မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕အမည္ စာရင္းယေန႔သိရမည္

သတင္း  ျပည္တြင္း
ေအာင္ကိုဦး
မႏၱေလး၊ မတ္ ၂၂ ။          ။ မႏၲေလးတိုင္းေဒသၾကီး ဝန္ၾကီးခ်ဳပ္အျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ အမရပူရျမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)မွ ေဒါက္တာေဇာ္ျမင့္ေမာင္ဟု သတင္းမ်ားထြက္ေပၚေနျပီး ဝန္ၾကီးခ်ဳပ္အမည္စာရင္းႏွင့္ဝန္ၾကီးအမည္စာရင္းမ်ားမွာ ယေန႔ ညေနပိုင္းတြင္ သိရမည္ဟု တိုင္းေဒသၾကီးလႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ေက်ာ္ဦးကဆိုသည္။

ဦးေအာင္ေက်ာ္ဦးက "ဝန္ၾကီးဘယ္သူျဖစ္မယ္။ ဝန္ၾကီးခ်ဳပ္ဘယ္သူျဖစ္မယ္ဆိုတာ ညေနပိုင္းမွသိရမယ္။ ေလာေလာဆယ္ေတာ့ က်ြန္ေတာ္တို႔ ေရးရာေကာ္မတီေတြဖြဲ႕ဖို႔ေဆြးေႏြးေနၾကေတာ့ အလုပ္ရႈပ္ေနၾကတယ္။ ညေနသိရတာနဲ႔ က်ြန္ေတာ္တို႔ခ်က္ခ်င္းေျပာပါမယ္။"ဟု မဇၩိမ ကိုေျပာသည္။

ယင္းအျပင္ မႏၲေလးတိုင္းေဒသၾကီး လႊတ္ေတာ္ဒုတိယအၾကိမ္ ပုံမွန္အစည္းအေဝးကို မတ္ ၂၄ ရက္ႏွင့္၂၅ရက္တို႔တြင္ ျပန္စရန္အတြက္ အေပၚစီစဥ္လိုက္ရၿပီးယင္းရက္မ်ားတြင္  ဝန္ႀကီးခ်ဳပ္ႏွင့္ဝန္ႀကီးမ်ား က်မ္းက်ိန္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

"လႊတ္ေတာ္ျပန္စဖို႔က အေရးေပၚစီစဥ္လိုက္ရတာပါ။ေလာေလာဆယ္ေတာ့ ႏွစ္ရက္ထဲပဲေပါ့။အဲဒီႏွစ္ရက္မွာ က်န္တဲ႔ေရးရာေကာ္မတီေတြဆက္ဖြဲ႔မယ္။ဝန္ၾကီးခ်ဳပ္နဲ႔ဝန္ၾကီးေတြက်မ္းက်ိန္မယ္။"ဟု ဦးေအာင္ေက်ာ္ဦး ကေျပာသည္။

မႏၲေလးတိုင္းေဒသၾကီးလႊတ္ေတာ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ၄၈ ဦး၊တပ္မေတာ္သားကိုယ္စားလွယ္ ၁၉ ဦး၊ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႔ျဖိဳးေရးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၈ ဦးႏွင့္ဒီမိုကရက္တစ္ပါတီ(ျမန္မာ)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ၁ ဦး တို႔တက္ေရာက္လွ်က္ရွိသည္။

- See more at: http://mizzimaburmese.com/article/12614#sthash.hfc3E9zR.QK5KRHAy.dpuf
....................
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အမည် စာရင်းယနေ့သိရမည်
သတင်း  ပြည်တွင်း
အောင်ကိုဦး


မန္တလေး၊ မတ် ၂၂ ။          ။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမရပူရမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဇော်မြင့်မောင်ဟု သတင်းများထွက်ပေါ်နေပြီး ဝန်ကြီးချုပ်အမည်စာရင်းနှင့်ဝန်ကြီးအမည်စာရင်းများမှာ ယနေ့ ညနေပိုင်းတွင် သိရမည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကဆိုသည်။

ဦးအောင်ကျော်ဦးက "ဝန်ကြီးဘယ်သူဖြစ်မယ်။ ဝန်ကြီးချုပ်ဘယ်သူဖြစ်မယ်ဆိုတာ ညနေပိုင်းမှသိရမယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ရေးရာကော်မတီတွေဖွဲ့ဖို့ဆွေးနွေးနေကြတော့ အလုပ်ရှုပ်နေကြတယ်။ ညနေသိရတာနဲ့ ကျွန်တော်တို့ချက်ချင်းပြောပါမယ်။"ဟု မဇ္ဈိမ ကိုပြောသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးကို မတ် ၂၄ ရက်နှင့်၂၅ရက်တို့တွင် ပြန်စရန်အတွက် အပေါ်စီစဉ်လိုက်ရပြီးယင်းရက်များတွင်  ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"လွှတ်တော်ပြန်စဖို့က အရေးပေါ်စီစဉ်လိုက်ရတာပါ။လောလောဆယ်တော့ နှစ်ရက်ထဲပဲပေါ့။အဲဒီနှစ်ရက်မှာ ကျန်တဲ့ရေးရာကော်မတီတွေဆက်ဖွဲ့မယ်။ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကျမ်းကျိန်မယ်။"ဟု ဦးအောင်ကျော်ဦး ကပြောသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦး၊တပ်မတော်သားကိုယ်စားလှယ် ၁၉ ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနှင့်ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး တို့တက်ရောက်လျှက်ရှိသည်။

- See more at: http://mizzimaburmese.com/article/12614#sthash.hfc3E9zR.QK5KRHAy.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)