သမိုင္း မုဒိတာအိမ္ရာမွာ စိတ္ၾကြရူးသြပ္ေဆးျပား ၆ သိန္းေက်ာ္ ဖမ္းဆီးရမိ


 ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ဗဟုိလမ္း၊ သမုိင္း မုဒိတာအိမ္ရာ၊ အေဆာင္ (C)၊ အခန္း(၂၀၈)၊ (ပ)ထပ္ေနအိမ္မွာ မတ္လ ၃ ရက္ေန ့ညပုိင္းက စိတ္ၾကြရူးသြပ္ေဆးျပား ၆ သိန္းေက်ာ္ ဖမ္းဆီးရမိ ေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့က သတင္းထုတ္ျပန္လုိက္ပါတယ္။

အဆုိပါေနအိမ္ကုိ မရမ္းကုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ဦးစီးေသာ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ WY စာတန္း ပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၆၄ဝဝဝဝ (၆၄ ကီလို)၊ ဘိန္းမည္း (၅၂) ဂရမ္ ၊ ICE ပုံေဆာင္ခဲ (၄၄) ဂရမ္၊ ျမန္မာက်ပ္ေငြ သိန္း ၁ဝဝ တို႔ႏွင့္အတူ အိမ္ရွင္ ေစာဘာလာေစာ (ခ) ဝဏၰစိုး၊ ေဇာ္သန္း၊ သက္ႏိုင္၊ ေက်ာ္မင္းဦး၊ မနားယူဟက္ႏွင့္ မရွိဆာမီတို႔အား ရွာေဖြေတြ႕ရွိ ဖမ္းဆီးရမိခဲ့ပါတယ္။

 ေစာဘာလာေစာ (ခ) ၀ဏၰစုိးပါ(၆)ဦးတုိ႔အား မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမရဲစခန္း မယ(ပ)၂/၂၀၁၆၊ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားအႏၲရာယ္ တားဆီးကာကြယ္
ေရး ဥပေဒပုဒ္မ-၁၅/၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ အေရးယူထားပါတယ္။

အဆုိပါအမႈမွ တရားခံမ်ားရဲ ့ေဖာ္ထုတ္ခ်က္အရ မႏၲေလးတုိင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၆၇၀၇၈၀၀)ျပား၊ ICE အျဖဴေရာင္ပံုေဆာင္ခဲ(၈၂)
ကီလုိ၊ ဘိန္းဆီခဲ(၁၅)ကီလုိ၊ ဘိန္းျဖဴ  (၂၄.၃၇)ကီလုိတုိ႔အား ဆက္စပ္တရားခံ (၃)ဦးတုိ႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တုိင္း ရဲတပ္ဖဲြ ့က Yangon Police (facebook) ကေန သတင္းထုတ္ျပန္ ထားပါတယ္။

by သစ္ထူးလြင္
.......................


 ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗဟိုလမ်း၊ သမိုင်း မုဒိတာအိမ်ရာ၊ အဆောင် (C)၊ အခန်း(၂၀၈)၊ (ပ)ထပ်နေအိမ်မှာ မတ်လ ၃ ရက်နေ ့ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါနေအိမ်ကို မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄ဝဝဝဝ (၆၄ ကီလို)၊ ဘိန်းမည်း (၅၂) ဂရမ် ၊ ICE ပုံဆောင်ခဲ (၄၄) ဂရမ်၊ မြန်မာကျပ်ငွေ သိန်း ၁ဝဝ တို့နှင့်အတူ အိမ်ရှင် စောဘာလာစော (ခ) ဝဏ္ဏစိုး၊ ဇော်သန်း၊ သက်နိုင်၊ ကျော်မင်းဦး၊ မနားယူဟက်နှင့် မရှိဆာမီတို့အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ပါတယ်။

 စောဘာလာစော (ခ) ၀ဏ္ဏစိုးပါ(၆)ဦးတို့အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်
ရေး ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားပါတယ်။

အဆိုပါအမှုမှ တရားခံများရဲ ့ဖော်ထုတ်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၆၇၀၇၈၀၀)ပြား၊ ICE အဖြူရောင်ပုံဆောင်ခဲ(၈၂)
ကီလို၊ ဘိန်းဆီခဲ(၁၅)ကီလို၊ ဘိန်းဖြူ  (၂၄.၃၇)ကီလိုတို့အား ဆက်စပ်တရားခံ (၃)ဦးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ ့က Yangon Police (facebook) ကနေ သတင်းထုတ်ပြန် ထားပါတယ်။

by သစ်ထူးလွင်
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)