ထားဝယ္ ရဲတပ္ဖြဲ႔ ရုိက္ႏွက္တဲ့ အလုပ္သမား အသက္စုိးရိမ္ေနရ(ထားဝယ် ရဲတပ်ဖွဲ့ ရိုက်နှက်တဲ့ အလုပ်သမား အသက်စိုးရိမ်နေရ)


တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕က ဟိုင္းရိုင္ ငါးအေအးခန္းစက္ရံုမွာ တနလၤာေန႔ညက အလုပ္ရွင္နဲ႕အလုပ္သမား ပဋိပကၡျဖစ္ပြားရာကေန ရဲတပ္ဖြဲ႔က  ရုိက္ႏွက္ဖမ္းဆီးမွဳ ေၾကာင့္ အလုပ္သမားတစ္ဦး ဒဏ္ရာအျပင္းအထန္ရၿပီး ရန္ကုန္ေဆးရံုႀကီးမွာ အတြင္းလူနာအျဖစ္ ကုသေနရပါတယ္။

အဲဒီစက္ရံုမွာ အလုပ္ခ်ိန္အတြင္း အရက္ေသာက္ခြင့္မျပဳဘူးလို႔ စည္းကမ္းထုတ္ ထားေပမယ့္ အလုပ္ၿပီးခ်ိန္ညဖက္မွာ အရက္ေသာက္ေနတဲ့ အလုပ္သမားတစ္ေယာက္ ကို တရုတ္နိုင္ငံသား ပိုင္ရွင္ျဖစ္သူက တနလၤာေန႔ညမွာ အလုပ္ထုတ္ရာကေန  အျခား အလုပ္သမားတစ္ေယာက္ျဖစ္သူ ကိုသက္ေနာင္နဲ႔ ပိုင္ရွင္တို႔ အခ်င္းမ်ားခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

အဲဒီေနာက္ ပိုင္ရွင္က တိုင္ၾကားမႈေၾကာင့္ ညနက္ပုိင္းမွာ ျပႆနာေျဖရွင္းဖို႔ ေရာက္လာတဲ့ ရဲတပ္ဖြဲ႔ဝင္ေတြက အလုပ္သမား ကိုသက္ေနာင္ကို အင္အား အလြန္အကြ်ံ သုံးစြဲၿပီး  ရိုက္ႏွက္ဖမ္းဆီးရာကေန ဒဏ္ရာအျပင္းအထန္ရခဲ့တယ္လုိ႔ သူနဲ႔ လုပ္ေဖၚကိုင္ဖက္တစ္ဦးျဖစ္တဲ့ ကိုရဲလင္း က ေျပာပါတယ္။

"စခန္းမွဴးလာတဲ့ အခ်ိန္မွာ ကားထဲမွာရဲေဘာ္ေတြက ေသနတ္ေတြပါလာတယ္၊ ပစ္မယ္၊ ဘာညာနဲ႔ဆိုေတာ့ က်ေနာ္တို႔လည္း ေၾကာက္လန္႔သြားတာေပါ့၊ အခုေဆးရံုေရာက္ေနတဲ့ အကိုကထသြားတယ္၊ ထသြားေတာ့ သူတို႔ကဝိုင္းၿပီးေတာ့ လံုးတယ္၊ လံုးတဲ့အခါက်ေတာ့ သူလံုး၊ ကိုယ္လံုးနဲ႔ဆိုေတာ့ ဟိုအကိုကလည္း ေၾကာက္တာေပါ့၊ သူ႔ကိုလက္ထိပ္ေတြ၊ ဘာေတြခတ္တယ္၊ သူ႔မွာအျပစ္မရွိပဲနဲ႔ ေျပးတဲ့သူကို သူတို႔ကိုခုခံတယ္ဆိုၿပီးေတာ့ ဝိုင္းဝန္းထိုးႀကိတ္ၿပီး နံပါတ္တုတ္ေတြနဲ႔ရိုက္ ပထမဦးဆံုးတစ္ေယာက္က နံပါတ္တုတ္နဲ႔ရိုက္လိုက္တယ္၊ ထိုးတဲ့သူကလည္းထိုးတယ္၊ နံပါတ္တုတ္ရွိတဲ့သူကလည္း တုတ္နဲ႔ရိုက္ေပါ့၊ နားမွာထိသြားတယ္၊ အဲ့မွာသူမူးသြားတဲ့ အခ်ိန္မွာ ေနာက္တစ္ေယာက္ကရိုက္လိုက္တဲ့ အရွိန္ကေတာ္ေတာ္ျပင္းတယ္၊ ေအာက္မွာ သစ္တံုးႀကီးရွိတယ္၊ အဲ့တံုးနဲ႔ ေခါင္းနဲ႔ေျပးေဆာင့္မိတာပါ"

အခုလုိ ရုိက္နွက္ျပီးေနာက္ ရဲတပ္ဖြဲ႕က ဒဏ္ရာရသူ ကိုသက္ေနာင္ကို ထားဝယ္ေဆးရံုပုိ႔ေဆာင္ခဲ့ရာမွာ ဦးေႏွာက္အတြင္း ေသြးယုိစီးမွဳေၾကာင့္ သတိလည္မလာတဲ့အတြက္ ထားဝယ္ကေန  အဂၤါေန႔  ညေန ၅ နာရီေလာက္မွာ  ရန္ကုန္ကုိ စင္းလုံးငွားေလယာဥ္နဲ႔ ထပ္မံပုိ႔ေဆာင္ခဲ့ပါတယ္။  လက္ရွိ ရန္ကုန္ေဆးရံုႀကီးကုိ ေရာက္ရွိၿပီး အသက္အႏၱရာယ္ စိုးရိမ္ေနရတယ္လုိ႔ သိရပါတယ္။ ဘဝတူအလုပ္သမားေတြနဲ႔ မိသားစုဝင္ေတြက ဒီျပႆနာကုိ ဥပေဒေၾကာင္းအရ ေျဖရွင္းႏုိင္ေရးအတြက္ အကူအညီေတြ ရွာေဖြေနတယ္လို႔လည္း သိရွိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................


တနင်္သာရီတိုင်း ထားဝယ်မြို့က ဟိုင်းရိုင် ငါးအအေးခန်းစက်ရုံမှာ တနင်္လာနေ့ညက အလုပ်ရှင်နဲ့အလုပ်သမား ပဋိပက္ခဖြစ်ပွားရာကနေ ရဲတပ်ဖွဲ့က  ရိုက်နှက်ဖမ်းဆီးမှု ကြောင့် အလုပ်သမားတစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။

အဲဒီစက်ရုံမှာ အလုပ်ချိန်အတွင်း အရက်သောက်ခွင့်မပြုဘူးလို့ စည်းကမ်းထုတ် ထားပေမယ့် အလုပ်ပြီးချိန်ညဖက်မှာ အရက်သောက်နေတဲ့ အလုပ်သမားတစ်ယောက် ကို တရုတ်နိုင်ငံသား ပိုင်ရှင်ဖြစ်သူက တနင်္လာနေ့ညမှာ အလုပ်ထုတ်ရာကနေ  အခြား အလုပ်သမားတစ်ယောက်ဖြစ်သူ ကိုသက်နောင်နဲ့ ပိုင်ရှင်တို့ အချင်းများခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပိုင်ရှင်က တိုင်ကြားမှုကြောင့် ညနက်ပိုင်းမှာ ပြဿနာဖြေရှင်းဖို့ ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အလုပ်သမား ကိုသက်နောင်ကို အင်အား အလွန်အကျွံ သုံးစွဲပြီး  ရိုက်နှက်ဖမ်းဆီးရာကနေ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သူနဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုရဲလင်း က ပြောပါတယ်။

"စခန်းမှူးလာတဲ့ အချိန်မှာ ကားထဲမှာရဲဘော်တွေက သေနတ်တွေပါလာတယ်၊ ပစ်မယ်၊ ဘာညာနဲ့ဆိုတော့ ကျနော်တို့လည်း ကြောက်လန့်သွားတာပေါ့၊ အခုဆေးရုံရောက်နေတဲ့ အကိုကထသွားတယ်၊ ထသွားတော့ သူတို့ကဝိုင်းပြီးတော့ လုံးတယ်၊ လုံးတဲ့အခါကျတော့ သူလုံး၊ ကိုယ်လုံးနဲ့ဆိုတော့ ဟိုအကိုကလည်း ကြောက်တာပေါ့၊ သူ့ကိုလက်ထိပ်တွေ၊ ဘာတွေခတ်တယ်၊ သူ့မှာအပြစ်မရှိပဲနဲ့ ပြေးတဲ့သူကို သူတို့ကိုခုခံတယ်ဆိုပြီးတော့ ဝိုင်းဝန်းထိုးကြိတ်ပြီး နံပါတ်တုတ်တွေနဲ့ရိုက် ပထမဦးဆုံးတစ်ယောက်က နံပါတ်တုတ်နဲ့ရိုက်လိုက်တယ်၊ ထိုးတဲ့သူကလည်းထိုးတယ်၊ နံပါတ်တုတ်ရှိတဲ့သူကလည်း တုတ်နဲ့ရိုက်ပေါ့၊ နားမှာထိသွားတယ်၊ အဲ့မှာသူမူးသွားတဲ့ အချိန်မှာ နောက်တစ်ယောက်ကရိုက်လိုက်တဲ့ အရှိန်ကတော်တော်ပြင်းတယ်၊ အောက်မှာ သစ်တုံးကြီးရှိတယ်၊ အဲ့တုံးနဲ့ ခေါင်းနဲ့ပြေးဆောင့်မိတာပါ"

အခုလို ရိုက်နှက်ပြီးနောက် ရဲတပ်ဖွဲ့က ဒဏ်ရာရသူ ကိုသက်နောင်ကို ထားဝယ်ဆေးရုံပို့ဆောင်ခဲ့ရာမှာ ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် သတိလည်မလာတဲ့အတွက် ထားဝယ်ကနေ  အင်္ဂါနေ့  ညနေ ၅ နာရီလောက်မှာ  ရန်ကုန်ကို စင်းလုံးငှားလေယာဉ်နဲ့ ထပ်မံပို့ဆောင်ခဲ့ပါတယ်။  လက်ရှိ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဘဝတူအလုပ်သမားတွေနဲ့ မိသားစုဝင်တွေက ဒီပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရေးအတွက် အကူအညီတွေ ရှာဖွေနေတယ်လို့လည်း သိရှိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)