လွ်ပ္စစ္မီးျဖင့္ ဘုရားမီးပူေဇာ္ရာမွကန္႔ဘလူတြင္ မီးေလာင္မႈျဖစ္ပြား


ကန္႔ဘလူ မတ္ ၂

စစ္ကိုင္းတိုင္းေဒႀကီး ကန္႔ ဘလူၿမိဳ႕ အမွတ္(၁)ရပ္ကြက္ မွန္နီ ကုန္းရပ္အစြန္ရွိ ဦးေခ်ာ(၃၁ႏွစ္) ၏ေနအိမ္ (ႏွစ္ပင္xႏွစ္ပင္)ခန္း၊ ထရံကာ၊ ဝါးၾကမ္းခင္း၊ သြပ္မိုး တစ္ျခမ္း သက္ငယ္တစ္ျခမ္းမိုး တစ္ထပ္အိမ္တြင္ ယမန္ေန႔မြန္းလြဲ ၁ နာရီ ၂၅ မိနစ္က အတြင္းေခါင္း ရင္းအခန္းရွိ လွ်ပ္စစ္မီးျဖင့္ ဘုရားမီးပူေဇာ္ရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာ ေနရာသို႔ၿမိဳ႕နယ္ ေကာ္မတီသံုးရပ္မွ ဥကၠ႒မ်ား၊ ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ႏွစ္စီးျဖင့္ ၿမိဳ႕နယ္ သေႏၶမီးသတ္၊ အရန္တပ္ဖြဲ႔ဝင္ မ်ား၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ရပ္ကြက္ ေနျပည္သူမ်ားက ၿငိႇမ္းသတ္ခဲ့ၾက ရာ မြန္းလြဲ ၁ နာရီ ၃၂ မိနစ္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္ ေအာက္ရွိ ေမြးျမဴထားေသာ က်င္းတက္ဝက္တစ္ေကာင္ကာလ တန္ဖိုးက်ပ္ ၅ဝဝဝဝခန္႔၊ ေနအိမ္ မီးေလာင္ဆံုး႐ႈံးမႈ ကာလတန္ဖိုး က်ပ္ ၂၅ဝဝဝဝ ခန္႔ဆံုး႐ႈံးခဲ့ၿပီး မီး ေလာင္မႈတြင္ အိမ္ရွင္ဦးေခ်ာမွာ ခရီးလြန္ေန၍ ဇနီးေဒၚျမင့္ျမင့္သန္း (၃၃ႏွစ္)အား ကန္႔ဘလူၿမိဳ႕မရဲစခန္း က (ပ)အမွတ္ ၃၉/၂ဝ၁၆၊ ျပစ္မႈ ပုဒ္မ(၂၈၅)ျဖင့္ အမႈဖြင့္အေရး ယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ေအာင္ဝင္းၿငိမ္း(ကန္႔ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net

.................................................


ကန့်ဘလူ မတ် ၂

စစ်ကိုင်းတိုင်းဒေကြီး ကန့် ဘလူမြို့ အမှတ်(၁)ရပ်ကွက် မှန်နီ ကုန်းရပ်အစွန်ရှိ ဦးချော(၃၁နှစ်) ၏နေအိမ် (နှစ်ပင်xနှစ်ပင်)ခန်း၊ ထရံကာ၊ ဝါးကြမ်းခင်း၊ သွပ်မိုး တစ်ခြမ်း သက်ငယ်တစ်ခြမ်းမိုး တစ်ထပ်အိမ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က အတွင်းခေါင်း ရင်းအခန်းရှိ လျှပ်စစ်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့မြို့နယ် ကော်မတီသုံးရပ်မှ ဥက္ကဋ္ဌများ၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးဖြင့် မြို့နယ် သန္ဓေမီးသတ်၊ အရန်တပ်ဖွဲ့ဝင် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက် နေပြည်သူများက ငြိှမ်းသတ်ခဲ့ကြ ရာ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် အောက်ရှိ မွေးမြူထားသော ကျင်းတက်ဝက်တစ်ကောင်ကာလ တန်ဖိုးကျပ် ၅ဝဝဝဝခန့်၊ နေအိမ် မီးလောင်ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် ၂၅ဝဝဝဝ ခန့်ဆုံးရှုံးခဲ့ပြီး မီး လောင်မှုတွင် အိမ်ရှင်ဦးချောမှာ ခရီးလွန်နေ၍ ဇနီးဒေါ်မြင့်မြင့်သန်း (၃၃နှစ်)အား ကန့်ဘလူမြို့မရဲစခန်း က (ပ)အမှတ် ၃၉/၂ဝ၁၆၊ ပြစ်မှု ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)