ေငြ ၁၁၃ သိန္းေပ်ာက္ဆံုးမႈျဖင့္ တည္းခိုခန္း မန္ေနဂ်ာအား စစ္ေဆးရာမွ လက္လြန္ ေသဆံုး



မြန္ျပည္နယ္ သထံုၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ခိုးမႈက်ဴးလြန္သူဟုယူဆရသူအား သထံုခရိုင္မႈ /ကူဌာနမွ တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရာ ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ မတ္လ ၁ရက္ေန႔က သထံုၿမိဳ႕ သိမ္ကုန္းရပ္ကြက္ ေရစက္ပိုင္းရွိ ခ်မ္းေျမ႔တည္းခိုခန္းတြင္ ေငြေပ်ာက္ဆံုးမႈျဖစ္ပြားသျဖင့္ မသကၤာသူဟုယူဆခံရသည့္ ခ်မ္းေျမ႔တည္းခိုခန္း မန္ေနဂ်ာျဖစ္သူ ကိုေက်ာ္သက္ေအာင္ ၃၂ ႏွစ္ ဘ ဦးေအာင္ျမင့္စိန္အား သထံုၿမိဳ႕မရဲစခန္းတြင္ မတ္လ ၂၁ ရက္ေန႔ညတြင္ သထံုခရိုင္ မႈ/ကူဌာနမွ ဒုရဲအုပ္ လိႈင္ဝင္းထြန္းပါ အဖြဲ႕ဝင္ ၇ ဦးမွ စစ္ေဆးစဥ္ေသဆံုးသြားေၾကာင္း သိရသည္။


ရဲလုပ္ထံုးလုပ္နည္းအရ အမႈတစ္ခုျဖစ္ေပၚလာပါက စစ္းေဆးနည္းလမ္းမ်ားအား အသံုးျပဳ၍ စစ္ေဆးမႈမ်ားျပဳလုပ္ၾကရာတြင္ စစ္ေဆးသူ၏ စိတ္ေနသေဘာထားအရ စစ္ေဆးၾကသျဖင့္ ယခုလိုျဖစ္ရပ္မ်ားျဖစ္လာရေၾကာင္း သထံုၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးေက်ာ္မင္းကေျပာသည္။

"အခုဟာက ခိုးမႈနဲ႕ပတ္သက္ၿပီး စစ္ေဆးရင္းနဲ႕လဲက်သြားတယ္။ အဲဒီအတြက္ေဆးရံုပို႔တာ ေဆးရံုေရာက္မွ ေသတယ္လို႔ သိရပါတယ္။ ခုေတာ့ စစ္ေဆးတဲ့အဖြဲ႕ေတြကို ဘယ္လိုစစ္ေဆးလို႔ အခုလိုလူေသတဲ့အထိ ျဖစ္သြားလဲဆိုတာ စံုခံုဖြဲ႕ၿပီး စစ္ေဆးေနပါတယ္။ အေၾကာင္းရင္း အမွန္ကိုသိရရင္ေတာ့ ဥပေဒအရ အေရးယူႏိုင္ေအာင္ေဆာင္ရြက္သြားပါမယ္''ဟု ၄င္းကဆက္လက္ေျပာၾကားသည္။


ေသဆံုးမႈအေၾကာင္းရင္းကို ေျပာခြင့္မရွိေၾကာင္း၊ ေဆး႐ုံေရာက္လာခ်ိန္၌ ခႏၡာကိုယ္ ေႏြးေနေသးသျဖင့္ ေသဆံုးသည္မွာ မၾကာေသးေၾကာင္း၊ ေဆးရံု၏လုပ္ထံုးလုပ္နည္းမ်ားနဲ႔အညီ စစ္ေဆးေဆာင္ရြက္ထားေၾကာင္း သထံုခရိုင္ေဆးရံုအုပ္ ေဒါက္တာ သင္းသင္းအိက ေျပာသည္။

အမႈတခုက်ဴးလြန္သူအား ဥပေဒအရ စစ္ေဆးရမည္ဆိုသည္မွာ မွန္ေသာ္လည္း ယခုလို လူေသဆံုးတဲ့အထိ စစ္ေဆးသည္ကို လက္မခံႏိုင္ေၾကာင္း ဥပေဒမဲ့လုပ္နည္းတစ္ခုျဖစ္သည့္အတြက္ မိသားစုဝင္တဥိီးအေနျဖင့္ ဝမ္းနည္းရေၾကာင္း ေသဆံုးသူ၏ ဇနီးျဖစ္သူ မနန္းသီတာလိႈင္က ေျပာသည္။

"ကြ်န္မေယာက်ာၤးက က်န္းမာေရးေကာင္းသူတဦးပါ။ အဖမ္းခံရၿပီးကတည္းက က်န္းမာေရး ခ်ိဳ႕တဲ့လာတယ္။ အိမ္မွာ ပစၥည္းလာရွာတဲ့အခ်ိန္ သူတို႔ေတြပါးစပ္ကေျပာေတာ့ လက္ဖ်ားနဲ႔ေတာင္ မတို႔ထားဘူးဆိုၿပီး ကြ်န္မတို႔ေရွ႕မွာ ထိုးတာျမင္ရတယ္။ စစ္ေဆးရင္းနဲ႕လက္လြန္သြားတာတဲ့ ၿမိဳ႕နယ္မွဴးနဲ႔ စခန္းမွဴး လာေျပာမွ သိရတယ္။ သူနဲ႕အတူအဖမ္းခံရတဲ့ ကြ်န္မညီမေယာက်ာၤးဆိုရင္လည္း နံပါတ္တုတ္နဲ႔လည္း ရိုက္တယ္။ က်င္စက္နဲ႔လည္း တို႔တယ္။ မီးလဲရိႈ႕တယ္။ ႀကိဳးေတြနဲ႕လည္း ရိုက္တယ္လို႕ေျပာတယ္။ လူအသက္တေခ်ာင္းကို တန္ဖိုးမထားဘူး။ ေသသြားတာ ညကတည္းက လာေျပာတာက မနက္ ၁၁ နာရီမွ ဆိုေတာ့မျဖစ္သင့္ဘူး”ဟု ၎က ေျပာၾကားသည္။

၂၀၁၆ မတ္လ ၁ ရက္ေန႕ညေနပိုင္းတြင္ တင္ရဲဝင္းကုမၸဏီမွ အေရာင္းဝန္ထမ္းျဖစ္သူ ကိုထက္ေအာင္ႏွင့္အဖြဲ႕မွာ ခ်မ္းေျမ႔တည္းခိုခန္းတြင္ လာေရာက္တည္းခိုစဥ္ ၄င္းတို႔ကုမၸဏီပိုင္ ေငြက်ပ္ (၁၁၃) သိန္းေက်ာ္ ေပ်ာက္ဆံုးမႈျဖစ္ပြားသျဖင့္ မသကၤာသူ ခ်မ္းေျမ႕တည္းခိုခန္းမန္ေနဂ်ာျဖစ္သူ ကိုေက်ာ္သက္ေအာင္အား ဖမ္းဆီးကာ သထံုခရိုင္မႈ/ကူဌာနမွ တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးစဥ္ ေသဆံုးခဲ့ေၾကာင္း သိရသည္။

အမႈႏွင့္ပတ္သက္၍ စစ္ေဆးခဲ့စဥ္ပါဝင္သူ (၇) ဦးအား ဥပေဒအရအေရးယူေပးပါရန္ ဒုရဲမွဴးထြန္းသိန္းက တရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ သထံုၿမိဳ႕မရဲစခန္းမွ ျပစ္မႈၾကီးအမွတ္ (၃/၂၀၁၆)၊ (ပ) ၁၅၇/၂၀၁၆၊ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ (၃၀၂/၁၁၄) ျဖင့္ အမႈဖြင့္အေရးယူစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ေခါက္ခ်ဳိး

ပံု-ေသဆံုးသူ ကိုေက်ာ္သက္ေအာင္ (စြပ္က်ယ္ အျပာ၀တ္) အား စစ္ေဆးေမးျမန္းစဥ္

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..............


မွန်ပြည်နယ် သထုံမြို့ မြို့မရဲစခန်းတွင် ခိုးမှုကျူးလွန်သူဟုယူဆရသူအား သထုံခရိုင်မှု /ကူဌာနမှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ရက်နေ့က သထုံမြို့ သိမ်ကုန်းရပ်ကွက် ရေစက်ပိုင်းရှိ ချမ်းမြေ့တည်းခိုခန်းတွင် ငွေပျောက်ဆုံးမှုဖြစ်ပွားသဖြင့် မသင်္ကာသူဟုယူဆခံရသည့် ချမ်းမြေ့တည်းခိုခန်း မန်နေဂျာဖြစ်သူ ကိုကျော်သက်အောင် ၃၂ နှစ် ဘ ဦးအောင်မြင့်စိန်အား သထုံမြို့မရဲစခန်းတွင် မတ်လ ၂၁ ရက်နေ့ညတွင် သထုံခရိုင် မှု/ကူဌာနမှ ဒုရဲအုပ် လှိုင်ဝင်းထွန်းပါ အဖွဲ့ဝင် ရ ဦးမှ စစ်ဆေးစဉ်သေဆုံးသွားကြောင်း သိရသည်။


ရဲလုပ်ထုံးလုပ်နည်းအရ အမှုတစ်ခုဖြစ်ပေါ်လာပါက စစ်းဆေးနည်းလမ်းများအား အသုံးပြု၍ စစ်ဆေးမှုများပြုလုပ်ကြရာတွင် စစ်ဆေးသူ၏ စိတ်နေသဘောထားအရ စစ်ဆေးကြသဖြင့် ယခုလိုဖြစ်ရပ်များဖြစ်လာရကြောင်း သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းကပြောသည်။

"အခုဟာက ခိုးမှုနဲ့ပတ်သက်ပြီး စစ်ဆေးရင်းနဲ့လဲကျသွားတယ်။ အဲဒီအတွက်ဆေးရုံပို့တာ ဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။ ခုတော့ စစ်ဆေးတဲ့အဖွဲ့တွေကို ဘယ်လိုစစ်ဆေးလို့ အခုလိုလူသေတဲ့အထိ ဖြစ်သွားလဲဆိုတာ စုံခုံဖွဲ့ပြီး စစ်ဆေးနေပါတယ်။ အကြောင်းရင်း အမှန်ကိုသိရရင်တော့ ဥပဒေအရ အရေးယူနိုင်အောင်ဆောင်ရွက်သွားပါမယ်''ဟု ၄င်းကဆက်လက်ပြောကြားသည်။


သေဆုံးမှုအကြောင်းရင်းကို ပြောခွင့်မရှိကြောင်း၊ ဆေးရုံရောက်လာချိန်၌ ခန္ခာကိုယ် နွေးနေသေးသဖြင့် သေဆုံးသည်မှာ မကြာသေးကြောင်း၊ ဆေးရုံ၏လုပ်ထုံးလုပ်နည်းများနဲ့အညီ စစ်ဆေးဆောင်ရွက်ထားကြောင်း သထုံခရိုင်ဆေးရုံအုပ် ဒေါက်တာ သင်းသင်းအိက ပြောသည်။

အမှုတခုကျူးလွန်သူအား ဥပဒေအရ စစ်ဆေးရမည်ဆိုသည်မှာ မှန်သော်လည်း ယခုလို လူသေဆုံးတဲ့အထိ စစ်ဆေးသည်ကို လက်မခံနိုင်ကြောင်း ဥပဒေမဲ့လုပ်နည်းတစ်ခုဖြစ်သည့်အတွက် မိသားစုဝင်တဥိီးအနေဖြင့် ဝမ်းနည်းရကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ မနန်းသီတာလှိုင်က ပြောသည်။

"ကျွန်မယောကျာင်္းက ကျန်းမာရေးကောင်းသူတဦးပါ။ အဖမ်းခံရပြီးကတည်းက ကျန်းမာရေး ချို့တဲ့လာတယ်။ အိမ်မှာ ပစ္စည်းလာရှာတဲ့အချိန် သူတို့တွေပါးစပ်ကပြောတော့ လက်ဖျားနဲ့တောင် မတို့ထားဘူးဆိုပြီး ကျွန်မတို့ရှေ့မှာ ထိုးတာမြင်ရတယ်။ စစ်ဆေးရင်းနဲ့လက်လွန်သွားတာတဲ့ မြို့နယ်မှူးနဲ့ စခန်းမှူး လာပြောမှ သိရတယ်။ သူနဲ့အတူအဖမ်းခံရတဲ့ ကျွန်မညီမယောကျာင်္းဆိုရင်လည်း နံပါတ်တုတ်နဲ့လည်း ရိုက်တယ်။ ကျင်စက်နဲ့လည်း တို့တယ်။ မီးလဲရှို့တယ်။ ကြိုးတွေနဲ့လည်း ရိုက်တယ်လို့ပြောတယ်။ လူအသက်တချောင်းကို တန်ဖိုးမထားဘူး။ သေသွားတာ ညကတည်းက လာပြောတာက မနက် ၁၁ နာရီမှ ဆိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက ပြောကြားသည်။

၂၀၁၆ မတ်လ ၁ ရက်နေ့ညနေပိုင်းတွင် တင်ရဲဝင်းကုမ္ပဏီမှ အရောင်းဝန်ထမ်းဖြစ်သူ ကိုထက်အောင်နှင့်အဖွဲ့မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက်တည်းခိုစဉ် ၄င်းတို့ကုမ္ပဏီပိုင် ငွေကျပ် (၁၁၃) သိန်းကျော် ပျောက်ဆုံးမှုဖြစ်ပွားသဖြင့် မသင်္ကာသူ ချမ်းမြေ့တည်းခိုခန်းမန်နေဂျာဖြစ်သူ ကိုကျော်သက်အောင်အား ဖမ်းဆီးကာ သထုံခရိုင်မှု/ကူဌာနမှ တပ်ဖွဲ့ဝင်များက စစ်ဆေးစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့စဉ်ပါဝင်သူ (၇) ဦးအား ဥပဒေအရအရေးယူပေးပါရန် ဒုရဲမှူးထွန်းသိန်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့် သထုံမြို့မရဲစခန်းမှ ပြစ်မှုကြီးအမှတ် (၃/၂၀၁၆)၊ (ပ) ၁၅၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၀၂/၁၁၄) ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ခေါက်ချိုး

ပုံ-သေဆုံးသူ ကိုကျော်သက်အောင် (စွပ်ကျယ် အပြာဝတ်) အား စစ်ဆေးမေးမြန်းစဉ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)