စကၤာပူေငြလႊဲသူေတြ စုိးရိမ္

စကၤာပူႏုိင္ငံက Penisula Plaza ကို ေတြ႔ရစဥ္။ Photo:www.singapore-guide.com
စကၤာပူနုိင္ငံမွာ ျမန္မာႏုိင္ငံကို ေငြလဲႊတဲ့ ဆုိင္ပိုင္ရွင္ဟာ ဆိုင္ပိတ္ထားၿပီး ေငြေတြလည္း မေရာက္တာေၾကာင့္ ေငြ လဲႊသူေတြက တရားစဲြဆိုဖို႔ ျပင္ဆင္ေနၾကပါတယ္။

စကၤာပူႏုိင္ငံ Peninsula Plaza က ေငြလဲႊတဲ့ "သူေဌးသမီးဆုိင္" ဟာ ပိတ္ထားတာျဖစ္ၿပီး ၂ ပတ္ၾကာတဲ့အထိ လဲႊေငြေတြ မေရာက္ေသးတာျဖစ္တဲ့အတြက္ စကၤာပူနုိင္ငံမွာ တရားစဲြမယ္လို႔ စကၤာပူေဒၚလာ ၄ ေသာင္း လဲႊခဲ့သူ ေဒၚေအးေအးျမင့္က ေျပာပါတယ္။

"က်မ ေငြလႊဲတာက ၃ ရက္ေန႔ကလႊဲလိုက္တာပါ၊ ၈ ရက္ေန႔ကို ေရာက္ေစရမယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ က်မကို ေျပာ လိုက္တာပါ၊ ၈ ရက္ေန႔ လံုးဝမေက်ာ္ဘူးေပါ့ေနာ္၊ စကၤာပူေဒၚလာ ၄ ေသာင္း၊ အဲ့ဒီေန႔က ေငြေစ်းနဲ႔ တြက္လို႔ရွိရင္ ၃၄၆ သိန္းေလာက္က်တယ္၊ ဒီေငြပမာဏကေလ က်မတို႔က တကယ္လိမ္မေျပာဘူး၊ ဟိုမွာက ၂ နာရီ ၅ က်ပ္ေလးနဲ႔ အလုပ္လုပ္လာတဲ့လူဆိုေတာ့ေလ က်မတို႔ဘက္က ဒီပိုက္ဆံကို မသံုးမစားပဲနဲ႔ ဒီလိုစုတာေတာင္မွ ၁ဝ ႏွစ္ေလာက္မွ စုႏိုင္မွာ၊ က်မ စကၤာပူ အစိုးရနဲ႔ တိုင္မလို႔တြက္ထားတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ဆိုင္က စကၤာပူမွာဖြင့္ထားတာေလ၊ လႊဲတဲ့သူအကုန္လံုးက ျမန္မာျပည္သံရံုကေန တိုင္မယ္လို႔ေျပာထားတယ္"

သူေဌးသမီး ေငြလႊဲဆုိင္ဟာ အခုပိတ္ထားတာေၾကာင့္ အဲ့ဒီဆုိင္ေရွ႕ Penisula plaza ၅ လႊာက ဆုိင္ေရွ႕မွာ လာေရာက္ ေစာင့္ဆုိင္ေနသူေတြလည္းရိွေၾကာင္း ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာလည္း အဲ့ဒီဆုိင္ရဲ႕ ဆုိင္ခြဲကုိ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ဖြင့္လွစ္ထားၿပီး အဲ့ဒီဆုိင္ဟာလည္း ပိတ္ထားတယ္လုိ႔ သိရပါတယ္။ ဆုိင္ ၂ ဆုိင္လုံးရဲ႕ေရွ႕မွာ နာေရးကိစၥေၾကာင့္ ဆုိင္ပိတ္ထားတယ္ဆုိၿပီး စာရြက္ေတြကပ္ထားေၾကာင္း ေငြလႊဲထားသူေတြက ေျပာပါတယ္။

ေငြလႊဲထားသူအမ်ားစုဟာ မတ္လ ပထမအပတ္တည္းက လႊဲထားသူေတြျဖစ္ပါတယ္။

သူေဌးသမီးဆုိင္ ရန္ကုန္ဆုိင္ခြဲကုိ RFA က ဆက္သြယ္ရာမွာ ဖုန္းေတြပိတ္ထားတာေၾကာင့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေမးျမန္းခြင့္မရခ့ဲပါဘူး။

သူေဌးသမီးေငြလႊဲဆုိင္ဟာ Penisula Plaza မွာ ဖြင့္လွစ္ထားတာ ၅ ႏွစ္နီးပါးရွိေနၿပီျဖစ္ၿပီး ပုိင္ရွင္အေျပာင္းအလဲ ၃ ႀကိမ္ေလာက္ျဖစ္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

စကၤာပူႏုိင္ငံမွာ ျမန္မာႏုိင္ငံကုိ ေငြလႊဲလုပ္ငန္းလုပ္ကုိင္တဲ့ဆုိင္ ၁ဝ ခုေက်ာ္ရွိၿပီး ဆုိင္အားလုံးဟာ တရားမဝင္ ဖြင့္လွစ္ထားတဲ့ ဆုိင္ေတြျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............

စင်္ကာပူနိုင်ငံက Penisula Plaza ကို တွေ့ရစဉ်။ Photo:www.singapore-guide.com
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကို ငွေလွှဲတဲ့ ဆိုင်ပိုင်ရှင်ဟာ ဆိုင်ပိတ်ထားပြီး ငွေတွေလည်း မရောက်တာကြောင့် ငွေ လွှဲသူတွေက တရားစွဲဆိုဖို့ ပြင်ဆင်နေကြပါတယ်။

စင်္ကာပူနိုင်ငံ Peninsula Plaza က ငွေလွှဲတဲ့ "သူဌေးသမီးဆိုင်" ဟာ ပိတ်ထားတာဖြစ်ပြီး ၂ ပတ်ကြာတဲ့အထိ လွှဲငွေတွေ မရောက်သေးတာဖြစ်တဲ့အတွက် စင်္ကာပူနိုင်ငံမှာ တရားစွဲမယ်လို့ စင်္ကာပူဒေါ်လာ ၄ သောင်း လွှဲခဲ့သူ ဒေါ်အေးအေးမြင့်က ပြောပါတယ်။

"ကျမ ငွေလွှဲတာက ၃ ရက်နေ့ကလွှဲလိုက်တာပါ၊ ၈ ရက်နေ့ကို ရောက်စေရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျမကို ပြော လိုက်တာပါ၊ ၈ ရက်နေ့ လုံးဝမကျော်ဘူးပေါ့နော်၊ စင်္ကာပူဒေါ်လာ ၄ သောင်း၊ အဲ့ဒီနေ့က ငွေစျေးနဲ့ တွက်လို့ရှိရင် ၃၄၆ သိန်းလောက်ကျတယ်၊ ဒီငွေပမာဏကလေ ကျမတို့က တကယ်လိမ်မပြောဘူး၊ ဟိုမှာက ၂ နာရီ ၅ ကျပ်လေးနဲ့ အလုပ်လုပ်လာတဲ့လူဆိုတော့လေ ကျမတို့ဘက်က ဒီပိုက်ဆံကို မသုံးမစားပဲနဲ့ ဒီလိုစုတာတောင်မှ ၁ဝ နှစ်လောက်မှ စုနိုင်မှာ၊ ကျမ စင်္ကာပူ အစိုးရနဲ့ တိုင်မလို့တွက်ထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆိုင်က စင်္ကာပူမှာဖွင့်ထားတာလေ၊ လွှဲတဲ့သူအကုန်လုံးက မြန်မာပြည်သံရုံကနေ တိုင်မယ်လို့ပြောထားတယ်"

သူဌေးသမီး ငွေလွှဲဆိုင်ဟာ အခုပိတ်ထားတာကြောင့် အဲ့ဒီဆိုင်ရှေ့ Penisula plaza ၅ လွှာက ဆိုင်ရှေ့မှာ လာရောက် စောင့်ဆိုင်နေသူတွေလည်းရှိကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲ့ဒီဆိုင်ရဲ့ ဆိုင်ခွဲကို စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားပြီး အဲ့ဒီဆိုင်ဟာလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ ဆိုင် ၂ ဆိုင်လုံးရဲ့ရှေ့မှာ နာရေးကိစ္စကြောင့် ဆိုင်ပိတ်ထားတယ်ဆိုပြီး စာရွက်တွေကပ်ထားကြောင်း ငွေလွှဲထားသူတွေက ပြောပါတယ်။

ငွေလွှဲထားသူအများစုဟာ မတ်လ ပထမအပတ်တည်းက လွှဲထားသူတွေဖြစ်ပါတယ်။

သူဌေးသမီးဆိုင် ရန်ကုန်ဆိုင်ခွဲကို RFA က ဆက်သွယ်ရာမှာ ဖုန်းတွေပိတ်ထားတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်မရခဲ့ပါဘူး။

သူဌေးသမီးငွေလွှဲဆိုင်ဟာ Penisula Plaza မှာ ဖွင့်လှစ်ထားတာ ၅ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ပိုင်ရှင်အပြောင်းအလဲ ၃ ကြိမ်လောက်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ဆိုင် ၁ဝ ခုကျော်ရှိပြီး ဆိုင်အားလုံးဟာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)