ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ အမ်ဳိးသမီးလႊတ္ေတာ္အမတ္ နန္းခင္ေထြးျမင့္ကို ခန္႔အပ္


မတ္ ၂၈ရက္၊ ၂၀၁၆ခုႏွစ္။ နန္းေဝၿဖိဳးဇာ

ဒုတိယအႀကိမ္ ကရင္ျပည္နယ္၊ လႊတ္ေတာ္တတိယေန ့ အစည္းအေဝးကို မတ္လ ၂၈ရက္ေန႔၊ နံနက္ ၉နာရီတြင္ ျပည္နယ္ လႊတ္ေတာ္ အစည္းအေဝးခန္းမ၌ က်င္းပခဲ့ရာ ဖားအံၿမိဳ႕နယ္၊ အမွတ္(၁) မဲဆႏၵနယ္ေျမ ျပည္နယ္လႊတ္ေတာ္အမတ္ နန္းခင္ ေထြးျမင့္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က အမည္စာရင္းေပးပို႔ထားရာ ျပည္နယ္လႊတ္ေတာ္ အမတ္ ၂၃ဦးစလံုးက ကန္႔ကြက္သူမရွိဘဲ အတည္ျပဳ ခန္႔အပ္လုိက္သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ျဖစ္လာသူ နန္းခင္ေထြးျမင့္သည္ ကရင္ျပည္နယ္၏ NLD ဥကၠ႒လည္းျဖစ္ၿပီး ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ ဝင္အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ကာ ၂၀၁၅ ႏိုဝင္ဘာ ေရြးေကာက္ပြဲအၿပီးကတည္းက ျပည္နယ္ဝန္ႀကီးခ်ဳပ္ျဖစ္မည္ ဟု သတင္းထြက္ေပၚထားခဲ့သူလည္း ျဖစ္သည္။

သူမအေနျဖင့္ ကရင္ျပည္နယ္ အစိုးရအဖဲြ႔သစ္ စတင္ တာဝန္စယူမည့္ ရက္ေပါင္းတစ္ရာအတြင္း ျပည္နယ္အတြင္းရွိ တုိင္းရင္း သားျပည္သူမ်ား အက်ဳိးျပဳေစမည့္ ထူးျခားေျပာင္းလဲမႈမ်ားကို လုပ္ေဆာင္သြားရန္ရွိသည္ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္း ေဆာင္မည့္ နန္းခင္ေထြးျမင့္က မတ္လ ၂၅ရက္ေန႔တြင္ ေကအိုင္စီသို႔ ေျပာဆိုထားခဲ့သည္။

ယခုကဲ့သို႔ နန္းခင္ေထြးျမင့္ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္မႈအေပၚ ႀကိဳဆိုေၾကာင္းႏွင့္ ျပည္နယ္တုိးတက္ဖြံ႕ၿဖိဳးေရးအ တြက္ အတူပူးေပါင္းလုပ္ကိုင္သြားမည္ဟု ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ အမွတ္ ၂ မဲဆႏၵနယ္ေျမမွ ကရင္ျပည္သူ႔ပါတီ ကိုယ္စားျပဳ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေစာေဂ်ေအဝင္းျမင့္က ယခုလို ေျပာသည္။

“ဒီမနက္ပဲ နန္းခင္ေထြးျမင့္နဲ႔ ႏႈတ္ဆက္ၾကတယ္။ ကိုယ့္ျပည္နယ္အတြက္ တင္ေျမႇာက္ခဲ့တာျဖစ္လို႔ သူ႔ကို ဂုဏ္ျပဳတယ္။ သူက လည္း ကိုယ့္ျပည္နယ္ တုိးတက္ဖုိ႔အတြက္ ဝိုင္းဝန္းကူညီၾကဖုိ႔၊ အထူးသျဖင့္ ကုိယ့္ေဒသတုိးတက္ဖုိ႔အတြက္ ေျပာႏုိင္ဆိုႏုိင္ ဝိုင္း လုပ္ၾကမယ္ဆိုရင္ ပိုၿပီး တုိးတက္မယ္လို႔ က်မယံုၾကည္တယ္လုိ႔ သူက ေျပာပါတယ္။ ကိုယ့္ျပည္နယ္သားအခ်င္းခ်င္း ျပည္နယ္ တုိးတက္ဖို႔အတြက္ ဝိုင္းလုပ္မယ္ဆိုတဲ့ စိတ္ဓါတ္ရွိေတာ့လည္း က်ေနာ္တုိ႔အားရွိတာေပါ့ဗ်ာ”ဟု ေစာေဂ်ေအဝင္းျမင့္က ေကအိုင္ စီသို႔ ေျပာသည္။


လက္ရွိ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ေတာ့မည့္ နန္းခင္ေထြးျမင့္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔ဝင္မ်ားအေနျဖင့္ မတ္ လ ၃၀ရက္ေန႔တြင္ ျပည္နယ္လႊတ္ေတာ္၌ က်မ္းက်ိန္မည္ျဖစ္ၿပီး ဧၿပီလ ၁ရက္ေန႔တြင္ စတင္ တာဝန္ထမ္းေဆာင္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

အသက္ ၆၂ႏွစ္ရွိၿပီျဖစ္ေသာ နန္းခင္ေထြးျမင့္သည္ ကရင္ျပည္နယ္ ဥကၠ႒(ၿငိမ္း)အျဖစ္ တာ၀န္ယူခဲ့ဖူးေသာ ေဒါက္တာေစာလွ ထြန္းႏွင့္ ေဒၚအမာတို႔၏ သမီးျဖစ္သည္။ သူမသည္ စီးပြားေရးဘာသာရပ္ျဖင့္ ၀ိဇၨာဘြဲ႔ကို ရရွိခဲ့သူျဖစ္ၿပီး ေမြးဖြားရာဇာတိမွာ မြန္ ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ျဖစ္သည္။

၁၉၉၀ခုႏွစ္တြင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္သို႔ စတင္ ၀င္ေရာက္တာ၀န္ထမ္းေဆာင္ခဲ့သည္။ ၁၉၉၀ခုႏွစ္ ေရြးေကာက္ပြဲတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ မဲ ၇၃%ေက်ာ္ အႏုိင္ရရွိခဲ့သည္။ ၁၉၉၆ခုႏွစ္တြင္ စသန္႔ဇင္ႏွင့္ အိမ္ေထာင္က်ၿပီးေနာက္ တႏွစ္အၾကာ ၁၉၉၇ခုႏွစ္၌ စစ္အစိုးရ၏ ဖမ္းဆီးျခင္းခံရကာ ေမာ္လၿမိဳင္ေထာင္တြင္ ၂ႏွစ္ ေထာင္က်ခဲ့သည္။

၁၉၉၉ခုႏွစ္တြင္ ေထာင္မွျပန္လြတ္ေျမာက္လာခဲ့ၿပီးေနာက္ပိုင္း ကရင္ျပည္နယ္၏ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒အျဖစ္ လည္းေကာင္း၊ အဖြဲ႕ခ်ဳပ္၏ ဗဟို အလုပ္အမႈေဆာင္ ၁၅ဦးအနက္ တစ္ဦးအျဖစ္ တာ၀န္ယူခဲ့သည္။

နန္းေဝၿဖိဳးဇာ
ေကအုိင္စီ - KIC
http://kicnews.org

.......................................................


မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ

ဒုတိယအကြိမ် ကရင်ပြည်နယ်၊ လွှတ်တော်တတိယနေ ့ အစည်းအဝေးကို မတ်လ ၂၈ရက်နေ့၊ နံနက် ၉နာရီတွင် ပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဖားအံမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်အမတ် နန်းခင် ထွေးမြင့်အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမည်စာရင်းပေးပို့ထားရာ ပြည်နယ်လွှတ်တော် အမတ် ၂၃ဦးစလုံးက ကန့်ကွက်သူမရှိဘဲ အတည်ပြု ခန့်အပ်လိုက်သည်။

ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်၏ NLD ဥက္ကဋ္ဌလည်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးကတည်းက ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မည် ဟု သတင်းထွက်ပေါ်ထားခဲ့သူလည်း ဖြစ်သည်။

သူမအနေဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သစ် စတင် တာဝန်စယူမည့် ရက်ပေါင်းတစ်ရာအတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်း သားပြည်သူများ အကျိုးပြုစေမည့် ထူးခြားပြောင်းလဲမှုများကို လုပ်ဆောင်သွားရန်ရှိသည်ဟု ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်း ဆောင်မည့် နန်းခင်ထွေးမြင့်က မတ်လ ၂၅ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားခဲ့သည်။

ယခုကဲ့သို့ နန်းခင်ထွေးမြင့်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုအပေါ် ကြိုဆိုကြောင်းနှင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအ တွက် အတူပူးပေါင်းလုပ်ကိုင်သွားမည်ဟု ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မြေမှ ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က ယခုလို ပြောသည်။

“ဒီမနက်ပဲ နန်းခင်ထွေးမြင့်နဲ့ နှုတ်ဆက်ကြတယ်။ ကိုယ့်ပြည်နယ်အတွက် တင်မြှောက်ခဲ့တာဖြစ်လို့ သူ့ကို ဂုဏ်ပြုတယ်။ သူက လည်း ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် ဝိုင်းဝန်းကူညီကြဖို့၊ အထူးသဖြင့် ကိုယ့်ဒေသတိုးတက်ဖို့အတွက် ပြောနိုင်ဆိုနိုင် ဝိုင်း လုပ်ကြမယ်ဆိုရင် ပိုပြီး တိုးတက်မယ်လို့ ကျမယုံကြည်တယ်လို့ သူက ပြောပါတယ်။ ကိုယ့်ပြည်နယ်သားအချင်းချင်း ပြည်နယ် တိုးတက်ဖို့အတွက် ဝိုင်းလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိတော့လည်း ကျနော်တို့အားရှိတာပေါ့ဗျာ”ဟု စောဂျေအေဝင်းမြင့်က ကေအိုင် စီသို့ ပြောသည်။



လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တော့မည့် နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် မတ် လ ၃၀ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကျမ်းကျိန်မည်ဖြစ်ပြီး ဧပြီလ ၁ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

အသက် ၆၂နှစ်ရှိပြီဖြစ်သော နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ဥက္ကဋ္ဌ(ငြိမ်း)အဖြစ် တာဝန်ယူခဲ့ဖူးသော ဒေါက်တာစောလှ ထွန်းနှင့် ဒေါ်အမာတို့၏ သမီးဖြစ်သည်။ သူမသည် စီးပွားရေးဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး မွေးဖွားရာဇာတိမှာ မွန် ပြည်နယ်၊ မော်လမြိုင်မြို့ဖြစ်သည်။

၁၉၉၀ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင် ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲ ရ၃%ကျော် အနိုင်ရရှိခဲ့သည်။ ၁၉၉၆ခုနှစ်တွင် စသန့်ဇင်နှင့် အိမ်ထောင်ကျပြီးနောက် တနှစ်အကြာ ၁၉၉၇ခုနှစ်၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ မော်လမြိုင်ထောင်တွင် ၂နှစ် ထောင်ကျခဲ့သည်။

၁၉၉၉ခုနှစ်တွင် ထောင်မှပြန်လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင် ၁၅ဦးအနက် တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။

နန်းဝေဖြိုးဇာ
ကေအိုင်စီ - KIC
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)