ညီအကို ႏွစ္ေယာက္က ညီအမ ဝမ္းကြဲ ႏွစ္ဦး ကို ဓားျဖင့္ထိုး ၊ တစ္ဦးေသဆုံး ၊ တစ္ဦးျပင္းထန္စြာ ဒဏ္ရာရ


ပဲခူးတိုင္းေဒသၾကီး သာယာဝတီၿမိဳ႕နယ္ သုံးဆယ္ၿမိဳ႕ ေအာက္လက္ပံခုန္ေက်းရြာတြင္ လူသတ္မွဳ႕တစ္ခု ကို ၁၇ ၃ ၂၀၁၆ ရက္ေန႔ ေန႔လယ္ ၁း၃၀ အခ်ိန္တြင္ ျဖစ္ပြားခ့ဲရာ တစ္ဦးအခင္းျဖစ္ရာတြင္ ေသဆုံးခဲ့ျပီး၊ က်န္တစ္ဦးမွာ ျပင္းထန္စြာ ဒဏ္ရာရသည္ဟု သိရသည္ ။

အဆိုပါ လူသတ္မွဳ႕ျဖစ္ပြားရျခင္းမွာ ( ဘ )ဦးေက်ာက္ဒိုး ၏ သားျဖစ္ေသာ ညီအကိုျဖစ္ေသာ ကိုေနလင္းေအာင္ ၊ ကိုေနမ်ိဳးထက္ ညီအကို ႏွစ္ဦး ႏွင့္အတူ ကိုခ်စ္ဦးပါ သုံးဦးတို႔သည္ ၊ အလယ္ကုန္းရပ္ကြက္ ဖိုးေခါင္လမ္း ရွိ လမ္းေဘး အရက္ဆိုင္တြင္ အရက္ကို အလြန္အကြ်ံ ေသာက္သုံးခ့ဲျပီး ၊ ေအာက္လက္ပံခုန္ ေက်းရြာသို႔ ျပန္လာခ့ဲပါသည္၊ ျပန္လာခ်ိန္တြင္ အေဒၚျဖစ္သူ ေဒၚျပံဳး မွ ညီအကိုႏွစ္ေယာက္၏ မိခင္ျဖစ္သူေဒၚတင္ေဌးကို တိုင္ၾကားခ့ဲသျဖင့္ မိခင္ျဖစ္သူ မွာ သားႏွစ္ဦးကို ဆူပူ ခ႔ဲသျဖင့္ ညီအကို ႏွစ္ဦးမွာ အေဒၚျဖစ္သူကို ရုိက္ရန္ ရွာေဖြခ့ဲခ်ိန္တြင္ မိခင္ျဖစ္သူမွ သိသျဖင့္ ကိုင္းေတာထဲတြင္ ျပန္ေနထိုင္ရန္ ေျပာသျဖင့္ ကိုင္းထဲသို႔ ျပန္လာခ့ဲပါသည္ ။ ကိုင္းေတာထဲသို႔ ျပန္ခ်ိန္တြင္ ညီအမ ႏွစ္ဦးျဖစ္ေသာ ( ဘ )ဦးေက်ာ္ျမင့္၏ သမီးျဖစ္သူ မဇင္မာမိုး ႏွင့္ ( ဘ )ဦးျမစိုး၏ သမီးျဖစ္သူ မရင္ရင္ႏြယ္ တို႔ ညီအမ ဝမ္းကြဲ ႏွစ္ဦး တို႔သည္ ၾကပ္ကေလး ေတာထဲမွ ေအာက္လက္ပံခုန္ ေက်းရြာသို ့ျပန္လာစဥ္ ယင္းညီအကို ႏွစ္ဦး ျဖင့္ေတြ႕ရွိျပီး ယခင္က စကားမ်ား ခ့ဲရာမွ ယခုအခါ တြင္ ဆဲဆိုထားသည္ကို မေက်နပ္သျဖင့္ ယခုလိုျဖစ္ပြားခ့ဲပါသည္ ။

ျဖစ္ပြားခ့ဲခ်ိန္ ( ဘ ) ဦးျမစိုး ၏ သမီးျဖစ္သူ မရင္ရင္ႏြယ္ မွာ ဓားဒဏ္ရာျဖင့္ ေသြးမ်ားေပက်ံကာ အုပ္ခ်ဳပ္ေရးမွဴး ကိုေအးေသာင္းေနအိမ္သို႔ အေျပးအလႊား ျဖင့္ေရာက္ကာ အကူအညီ ေတာင္းခ့ဲရာ အုပ္ခ်ဳပ္ေရးမွဴး ကိုေအးေသာင္းမွာ အခ်ိန္ျဖင့္ တစ္ေျပးညီ သုံးဆယ္ ရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ အေၾကာင္းၾကားျခင္း အခင္းျဖစ္ရာ အရပ္သို႔ အခ်ိန္ျဖင့္ တစ္ေျပးညီ ေရာက္ရွိျပီး ဓားဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ မဇင္မာမိုး လက္ယာဘတ္ျခမ္း ထိုးသြင္းဒဏ္ရာ ႏွစ္ခ်က္ျဖင့္ ေသဆုံးခ့ဲပါသည္ ။ ေသဆုံးသူႏွင့္ ဒဏ္ရာရသူမ်ားကို သာယာဝတီခရုိင္ျပည္သူ႔ေဆးရုံၾကီးသို႔ သုံးဆယ္ၿမိဳ႔ ကရုဏာရွင္ လူမွဳ႕ကူညီေရးအသင္းကားျဖင့္ ေပးပို႔ျခင္းမ်ားျပဳလုပ္ခ့ဲပါသည္ ။


ျပစ္မွဳ႕က်ဳးလြန္သူမ်ားကို ဖမ္းဆီးနိင္ရန္အတြက္ သာယာဝတီ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္ေဆြ မွ အခင္းျဖစ္ေသာေနရာ အရပ္တြင္ ကိုယ္တိုင္ၾကီးၾကပ္ကာ ေဆာင္ရြက္ခ့ဲပါသည္။

ျပစ္မွဳ႕က်ဳးလြန္သူမ်ားကို ဖမ္းဆီးရန္အတြက္ ေျမပုံမ်ားေရးဆြဲျခင္း အနီးနားရွိ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို ဖုန္းျဖင့္ဆက္သြယ္ အေၾကာင္းၾကားျခင္းျဖင့္ ကိုေနမ်ိဳးထက္ကို အိပ္လဟာ ေက်းရြာ၏ ေျမာက္ဘတ္ အိပ္လဟာ အင္းအနီးကိုင္းေတာထဲ တြင္ အခင္းျဖစ္ခ်ိန္၏ ႏွစ္နာရီအတြင္း ဖမ္းဆီးရမိခ့ဲပါသည္ ။

ထို႔ေနာက္ ထြက္ေျပးလြတ္ေျမာက္ေနေသာ ကိုေနလင္းေအာင္ အား ဖမ္းဆီးနိင္ရန္အတြက္ အဖြဲ႕သုံးဖြဲ႕ဖြဲ႕ကာ ရွာေဖြခ့ဲရာ အခင္းျဖစ္ခ်ိန္ ၏ ၄နာရီအၾကာတြင္ ထပ္မံဖမ္းဆီးရမိခ့ဲပါသည္ ။

ဖမ္းဆီးရမိေသာ ကိုေနလင္းေအာင္ ႏွင့္ကိုေနမ်ိဳးထက္ ညီအကို ႏွစ္ဦးအား အေရးယူေပးပါရန္ သုံးဆယ္ၿမိဳ႕ရဲစခန္းကို တရားလို တိုင္ၾကားလာသျဖင့္ ရဲစခန္းမွ တိုင္ၾကားစာကို လက္ခံျပီး ရဲစခန္းမွ ပ /၇၄ / ၂၀၁၆ ျပစ္မွဳ႕ဆိုင္ရာပုဒ္မ ၃၀၂ / ၃၂၆ ျဖင့္အေရးယူ နိုင္ စခန္းမွဴးရဲအုပ္ေဇာ္နိင္ဝင္း အမွဳ႕ကိုလက္ခံျပီးအေရးယူနိင္ စီစဥ္ေဆာင္ရြက္ျပီး သာယာဝတီ တရားရုံးသို႔တရားစြဲဆိုနိင္ရန္ ေဆာင္ရြက္လွ်က္ရွိသည္ဟုသိရသည္ ။

 ဖိုးစံ သာယာ၀တီ (fb)
............


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ အောက်လက်ပံခုန်ကျေးရွာတွင် လူသတ်မှု့တစ်ခု ကို ၁၇ ၃ ၂၀၁၆ ရက်နေ့ နေ့လယ် ၁း၃၀ အချိန်တွင် ဖြစ်ပွားခဲ့ရာ တစ်ဦးအခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး၊ ကျန်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရသည်ဟု သိရသည် ။

အဆိုပါ လူသတ်မှု့ဖြစ်ပွားရခြင်းမှာ ( ဘ )ဦးကျောက်ဒိုး ၏ သားဖြစ်သော ညီအကိုဖြစ်သော ကိုနေလင်းအောင် ၊ ကိုနေမျိုးထက် ညီအကို နှစ်ဦး နှင့်အတူ ကိုချစ်ဦးပါ သုံးဦးတို့သည် ၊ အလယ်ကုန်းရပ်ကွက် ဖိုးခေါင်လမ်း ရှိ လမ်းဘေး အရက်ဆိုင်တွင် အရက်ကို အလွန်အကျွံ သောက်သုံးခဲ့ပြီး ၊ အောက်လက်ပံခုန် ကျေးရွာသို့ ပြန်လာခဲ့ပါသည်၊ ပြန်လာချိန်တွင် အဒေါ်ဖြစ်သူ ဒေါ်ပြုံး မှ ညီအကိုနှစ်ယောက်၏ မိခင်ဖြစ်သူဒေါ်တင်ဌေးကို တိုင်ကြားခဲ့သဖြင့် မိခင်ဖြစ်သူ မှာ သားနှစ်ဦးကို ဆူပူ ခဲ့သဖြင့် ညီအကို နှစ်ဦးမှာ အဒေါ်ဖြစ်သူကို ရိုက်ရန် ရှာဖွေခဲ့ချိန်တွင် မိခင်ဖြစ်သူမှ သိသဖြင့် ကိုင်းတောထဲတွင် ပြန်နေထိုင်ရန် ပြောသဖြင့် ကိုင်းထဲသို့ ပြန်လာခဲ့ပါသည် ။ ကိုင်းတောထဲသို့ ပြန်ချိန်တွင် ညီအမ နှစ်ဦးဖြစ်သော ( ဘ )ဦးကျော်မြင့်၏ သမီးဖြစ်သူ မဇင်မာမိုး နှင့် ( ဘ )ဦးမြစိုး၏ သမီးဖြစ်သူ မရင်ရင်နွယ် တို့ ညီအမ ဝမ်းကွဲ နှစ်ဦး တို့သည် ကြပ်ကလေး တောထဲမှ အောက်လက်ပံခုန် ကျေးရွာသို ့ပြန်လာစဉ် ယင်းညီအကို နှစ်ဦး ဖြင့်တွေ့ရှိပြီး ယခင်က စကားများ ခဲ့ရာမှ ယခုအခါ တွင် ဆဲဆိုထားသည်ကို မကျေနပ်သဖြင့် ယခုလိုဖြစ်ပွားခဲ့ပါသည် ။

ဖြစ်ပွားခဲ့ချိန် ( ဘ ) ဦးမြစိုး ၏ သမီးဖြစ်သူ မရင်ရင်နွယ် မှာ ဓားဒဏ်ရာဖြင့် သွေးများပေကျံကာ အုပ်ချုပ်ရေးမှူး ကိုအေးသောင်းနေအိမ်သို့ အပြေးအလွှား ဖြင့်ရောက်ကာ အကူအညီ တောင်းခဲ့ရာ အုပ်ချုပ်ရေးမှူး ကိုအေးသောင်းမှာ အချိန်ဖြင့် တစ်ပြေးညီ သုံးဆယ် ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခြင်း အခင်းဖြစ်ရာ အရပ်သို့ အချိန်ဖြင့် တစ်ပြေးညီ ရောက်ရှိပြီး ဓားဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် မဇင်မာမိုး လက်ယာဘတ်ခြမ်း ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့ပါသည် ။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သုံးဆယ်မြို့ ကရုဏာရှင် လူမှု့ကူညီရေးအသင်းကားဖြင့် ပေးပို့ခြင်းများပြုလုပ်ခဲ့ပါသည် ။

ပြစ်မှု့ကျုးလွန်သူများကို ဖမ်းဆီးနိင်ရန်အတွက် သာယာဝတီ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ မှ အခင်းဖြစ်သောနေရာ အရပ်တွင် ကိုယ်တိုင်ကြီးကြပ်ကာ ဆောင်ရွက်ခဲ့ပါသည်။

ပြစ်မှု့ကျုးလွန်သူများကို ဖမ်းဆီးရန်အတွက် မြေပုံများရေးဆွဲခြင်း အနီးနားရှိ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခြင်းဖြင့် ကိုနေမျိုးထက်ကို အိပ်လဟာ ကျေးရွာ၏ မြောက်ဘတ် အိပ်လဟာ အင်းအနီးကိုင်းတောထဲ တွင် အခင်းဖြစ်ချိန်၏ နှစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါသည် ။

ထို့နောက် ထွက်ပြေးလွတ်မြောက်နေသော ကိုနေလင်းအောင် အား ဖမ်းဆီးနိင်ရန်အတွက် အဖွဲ့သုံးဖွဲ့ဖွဲ့ကာ ရှာဖွေခဲ့ရာ အခင်းဖြစ်ချိန် ၏ ၄နာရီအကြာတွင် ထပ်မံဖမ်းဆီးရမိခဲ့ပါသည် ။

ဖမ်းဆီးရမိသော ကိုနေလင်းအောင် နှင့်ကိုနေမျိုးထက် ညီအကို နှစ်ဦးအား အရေးယူပေးပါရန် သုံးဆယ်မြို့ရဲစခန်းကို တရားလို တိုင်ကြားလာသဖြင့် ရဲစခန်းမှ တိုင်ကြားစာကို လက်ခံပြီး ရဲစခန်းမှ ပ /၇၄ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၀၂ / ၃၂၆ ဖြင့်အရေးယူ နိုင် စခန်းမှူးရဲအုပ်ဇော်နိင်ဝင်း အမှု့ကိုလက်ခံပြီးအရေးယူနိင် စီစဉ်ဆောင်ရွက်ပြီး သာယာဝတီ တရားရုံးသို့တရားစွဲဆိုနိင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည် ။

 ဖိုးစံ သာယာဝတီ (fb)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)