနော်တို့ရဲ့အနာဂတ် ကောင်းလာနိုင်တယ်ပေါ့ဗျာ။ အဲဒီအတွက်လည်း ကျနော်တို့က လိုလိုလားလားနဲ့ ပေါင်းစည်းတာပေါ့ဗျာ။

မဆုမွန်။ ။ ဆရာ အဲ့ဒီ့တော့ အခုနက မေးတဲ့မေးခွန်းပါပဲဆရာ။ ပါတီထဲမှာ သဘောမတူဘူးဆိုတဲ့ အချက်တွေကို ပြန်ပြီးတော့များ ကျေကျေလည်လည်ဖြစ်အောင် ဖြေရှင်းပေးခဲ့တာ ရှိပါလဲ။ ဆရာတို့ရော ဆွေးနွေးခဲ့ဖူးပါသလား။



ဦးမျိုးကျော်။ ။အမှန်ကတော့ ကျနော်တို့ ဒီကနေ့ပြန်ပြီးတော့ အဲဒီ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ အပေါ်မှာ ကျနော်တို့ သဘောမတူဘူး။ ဘယ်လိုလုပ်ရင်ဖြစ်မယ် ဆိုတာမျိုးတွေ ကျနော်တို့ follow up အနေနဲ့တော့ ထုတ်ပြီးတော့ သွားမယ့်အစီအစဉ်လေးတွေ ရှိပါတယ် ခင်ဗျာ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါရှင်။ ဆရာတို့ဘက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်။ တကယ်လို့ များ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ဒီရပ်တည်ချက်အတိုင်း ဆက်လက်ဖော်ဆောင်သွားမယ်ဆိုရင် ဆရာတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဘက်က ရှေ့ဆက်နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲရှင်။

ဦးမျိုးကျော်။ ။ ဟုတ်ပါတယ်။ ကျနော်တို့ကတော့ အထူးသဖြင့် ပေါ့နော် ရခိုင်ပြည်သူတွေအတွက် အကျိုးဖြစ်နိုင်မယ့်ဟာမျိုးပေါ့ဗျာ။ ဒီကနေ့ ကျနော်တို့ statement တွေထုတ်ခဲ့တဲ့ဟာက ရခိုင်ပြည်သူတွေရဲ့ အကျိုးနဲ့မညီဘူး၊ ဆန့်ကျင်နေတယ်လို့ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်သူတွေက မဲပေးထားတဲ့ ကိုယ်စားလှယ်တွေ မည်သည့်အစိုးရအဖွဲ့ထဲမှာ မပါရ ဆိုတာ ကန့်သတ်ချက်အပေါ်၊ အဲဒီအထဲမှာ ကျနော်တို့ ရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ ပြည်သူတွေကိုလည်း ချပြမယ်။ မီဒီယာကတဆင့်ပေါ့လေ။ ဒါပွင့်လင်းမြင်သာစွာနဲ့ ကျနော်တို့ရှေ့ဆက်ပြီးတော့ ကျနော်တို့ လုပ်ဆောင်မယ့်ဟာတွေလည်း ဆွေးနွေးဆုံးဖြတ်သွားတယ်။

မဆုမွန်။ ။ ဆရာ ကျေးဇူးတင်ပါတယ်။

ဦးမျိုးကျော်။ ။ကောင်းပါပြီ လိုအပ်ရင်လည်းမေးပါနော်။

ရခိုင်အမျိုးသားပါတီ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လည်းဖြစ် ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး လည်းဖြစ်သူ ဦးမျိုးကျော်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ကဆက်သွယ်မေးမြန်းခဲ့တာပါ။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)