ရွမ္းတိုင္းရင္းသူ ကေလးငယ္ကို အဓမၼရိုက္နက္ေသာ တရုတ္လင္မယားအား ရဲတပ္ဖြဲ႕က ေဖာ္ထုတ္အေရးယူ


မႏၲေလး မတ္ ၁၆ မႏၲေလး ခ်မ္းျမသာစည္ျမိဳ႕နယ္၊ ျမိဳ႕သစ္ (၁)ရပ္ကြက္၊ ျခံအမွတ္ တ-၂/၉၀ ေနအိမ္အတြင္း ရွမ္းတိုင္ရင္သူ အရြယ္မေရာက္ေသးသည့္ကေလးငယ္ကို အိမ္ရွင္က ဝဲလက္ေမာင္း တုတ္ႏွင့္ရိုက္ျခင္း၊ စားေသာက္သည့္တူျဖင့္ နားအတြင္းထိုး၍ အလုပ္ခိုင္းျခင္း၊ လူမျမင္ရေသာေနရာေတြတြင္ ရိုက္ထားျခင္းသတင္း လႈပ္လႈပ္ရွားရွား မႏၲေလးသတင္း အြန္လုိင္းေပၚတြင္ ပ်ံ႕ႏွံ႔လာ၍ မတ္လ ၁၆ ရက္ ၁ နာရီက စတင္၍ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္အေရးယူခဲ့သည္။
"အရြယ္မေရာက္ေသသည့္ ရွမ္းတိုင္ရင္းသူပါ အသက္က ၁၆ ႏွစ္လို႔သိရတယ္။ စကားျပန္ကေျပာတာ သူက ျမန္မာစကားမတတ္ဘူး။ ဒီအိမ္ေရာက္တာ ေလးႏွစ္ရွိျပီ။ တန္႔ယန္း-လိႈင္ေမာ္- မန္းပန္း ရွမ္းျပည္ေျမာက္ပိုင္းကလို႔ သိရတယ္။ သူအမည္က မေအးနန္း၊ အိမ္ရွင္က လူမ်ိဳးျခားသူေဌးေတြ အိမ္ရွင္ရဲ႕အစ္မက ေခၚလာျပီး အိမ္အကူအျဖစ္ ပို႔ေပးထားတာလို႔ သိရတယ္။ အသက္မျပည့္တဲ့ ကေလးငယ္ကို ႏွိပ္စက္တာ အြန္လိုင္းတက္လာလို ေဖာ္ထုတ္အေရယူတာ”ဟု အမွတ္ ၁၁ စခန္းမွဴးရဲအုပ္ဝင္းဗိုလ္က ေျပာသည္။
“အရြယ္က ၁၆၊ လြန္ခဲ့တဲ့ ေလးႏွစ္ကဆိုေတာ့ ၁၂ ႏွစ္အရြယ္ပဲ ရွိေသးတယ္။ အဲဒီမွာ သူအေဖကို ေငြ ၁၀ သိန္းေပးခဲ့တယ္။ ၇ ႏွစ္စာ အိမ္အကူလုပ္ဖို႔လို႔ အိမ္ရွင္က ေျပာလို႔သိရတယ္။ တိုင္းရင္းသားတိုင္းရင္းသူေတြက စာလဲမတတ္ ျမန္မာစကားလည္း မတတ္ဆိုေတာ့ ဘယ္သူ႔ကိုမွ မေျပာရဲဘူး။ အခုလိုခံေနရတာကို တျခားသူေတြျမင္လို႔ လႈပ္လႈပ္ရွားရွားမႏၲေလးသတင္း တက္လာလို႔ အေရးယူတာ။ အခုလို ကေလးေတြ မႏၲေလးသူေဌးအိမ္ေတြမွာ အမ်ားႀကီးရွိတယ္”ဟု စကားျပန္ေပးသူ အမ်ိဳးသမီးက ေျပာသည္။
စုိင္းထူးခန္႔

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
...........
ရှမ်းတိုင်းရင်းသူ ကလေးငယ်ကို အဓမ္မရိုက်နက်သော တရုတ်လင်မယားအား ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူ

မန္တလေး မတ် ၁၆ မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ခြံအမှတ် တ-၂/၉၀ နေအိမ်အတွင်း ရှမ်းတိုင်ရင်သူ အရွယ်မရောက်သေးသည့်ကလေးငယ်ကို အိမ်ရှင်က ဝဲလက်မောင်း တုတ်နှင့်ရိုက်ခြင်း၊ စားသောက်သည့်တူဖြင့် နားအတွင်းထိုး၍ အလုပ်ခိုင်းခြင်း၊ လူမမြင်ရသောနေရာတွေတွင် ရိုက်ထားခြင်းသတင်း လှုပ်လှုပ်ရှားရှား မန္တလေးသတင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာ၍ မတ်လ ၁၆ ရက် ၁ နာရီက စတင်၍ ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူခဲ့သည်။
"အရွယ်မရောက်သေသည့် ရှမ်းတိုင်ရင်းသူပါ အသက်က ၁၆ နှစ်လို့သိရတယ်။ စကားပြန်ကပြောတာ သူက မြန်မာစကားမတတ်ဘူး။ ဒီအိမ်ရောက်တာ လေးနှစ်ရှိပြီ။ တန့်ယန်း-လှိုင်မော်- မန်းပန်း ရှမ်းပြည်မြောက်ပိုင်းကလို့ သိရတယ်။ သူအမည်က မအေးနန်း၊ အိမ်ရှင်က လူမျိုးခြားသူဌေးတွေ အိမ်ရှင်ရဲ့အစ်မက ခေါ်လာပြီး အိမ်အကူအဖြစ် ပို့ပေးထားတာလို့ သိရတယ်။ အသက်မပြည့်တဲ့ ကလေးငယ်ကို နှိပ်စက်တာ အွန်လိုင်းတက်လာလို ဖော်ထုတ်အရေယူတာ”ဟု အမှတ် ၁၁ စခန်းမှူးရဲအုပ်ဝင်းဗိုလ်က ပြောသည်။
“အရွယ်က ၁၆၊ လွန်ခဲ့တဲ့ လေးနှစ်ကဆိုတော့ ၁၂ နှစ်အရွယ်ပဲ ရှိသေးတယ်။ အဲဒီမှာ သူအဖေကို ငွေ ၁၀ သိန်းပေးခဲ့တယ်။ ရ နှစ်စာ အိမ်အကူလုပ်ဖို့လို့ အိမ်ရှင်က ပြောလို့သိရတယ်။ တိုင်းရင်းသားတိုင်းရင်းသူတွေက စာလဲမတတ် မြန်မာစကားလည်း မတတ်ဆိုတော့ ဘယ်သူ့ကိုမှ မပြောရဲဘူး။ အခုလိုခံနေရတာကို တခြားသူတွေမြင်လို့ လှုပ်လှုပ်ရှားရှားမန္တလေးသတင်း တက်လာလို့ အရေးယူတာ။ အခုလို ကလေးတွေ မန္တလေးသူဌေးအိမ်တွေမှာ အများကြီးရှိတယ်”ဟု စကားပြန်ပေးသူ အမျိုးသမီးက ပြောသည်။
စိုင်းထူးခန့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)