ေရလည္ကုန္းက က်ားရုပ္ထု

ေကာ့ကရိတ္ျမိဳ႕၊ေရလည္ကုန္းေက်းရြာမွရြာသားႏွစ္ဦးကို ကိုက္ခဲ့သည့္က်ားကိုအေသပစ္ခတ္ဖမ္းဆီး
ခဲ့ျပီးက်န္ရွိေသာ က်ားအေရခြံကို
ရန္ကုန္တိရိစာၦန္ဥယ်ာဥ္မွ အေရခြာရုပ္လုံးသြင္းပညာရွင္ ဦးေပၚသန္းႏွင့္
ဦးမ်ိဳးႏိုင္တို႔မွ ရုပ္လုံးသြင္းခဲ့ျခင္းယေန႔ျပီးစီးသြားျပီျဖစ္သည္။

က်ားရုပ္လုံးကို တည္ေဆာက္ဆဲေစတီေတာ္ေဘး
တြင္တန္ေဆာင္းေဆာက္ျပီး အမွတ္တရထားရွိမည္ျဖစ္ေၾကာင္းသိရသည္။

ေရလည္ကုန္းေက်ာင္းတိိုက္ဆရာေတာ္ ဦးေကသရမွဒီေစတီတည္တဲ့အခ်ိန္မွာ ဒီက်ားသတင္းျဖစ္ခဲ့တာ
ေရလည္ကုန္းရြာလည္း ႏိုင္ငံေက်ာ္ခဲ့တယ္၊ေစတီတည္ေဆာက္မွဴလည္း ပြင့္လင္းျမန္ဆန္လာခဲ့တယ္၊
အေၾကာင္းအက်ိဳးအရတြက္ရင္ အင္မတန္မွ ထူးျခားတဲ့ျဖစ္စဥ္ပါဘဲ၊ ဒါေၾကာင့္လည္း ေနာင္လာေနာက္သားေတြဒီသမိုင္းကို သိရေအာင္ ဘုန္းၾကီးလည္း လူၾကီးေတြနဲ႔တိုင္ပင္ျပီး
ဒီက်ားကို ခုတည္ေနတဲ့ ေစတီနားမွာဘဲ တန္ေဆာင္းေဆာက္ျပီး
အျမဲတန္းထားဖို႔ ဆုံးျဖတ္ခဲ့တာ၊ဒါဒီေစတီရဲ႕သမိုင္းဘဲ၊ေရလည္ကုန္းရြာရဲ႕ ရာဇ၀င္ဘဲ၊
ဒီက်ားကိုဒီရြာမွာဘဲ အျမဲ အမွတ္တရထားမွာပါ၊
Dawna Aungtoe


..............................
ရေလည်ကုန်းက ကျားရုပ်ထု
-------------------------------
ကော့ကရိတ်မြို့၊ရေလည်ကုန်းကျေးရွာမှ
ရွာသားနှစ်ဦးကို ကိုက်ခဲ့သည့်ကျားကို
အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး
ကျန်ရှိသော ကျားအရေခွံကို
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ အရေခွာ
ရုပ်လုံးသွင်းပညာရှင် ဦးပေါ်သန်းနှင့်
ဦးမျိုးနိုင်တို့မှ ရုပ်လုံးသွင်းခဲ့ခြင်း
ယနေ့ပြီးစီးသွားပြီဖြစ်သည်။

ကျားရုပ်လုံးကို တည်ဆောက်ဆဲစေတီတော်ဘေးတွင်
တန်ဆောင်းဆောက်ပြီး အမှတ်တရထားရှိမည်ဖြစ်ကြောင်းသိရသည်။

ရေလည်ကုန်းကျောင်းတိိုက်ဆရာတော် ဦးကေသရမှ
ဒီစေတီတည်တဲ့အချိန်မှာ ဒီကျားသတင်းဖြစ်ခဲ့တာ
ရေလည်ကုန်းရွာလည်း နိုင်ငံကျော်ခဲ့တယ်၊
စေတီတည်ဆောက်မှူလည်း ပွင့်လင်းမြန်ဆန်လာခဲ့တယ်၊
အကြောင်းအကျိုးအရတွက်ရင် အင်မတန်မှ ထူးခြားတဲ့
ဖြစ်စဉ်ပါဘဲ၊ ဒါကြောင့်လည်း နောင်လာနောက်သားတွေ
ဒီသမိုင်းကို သိရအောင် ဘုန်းကြီးလည်း လူကြီးတွေနဲ့တိုင်ပင်ပြီး
ဒီကျားကို ခုတည်နေတဲ့ စေတီနားမှာဘဲ တန်ဆောင်းဆောက်ပြီး
အမြဲတန်းထားဖို့ ဆုံးဖြတ်ခဲ့တာ၊
ဒါဒီစေတီရဲ့သမိုင်းဘဲ၊ရေလည်ကုန်းရွာရဲ့ ရာဇဝင်ဘဲ၊
ဒီကျားကိုဒီရွာမှာဘဲ အမြဲ အမှတ်တရထားမှာပါ၊
Dawna Aungtoe
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)