အရပ္သားႏွစ္ဦးကို ပစ္သတ္ခဲ့တဲ့ ဗိုလ္တစ္ဦးကို အမႈဖြင့္ထား

ဓါတ္ပံု - အင္တာနက္
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေခါဇာၿမိဳနယ္ခြဲ မက်ည္းေက်ာင္းဝေက်းရြာမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေဒသခံ ႏွစ္ဦးကို ေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ္ႀကီး ေဇာ္မ်ဳိးထက္ ကို လူသတ္မႈနဲ႔အမႈဖြင့္ထားတယ္လို႔ ေခါဇာၿမိဳ႔နယ္ခဲြရဲစခန္းမွဴး က ေျပာပါတယ္။

ခလရ ၂၈၀က စစ္ဆင္ေရးလုပ္ေနတုန္းမွာ ဓားျပနဲ႔ မွားၿပီးပစ္ခတ္မိတာျဖစ္ေၾကာင္း စစ္ေဆးေတ႔ြရွိထားတယ္လို႔ ေခါဇာရဲစခန္းမွဴး ရဲအုပ္ေက်ာ္ျမင့္ က ေျပာပါတယ္။

ေခါဇာၿမိဳနယ္ခြဲဖက္မွာ လက္နက္ကိုင္တပ္ဖဲြ႔ေတြမ်ားၿပီး ဓားျပတိုက္တာ၊ ျပန္ေပးဆြဲတာနဲ႔ ဆက္ေၾကးေတာင္းတာေတြ မၾကာခဏျဖစ္ပြားေနတယ္လို႔လည္း ေခါဇာရဲစခန္းမွဴးက ေျပာပါတယ္။

ေသနတ္နဲ႕ပစ္သတ္ခံရသူ ၂ ဦးမွာ တစ္ဦးက ေျခတစ္ဖက္ျပတ္ေနသူ တံငါသည္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၈ရက္ေန႔ညက မက်ည္းေခ်ာင္းဝေက်းရြာသား တံငါသည္ ကိုမိုးနဲ႔ ကိုခ်စ္စုိးတို႔ဟာ ပင္လယ္ထဲအသြားမွာ ခရလ ၂၈၀ က ဗိုလ္ႀကီး ေဇာ္မ်ိဳးထက္က ကိုမိုး ကို ေသနတ္နဲ႔ ပစ္ခတ္တာျဖစ္ၿပီး ကိုခ်စ္စိုးက ေအာ္ဟစ္အကူအညီေတာင္းတာေၾကာင့္ ကိုခ်စ္စိုးကိုပါ ေသနတ္နဲ႔ပစ္ခဲ့တာျဖစ္တယ္လို႔ ေသဆံုးသူ ကိုခ်စ္စိုးရဲ့ မိသားစု၀င္ေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က ကမ္းရိုးတန္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမွဴး ဗိုလ္ခ်ဳပ္ ၾကည္လြင္နဲ႔ ပုေလာပေလာက္က တပ္ရင္း ၂၉၀ တပ္ရင္းမွဴးေတြက ေသဆံုးသူ ႏွစ္ဦးရဲ႕မိသားစုေတြထံ ေထာက္ပံ့ေၾကးအျဖစ္ တစ္မိသားစုကို ေငြက်ပ္ ၅သိန္း၊ ဆန္ ၂အိတ္နဲ႔ ဆီ၂ပံုးစီ ေပးခဲ့ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
...............
 ဓါတ်ပုံ - အင်တာနက်
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်းဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် ကို လူသတ်မှုနဲ့အမှုဖွင့်ထားတယ်လို့ ခေါဇာမြို့နယ်ခွဲရဲစခန်းမှူး က ပြောပါတယ်။

ခလရ ၂၈၀က စစ်ဆင်ရေးလုပ်နေတုန်းမှာ ဓားပြနဲ့ မှားပြီးပစ်ခတ်မိတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ခေါဇာရဲစခန်းမှူး ရဲအုပ်ကျော်မြင့် က ပြောပါတယ်။

ခေါဇာမြိုနယ်ခွဲဖက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများပြီး ဓားပြတိုက်တာ၊ ပြန်ပေးဆွဲတာနဲ့ ဆက်ကြေးတောင်းတာတွေ မကြာခဏဖြစ်ပွားနေတယ်လို့လည်း ခေါဇာရဲစခန်းမှူးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူ ၂ ဦးမှာ တစ်ဦးက ခြေတစ်ဖက်ပြတ်နေသူ တံငါသည်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ပင်လယ်ထဲအသွားမှာ ခရလ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက်က ကိုမိုး ကို သေနတ်နဲ့ ပစ်ခတ်တာဖြစ်ပြီး ကိုချစ်စိုးက အော်ဟစ်အကူအညီတောင်းတာကြောင့် ကိုချစ်စိုးကိုပါ သေနတ်နဲ့ပစ်ခဲ့တာဖြစ်တယ်လို့ သေဆုံးသူ ကိုချစ်စိုးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် ကြည်လွင်နဲ့ ပုလောပလောက်က တပ်ရင်း ၂၉၀ တပ်ရင်းမှူးတွေက သေဆုံးသူ နှစ်ဦးရဲ့မိသားစုတွေထံ ထောက်ပံ့ကြေးအဖြစ် တစ်မိသားစုကို ငွေကျပ် ၅သိန်း၊ ဆန် ၂အိတ်နဲ့ ဆီ၂ပုံးစီ ပေးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)