ပြန်ကြားရေးဝန်ကြီး ပြော စကား ဝေဖန်နေကြ
 ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးဟောင်းတွေဟာ သူတို့ကိုနိုင်ငံတော်က ဝန်ကြီးကာလသက်တမ်းအတွင်း နေထိုင်ဖို့ပေးထားတဲ့ အိမ်တွေက ပစ္စည်းတွေကို အကုန်ယူသွားတယ် ဆိုပြီး အင်တာနက်ပေါ်မှာ ရေးသားနေကြတာတွေဟာ လုံးဝမဟုတ်ပါဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မနေ့က ချေပပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ဝန်ကြီးနဲ့ ဒုဝန်ကြီးခန့်အပ်ခံရသူတွေကို အစိုးရက နေအိမ်တွေ ပေးတဲ့အခါ အိမ်အခွံပဲ ပေး တာဖြစ်ကြောင်း၊ အဆင်သင့်ပါတဲ့ ပစ္စည်းဆိုလို့ အဲကွန်းလေအေးစက်တစ်လုံးနဲ့ ရေမီးစနစ်ပဲပါကြောင်း၊ ဒါပေမဲ့ အဲဒီလို ဝန်ကြီး၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပရိဘောဂစရိတ် သိန်းသုံးဆယ် ထုတ်ပေးကြောင်း၊ အဲဒီငွေနဲ့ ကိုယ့်ဘာသာ ဝယ်ယူဖြည့်တင်းရတာဖြစ်တဲ့အတွက် ၀န်ကြီးနဲ့ ဒုဝန်ကြီး တာဝန်တွေထမ်းဆောင်ပြီးတဲ့အခါ မိမိတို့ကို ခွင့်ပြုငွေနဲ့ ဝယ်ထားတဲ့ပရိဘောဂတွေကို ယူသွားပြီး အိမ်တွေကို မူလအတိုင်း ပြန်လွှဲပေးရကြောင်း ဝန်ကြီး ဦးရဲထွဋ်က တင်ပြထားပါတယ်။
တဆက်တည်းမှာပဲ သူက အခုလိုရှင်းပြခဲ့ရာမှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အခန်းအားလုံး အဲကွန်းတပ်ရင် သိန်းသုံးဆယ်နဲ့ မလောက်ဘူး၊ဝန်ကြီးသစ်တွေက ကိုယ့်အိပ်ယာလိပ်နဲ့ ကိုယ်လာရမှာလား ဆိုပြီး ပြန်လည်ပြောဆိုတဲ့အတွက် အန်ကယ်တို့ အစိုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင်ရင် သိန်းတစ်ထောင်ပေး လည်းရပါတယ်လို့ ပြန်ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားပါတယ်။
RFA Burmese
Ye Htut 
အင်တာနက်ပေါ်မှာ ၀န်ကြီးဟောင်းတွေက အိမ်ကပစ္စည်းတွေအကုန်ယူသွားတယ် ဆိုပြီး ဖြန့်နေပါတယ်။ အဲဒါလုံးဝမဟုတ်ပါဘူး။
တာဝန်လွှဲပြောင်းအစည်းအဝေးမှာလည်း ဦးဝင်းထိန်က သူတို့ ၀န်ကြီးအိမ်တွေ သွားကြည့်တဲ့အခါ ပရိဘောဂတွေမရှိဘူး။အဲကွန်းလည်း တစ်လုံးပဲတွေ့တယ်။ ယူသွားကြတယ်။ လမ်းစဉ်ပါတီခေတ်က ၀န်ကြိးတွေအိမ်မှာ ပရိဘောအပြည့်အစုံထည့်ပေးထားတယ်လို့ ဆွေးနွေးတယ်။ သူက လမ်းစဉ် ပါတီခေတ်ပဲမီခဲ့တာကိုး။
အဲဒါဟာ လုပ်ထုံးလုပ်နည်းကို မသိပဲ ကိုယ့်ဘာသာကိုယ်ကောက်ချက်ဆွဲတာဖြစ် တယ်လို့ ပြန်ရှင်းပြခဲ့ရတယ်။ နေပြည်တော်မှာ ၀န်ကြီး၊ ဒုဝန်ကြီး အိမ် တွေကို ၀န်ကြီး၊ ဒုဝန်ကြီးခန့်အပ်ခံရသူတွေကို ပေးတဲ့အခါ အိမ်အခွံပဲ ပေးတာပါ။ အသင့်ပါတာဆိုလို့ အဲကွန်းတစ်လုံးနဲ့ ရေမီးစနစ်ပဲပါ ပါတယ်။ ပြီးရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီး၊ ဒုဝန်ကြီး ခန့်အပ်ခံရသူကို ပရိဘောဂ စရိတ် သိန်းသုံးဆယ်ထုတ်ပေးပါ တယ်။ အဲဒိငွေနဲ့ ကိုယ့်ဘာသာဖြည့်ရပါတယ်။ မိမိမှာမူလထဲက ပရိဘောဂ ရှိပြီးဖြစ်ရင်ကျန်တာဝယ်ပေါ့။
ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ပြီးရင် မိမိကို ခွင့်ပြုငွေနဲ့ ၀ယ်ထားတဲ့ပရိဘောဂများကို ယူသွားပြီး အိမ်ကို မူလ အတိုင်း ပြန်လွှဲ ပေးရပါတယ်။ ကိုယ်စိုက်ခဲ့တဲ့ ပန်းပင် ရွှေ့လို့ရရင် ရွှေ့ယူ မှာ ပေါ့။ နိုင်ငံတော်က စိုက်ပေးထားတာမှမဟုတ်တာ။ နောက်ဝန်ကြီး၊ဒုဝန်ကြီးအသစ်တွေအတွက် အိမ်ပေး တဲ့အခါ ပရိဘောဂ စရိတ်သိန်းသုံးဆယ်ထပ်ပြီးထုတ်ပေးပါတယ်။ အခု အစိုးရသစ် ၀န်ကြီး၊ ဒုဝန်ကြီးများအတွက်လည်း အဲဒီလိုပေးနိုင်ဖို့ ဘတ်ဂျက်လျာထားပြီး ဖြစ်ပါတယ်။
အဲဒီ စနစ်ကို ဦးဝင်းထိန်က မလေ့လာပဲ ပြောလို့အသေးစိတ်ရှင်းပြပြီး ၀န်ကြီး၊ ဒုဝန်ကြီးအိမ်တွေလွှဲတဲ့အခါ ပါတဲ့ ပစ္စည်းစာရင်း ( မီးလုံး၊ ရေပိုက်ခေါင်း ) စတာတွေနဲ့ အလွှဲအပြောင်းစစ်ဆေးချက် ပုံစံတစ်စုံကို နမူနာပေးလိုက် ပါတယ်။
ဦးဝင်းထိန်က အခန်းအားလုံး အဲကွန်းတပ်ရင် သိန်းသုံးဆယ် နဲ့ မလောက်ဘူး၊၀န်ကြီးသစ်တွေက ကိုယ့်အိပ်ယာလိပ်နဲ့ကိုယ်လာရမှာလားပြောလို့ အန်ကယ်တို့ အစိုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင် ရင် သိန်းတစ်ထောင်ပေးလဲရပါတယ်လို့တောင် ပြန်ပြောခဲ့ရပါတယ်။
အဲဒီနေ့ကလည်း ဦးဝင်းထိန်ကို အန်ကယ်တို့ မသိပဲ ပြော တာအရေးမကြီးဘူး၊ အန်ကယ်တို့လူတွေက လေဖမ်း ဒါန်းစီးပြီး ရေးနေ ဦးမယ်၊အဲဒီအခါကျရင် ကျွန်တော် မီဒီယာပေါ်က တက်ရှင်းရလိမ့်မယ်လို့ သတိပေးခဲ့သေးတယ်။ ထင်တဲ့အတိုင်း အခုလို လျှောက် ဖွ ရေးတာတော့တာပါပဲ။
ကျွန်တော်တို့ဟာ တာဝန်လွှဲပြောင်းရေးကို အကောင်းဆုံးဖြစ်အောင်လုပ်နေပါတယ်။ ရှေ့လူလုပ်သွားတာနဲ့ပတ်သက်ပြီး မရှင်းလင်းရင် ရှင်းအောင်မေးပါ။ အချက်အလက်အားလုံးသိရပြီဆိုရင် ကောင်း တယ်၊မကောင်းဘူး ဝေဖန်ပါ။ အဲဒီလို မဟုတ်ပဲနဲ့ မိမိအထင်နဲ့ ကောက်ချက်ချ၊ ပြီးတော့ အနားကလူတွေကို ပြောတာ မျိုး ကတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။
................
 ရန်ကုန်မြို့ Chatrium Hotel မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မီဒီယာတွေရဲ့ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်။ Photo: Kyaw Zaw Win/RFA
 ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ရာထူးကထွက်ခွာတော့မယ့် ဝန်ကြီးဟောင်းတွေဟာ သူတို့ကိုနိုင်ငံတော်က ဝန်ကြီးကာလသက်တမ်းအတွင်း နေထိုင်ဖို့ပေးထားတဲ့ အိမ်တွေက ပစ္စည်းတွေကို အကုုန်ယူသွားတယ် ဆိုပြီး အင်တာနက်ပေါ်မှာ ရေးသားနေကြတာတွေဟာ လုံးဝမဟုုတ်ပါဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မနေ့က ချေပပြောဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ဝန်ကြီးနဲ့ ဒုုဝန်ကြီးခန့်အပ်ခံရသူတွေကိုု အစိုးရက နေအိမ်တွေ ပေးတဲ့အခါ အိမ်အခွံပဲ ပေး တာဖြစ်ကြောင်း၊ အဆင်သင့်ပါတဲ့ ပစ္စည်းဆိုုလိုု့ အဲကွန်းလေအေးစက်တစ်လုုံးနဲ့ ရေမီးစနစ်ပဲပါကြောင်း၊ ဒါပေမဲ့ အဲဒီလို ဝန်ကြီး၊ ဒုုဝန်ကြီးအဖြစ် ခန့်အပ်ခံရသူတွေကုုိ ဆောက်လုုပ်ရေးဝန်ကြီးဌာနက ပရိဘောဂစရိတ် သိန်းသုံုးဆယ် ထုတ်ပေးကြောင်း၊ အဲဒီငွေနဲ့ ကိုုယ့်ဘာသာ ဝယ်ယူဖြည့်တင်းရတာဖြစ်တဲ့အတွက် ၀န်ကြီးနဲ့ ဒုုဝန်ကြီး တာဝန်တွေထမ်းဆောင်ပြီးတဲ့အခါ မိမိတို့ကိုု ခွင့်ပြုငွေနဲ့ ဝယ်ထားတဲ့ပရိဘောဂတွေကိုု ယူသွားပြီး အိမ်တွေကိုု မူလအတိုုင်း ပြန်လွှဲပေးရကြောင်း ဝန်ကြီး ဦးရဲထွဋ်က တင်ပြထားပါတယ်။
တဆက်တည်းမှာပဲ သူက အခုလိုရှင်းပြခဲ့ရာမှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အခန်းအားလုံုး အဲကွန်းတပ်ရင် သိန်းသုံုးဆယ်နဲ့ မလောက်ဘူး၊ဝန်ကြီးသစ်တွေက ကိုုယ့်အိပ်ယာလိပ်နဲ့ ကိုုယ်လာရမှာလား ဆိုပြီး ပြန်လည်ပြောဆိုတဲ့အတွက် အန်ကယ်တို့ အစိုုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင်ရင် သိန်းတစ်ထောင်ပေး လည်းရပါတယ်လို့ ပြန်ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားပါတယ်။
အခုလို ပြန်ကြားရေးဝန်ကြီးရဲ့ ရေးသားပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ပေးတဲ့ငွေနဲ့ ဝယ်ယူခဲ့တဲ့ ပရိဘောဂ အိမ်အသုံးအဆောင်တွေဟာ နိုင်ငံပိုင်ပစ္စည်းတွေဖြစ်တဲ့အတွက် ဝန်ကြီးတွေ ဒုဝန်ကြီးတွေအနေနဲ့ ရာထူးတာဝန်ထမ်းဆောင်ပြီးချိန်မှာ ကိုယ်ပိုင်ပစ္စည်းအဖြစ် သယ်ယူသွားဖို့ မသင့်တော်ကြောင်းနဲ့ သိန်းတစ်ထောင် ပေးလည်းရပါတယ်ဆိုတဲ့ စကားဟာလည်း တိုင်းပြည်ဘဏ္ဍာကို အာဏာရအစိုးရတစ်ခုက စိတ်တိုင်းကျ ခြယ်လှယ် သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ကြောင်း စသဖြင့် ဝေဖန်ပြောကြားချက်တွေ ပေါ်ထွက်နေပါတယ်။
RFA Burmese
http://www.rfa.org/burmese
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)