နယ္ေျမအျငင္းပြား မႈေၾကာင့္ ခ်င္းျပည္နယ္ ေရေဘးဒုကၡသည္ေတြ အခက္ႀကံဳ

ခ်င္းျပည္နယ္ ေရေဘးဒဏ္ ႀကံဳခဲ့ရစဥ္ ( ၃၀ ဇြန္လိုင္လ ၂၀၁၅)
စစ္ကိုင္းတိုင္းေဒသၾကီးနဲ႕ခ်င္းျပည္နယ္နယ္စပ္မွာရွိေနတဲ့ ေရေဘးသင့္ျပည္သူ(၁၀၀၀)ေက်ာ္ဟာ ႏွစ္ဖက္တိုင္းနဲ႕ျပည္နယ္ အာဏာပိုင္ေတြကေန နယ္စပ္အေရး ညိႏွိုင္းမွဳမေျပလည္ေသးတာေၾကာင့္ ေနထိုင္ေရးမွာအခက္ၾကံဳေနၾကရပါတယ္။ ေရေဘးဒုကၡသည္ျဖစ္ေနတဲ့ တီြးခင္ဇံရြာနဲ႕တြီးတြန္း ရြာသားေတြေနထိုင္တဲ့ စခမ္းကိုေနရာေျပာင္းေရႊ႕ဖို႕စစ္ကိုင္းတိုင္းအစိုးရ အဖြဲ႕ေတြကေန ဖိအားေပးေျပာဆိုခဲ့သလို ေျပာင္းေရႊ႕ဖို႕အခက္ခဲရွိေနတယ္လို႕လဲေဒသခံေတြကေျပာပါတယ္။ ဒီအေျခ အေနကိုေတာ့ VOAထိုင္းအေျခစိုက္ သတင္းေထာက္ နိုင္ကြန္းအိန္ ကေနအခုလိုသတင္းေပးပို႕ထားပါတယ္။

စစ္ကိုင္းတိုင္းကေလးျမိဳ႕နယ္နဲ႕ ခ်င္းျပည္နယ္ တြန္းဇံျမိဳ႕နယ္စပ္ၾကားမွာ ရွိတဲ့ ေရေဘးဒုကၡသည္ျဖစ္ေနတဲ့ တီြးခင္ဇံရြာနဲ႕ တြီးတြန္းရြာသားေတြေနထိုင္တဲ့ စခန္းကို ေနရာေျပာင္းေရႊ႕ဖို႕ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ေတြကေန ဖိအားေပးေျပာဆိုခဲ့ တယ္လို႕ လူမွဳအကူညီ ေပးေရးအဖြဲ႕တခုျဖစ္တဲ့ ဇီုမီးေဒသဖြံ႕ျဖိဳးတိုးတက္ေရးေဖါင္ေဒးရွင္းဥကၠ႒ ေဒါက္တာေပါ့ပါက အခုလိုေျပာပါတယ္။

“ျပည္သူလူထုက အဲဒီမွာ စခန္းခ်ေတာ့ သူတို႔က အဲဒါလည္း က်ေနာ္တို႔ ခ်င္းျပည္နယ္ပဲ ဆိုၿပီးေနေတာ့ ၀န္ႀကီးခ်ဳပ္ေတြလာၿပီးမွ စစ္ကိုင္းတိုင္းျဖစ္တယ္ ဆိုၿပီး ၿငင္းခုန္ေနၾကတာေပါ့။ အဲဒါမကဘူး ေကာက္ကရြာက ခ်င္းျပည္နယ္ထဲမွာရွိတဲ့ ရြာကိုလည္း အဲဒါ ခ်င္းျပည္နယ္ဆိုၿပီး ထပ္ၿပီးမွ သူတို႔က ရြာေဟာင္းတရြာကိုလည္း သူတို႔က ျပန္လည္ ဒီအစိုးရဖြဲ႔ကေနလာၿပီးေတာ့ ေရႊ႕ပါ မင္းတို႔ရြာကို ဆိုၿပီးမွ ေမာင္းထုတ္ခ်င္တာေပါ့ေနာ္။ အခုလက္ရွိက သူတို႔က ျပန္လာၿပီးမွ မင္းတို႔ ဒီကေနမေရႊ႕ဘူးဆိုရင္ ဒီလ ၁၅ ရက္ဆိုရင္ ေျမေကာ္စက္နဲ႔ မင္းတုိ႔တရြာလံုးကို ျဖတ္ဆီးမယ္ဆိုၿပီးမွ မွာထားတယ္။”

ဒီျပႆနာအရင္းခံကေရေဘးသင့္ဒုကၡသည္ေတြေနထိုင္တဲ့ သစ္ေတာ ၾကိဳး၀ိုင္းေနရာ ဟာ စစ္ကိုင္းတိုင္း ပိုင္နက္နဲ႕ ခ်င္းျပည္နယ္ပိုင္နက္ဆိုျပီးအျငင္းပြါးေနရာကေန စစ္ကိုင္းတိုင္းေဒသခံအာဏာပိုင္ေတြက ေျပာင္းေရႊ႕ဖို႕ဖိအားေပး လာတာလဲျဖစ္ပါတယ္။

လက္ရွိေရေဘးဒုကၡသည္ေတြေနထိုင္တဲ့ေနရာဟာ ခ်င္းျပည္နယ္ တြန္းဇံျမိဳ႕နယ္ စပ္ျဖစ္ျပီး ထပ္မံေျပာင္းေရႊ႕ဖို႕အခက္ခဲ ရွိေနတယ္လို႕ရပ္မိရပ္ဖတဦးျဖစ္တဲ့ ပူးအန္ဆိုင္ပြန္ကအခုလိုေျပာပါတယ္။

“အခုေတာ့ ေရလည္းေကာင္းေကာင္းမရဘူး။ စားစရာလည္းမရွိဘူး။ အိမ္လည္းမရွိဘူး။ ေနေရးထိုင္ေရးကေတာ့ အခက္အခဲအမ်ားႀကီးရွိတယ္။”

တီြးခင္ဇံရြာနဲ႕ တြီးတြန္းရြာဟာ ျပီးခဲ့တဲ့ႏွစ္က မိုးသည္းထန္စြာရြာသြန္းမွဳေၾကာင့္ ရႊံ႕ေရဖုံးးလႊမ္းသြားျပီး နယ္စပ္ သစ္ေတာၾကိဳး၀ိုင္းမွာ ဒုကၡသည္ရြာသစ္ အျဖစ္အေျခခ်ေနခဲ့တာျဖစ္ျပီး အိမ္ေျခေပါင္း(၆၀၀)ေက်ာ္နဲ႕ လူဦးေရ ေထာင္ေက်ာ္ ရွိေနခဲ့ပါတယ္။ ေနထိုင္သူအမ်ားစုက ခ်င္းလူမ်ိဳးေတြျဖစ္ၾကပါတယ္။

ဒီလိုနယ္ေျမနယ္နမိတ္သတ္မွတ္မွဳနဲ႕ပက္သက္လို႕ ဒီလပထမအပါတ္မွာ စစ္ကိုင္းတိုင္းေဒသၾကီးနယ္စပ္ေရးရာ လုံျခံဳေရး၀န္ၾကီးနဲ႕ ခ်င္းျပည္နယ္နယ္စပ္ေရးရာ၀န္ၾကီးတို႕ ေတြ႕ဆုံညိွႏွိဳင္းခဲ့ေပမဲ့ ေျပလည္မွဳမရရွိခဲ့ဘူးလို႕ ဇိုမီး အမ်ိဳးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး လဲျဖစ္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္လဲျဖစ္တဲ့ ဦးဂင္ကန္းလ်ံကေျပာပါတယ္။

“စစ္ကိုင္းတိုင္းကေန နယ္စပ္ေရးရာ၀န္ႀကီးေတြက ခ်င္းျပည္နယ္ က နယ္လြန္၀င္လာတယ္၊ သူတို႔ေနရာကို ေရာက္တယ္တဲ့ ။ ဒါေပမယ့္ သူတို႔ ဒီ နယ္အေနအထားလည္း သိမွာ မဟုတ္ၾကဘူးေလ။ ဒါနဲ႔ မေျပလည္ဘူးျဖစ္ေနတာ။ တကယ္တန္း နယ္ နမိတ္ သတ္မွတ္မယ္ ဆိုရင္ေတာ့ ျပည္ေထာင္စု လႊတ္ေတာ္ကေနပဲ ဆံုးျဖတ္ရမယ္ေလ က်ေနာ္ထင္တာက ။ ဥပေဒရွိတာကို သူတို႔ ဒီ တိုင္းမွဴးအဆင့္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဆင့္ေတြေတာ့ ဆံုးျဖတ္လို႔ေတာ့ မရဘူးလို႔ ထင္တာပဲေလ။ ရွိတဲ့ေျမပံုကိုၾကည့္ၿပီးေတာ့ လႊတ္ေတာ္ကေန ဆံုးျဖတ္ေပးရမယ္လို႔ ထင္တယ္။ ေလာေလာဆယ္မေရာက္ခင္ ဟိုဘက္နဲ႔ ဒီဘက္ ပဋိပကၡေတြ ေသြးထြက္သံုယိုမႈျဖစ္မွာလည္း က်ေနာ္တို႔ စိုးရိမ္တယ္။”

ေရေဘးဒုကၡသည္ေတြကို ေနရာေျပာင္းေရႊ႕ေရး အေရးကိစၥတဲ႕ပက္သက္လို႕ စစ္ကိုင္းတိုင္း ေဒသၾကီးနယ္စပ္ေရးရာ လုံျခံဳေရး၀န္ႀကီးကို ႀကိဳးစားဆက္သြယ္ ခဲ့ေပမဲ့ အဆက္အသြယ္မရရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က တီြးခင္ဇံရြာနဲ႕ တြီးတြန္းရြာရႊံ႕ေရဖုန္းလႊမ္းျပီး ေရေဘး ဒုကၡၾကံဳေနရတဲ့ အေျခအေနကို နိုင္ငံေတာ္ပိုင္ သတင္းစာကေန ခ်င္းျပည္နယ္ တြန္းဇံျမိဳ႕နယ္ထဲကလို႕ေရးသားေဖၚျပထားပါတယ္။

ေရၾကီးမွဳေၾကာင့္ ရြာလုံးကြ်တ္ပ်က္စီးခဲ့ေပမဲ့ အစိုးရအေနနဲ႕ ထိုက္သင့္တဲ့ကူညီေထာက္ပံ့မွဳ ျပန္လည္ေနရာခ်ထားေပးမွဳ လုပ္ေဆာင္ေပးတာမ်ိဳးမရွိဘူးလို႕လဲလူမွဳအကူညီေပးေရးအဖြဲ႕တခုျဖစ္တဲ့ ဇီုမီးေဒသဖြံ႕ျဖိဳးတိုးတက္ေရးေဖါင္ေဒးရွင္း ဥကၠဌေဒါက္တာေပါ့ပါကဆိုပါတယ္။

လက္ရွိ ႏွစ္ဖက္ျပည္နယ္နဲ႕တိုင္းေဒသၾကီးအစိုးရအၾကား နယ္စပ္အျငင္းပြါးေနမွဳေၾကာင့္ ေဒသခံ ေရေဘးသင့္ ျပည္သူေတြအတြက္ ေနထိုင္ေရးမွာ အာမခံခ်က္မရွိသလို ေျပာင္းေရႊ႕ေနထိုင္ အေရးအတြက္ စိုးရိမ္ေနၾကရတဲ့အေျခ အေနမွာရွိေနပါတယ္။

ျပီးခဲ့တဲ့၂၀၁၅ခုႏွစ္အတြင္း ခ်င္းျပည္နယ္နဲ႕ စစ္ကိုင္းတိုင္းေဒသၾကီးေဒသေတြမွာ မိုးသည္းထန္စြာရြာသြန္းျပီး ေရၾကီး ေျမျပိဳမွဳေတြေၾကာင့္ ပ်က္စီးဆုံးရွံဳးမွဳေတြရွိခဲ့ပါတယ္။

ႏုိင္ကြန္းအိမ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..................................


ချင်းပြည်နယ် ရေဘေးဒဏ် ကြုံခဲ့ရစဉ် ( ၃၀ ဇွန်လိုင်လ ၂၀၁၅)
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်နယ်စပ်မှာရှိနေတဲ့ ရေဘေးသင့်ပြည်သူ(၁၀၀၀)ကျော်ဟာ နှစ်ဖက်တိုင်းနဲ့ပြည်နယ် အာဏာပိုင်တွေကနေ နယ်စပ်အရေး ညိနှိုင်းမှုမပြေလည်သေးတာကြောင့် နေထိုင်ရေးမှာအခက်ကြံုနေကြရပါတယ်။ ရေဘေးဒုက္ခသည်ဖြစ်နေတဲ့ တွီးခင်ဇံရွာနဲ့တွီးတွန်း ရွာသားတွေနေထိုင်တဲ့ စခမ်းကိုနေရာပြောင်းရွှေ့ဖို့စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့တွေကနေ ဖိအားပေးပြောဆိုခဲ့သလို ပြောင်းရွှေ့ဖို့အခက်ခဲရှိနေတယ်လို့လဲဒေသခံတွေကပြောပါတယ်။ ဒီအခြေ အနေကိုတော့ VOAထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေအခုလိုသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်စပ်ကြားမှာ ရှိတဲ့ ရေဘေးဒုက္ခသည်ဖြစ်နေတဲ့ တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာသားတွေနေထိုင်တဲ့ စခန်းကို နေရာပြောင်းရွှေ့ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွေကနေ ဖိအားပေးပြောဆိုခဲ့ တယ်လို့ လူမှုအကူညီ ပေးရေးအဖွဲ့တခုဖြစ်တဲ့ ဇီုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာပေါ့ပါက အခုလိုပြောပါတယ်။

“ပြည်သူလူထုက အဲဒီမှာ စခန်းချတော့ သူတို့က အဲဒါလည်း ကျနော်တို့ ချင်းပြည်နယ်ပဲ ဆိုပြီးနေတော့ ၀န်ကြီးချုပ်တွေလာပြီးမှ စစ်ကိုင်းတိုင်းဖြစ်တယ် ဆိုပြီး ငြင်းခုန်နေကြတာပေါ့။ အဲဒါမကဘူး ကောက်ကရွာက ချင်းပြည်နယ်ထဲမှာရှိတဲ့ ရွာကိုလည်း အဲဒါ ချင်းပြည်နယ်ဆိုပြီး ထပ်ပြီးမှ သူတို့က ရွာဟောင်းတရွာကိုလည်း သူတို့က ပြန်လည် ဒီအစိုးရဖွဲ့ကနေလာပြီးတော့ ရွှေ့ပါ မင်းတို့ရွာကို ဆိုပြီးမှ မောင်းထုတ်ချင်တာပေါ့နော်။ အခုလက်ရှိက သူတို့က ပြန်လာပြီးမှ မင်းတို့ ဒီကနေမရွှေ့ဘူးဆိုရင် ဒီလ ၁၅ ရက်ဆိုရင် မြေကော်စက်နဲ့ မင်းတို့တရွာလုံးကို ဖြတ်ဆီးမယ်ဆိုပြီးမှ မှာထားတယ်။”

ဒီပြဿနာအရင်းခံကရေဘေးသင့်ဒုက္ခသည်တွေနေထိုင်တဲ့ သစ်တော ကြိုးဝိုင်းနေရာ ဟာ စစ်ကိုင်းတိုင်း ပိုင်နက်နဲ့ ချင်းပြည်နယ်ပိုင်နက်ဆိုပြီးအငြင်းပွါးနေရာကနေ စစ်ကိုင်းတိုင်းဒေသခံအာဏာပိုင်တွေက ပြောင်းရွှေ့ဖို့ဖိအားပေး လာတာလဲဖြစ်ပါတယ်။

လက်ရှိရေဘေးဒုက္ခသည်တွေနေထိုင်တဲ့နေရာဟာ ချင်းပြည်နယ် တွန်းဇံမြို့နယ် စပ်ဖြစ်ပြီး ထပ်မံပြောင်းရွှေ့ဖို့အခက်ခဲ ရှိနေတယ်လို့ရပ်မိရပ်ဖတဦးဖြစ်တဲ့ ပူးအန်ဆိုင်ပွန်ကအခုလိုပြောပါတယ်။

“အခုတော့ ရေလည်းကောင်းကောင်းမရဘူး။ စားစရာလည်းမရှိဘူး။ အိမ်လည်းမရှိဘူး။ နေရေးထိုင်ရေးကတော့ အခက်အခဲအများကြီးရှိတယ်။”

တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာဟာ ပြီးခဲ့တဲ့နှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့ရေဖုံးးလွှမ်းသွားပြီး နယ်စပ် သစ်တောကြိုးဝိုင်းမှာ ဒုက္ခသည်ရွာသစ် အဖြစ်အခြေချနေခဲ့တာဖြစ်ပြီး အိမ်ခြေပေါင်း(၆၀၀)ကျော်နဲ့ လူဦးရေ ထောင်ကျော် ရှိနေခဲ့ပါတယ်။ နေထိုင်သူအများစုက ချင်းလူမျိုးတွေဖြစ်ကြပါတယ်။

ဒီလိုနယ်မြေနယ်နမိတ်သတ်မှတ်မှုနဲ့ပက်သက်လို့ ဒီလပထမအပါတ်မှာ စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီးနဲ့ ချင်းပြည်နယ်နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘူးလို့ ဇိုမီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လဲဖြစ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လဲဖြစ်တဲ့ ဦးဂင်ကန်းလျံကပြောပါတယ်။

“စစ်ကိုင်းတိုင်းကနေ နယ်စပ်ရေးရာဝန်ကြီးတွေက ချင်းပြည်နယ် က နယ်လွန်ဝင်လာတယ်၊ သူတို့နေရာကို ရောက်တယ်တဲ့ ။ ဒါပေမယ့် သူတို့ ဒီ နယ်အနေအထားလည်း သိမှာ မဟုတ်ကြဘူးလေ။ ဒါနဲ့ မပြေလည်ဘူးဖြစ်နေတာ။ တကယ်တန်း နယ် နမိတ် သတ်မှတ်မယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ကနေပဲ ဆုံးဖြတ်ရမယ်လေ ကျနော်ထင်တာက ။ ဥပဒေရှိတာကို သူတို့ ဒီ တိုင်းမှူးအဆင့်၊ မြို့နယ်အုပ်ချုပ်ရေးအဆင့်တွေတော့ ဆုံးဖြတ်လို့တော့ မရဘူးလို့ ထင်တာပဲလေ။ ရှိတဲ့မြေပုံကိုကြည့်ပြီးတော့ လွှတ်တော်ကနေ ဆုံးဖြတ်ပေးရမယ်လို့ ထင်တယ်။ လောလောဆယ်မရောက်ခင် ဟိုဘက်နဲ့ ဒီဘက် ပဋိပက္ခတွေ သွေးထွက်သုံယိုမှုဖြစ်မှာလည်း ကျနော်တို့ စိုးရိမ်တယ်။”

ရေဘေးဒုက္ခသည်တွေကို နေရာပြောင်းရွှေ့ရေး အရေးကိစ္စတဲ့ပက်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီးနယ်စပ်ရေးရာ လုံခြံုရေးဝန်ကြီးကို ကြိုးစားဆက်သွယ် ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က တွီးခင်ဇံရွာနဲ့ တွီးတွန်းရွာရွှံ့ရေဖုန်းလွှမ်းပြီး ရေဘေး ဒုက္ခကြံုနေရတဲ့ အခြေအနေကို နိုင်ငံတော်ပိုင် သတင်းစာကနေ ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲကလို့ရေးသားဖေါ်ပြထားပါတယ်။

ရေကြီးမှုကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ပေမဲ့ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ကူညီထောက်ပံ့မှု ပြန်လည်နေရာချထားပေးမှု လုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့လဲလူမှုအကူညီပေးရေးအဖွဲ့တခုဖြစ်တဲ့ ဇီုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း ဥက္ကဌဒေါက်တာပေါ့ပါကဆိုပါတယ်။

လက်ရှိ နှစ်ဖက်ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအကြား နယ်စပ်အငြင်းပွါးနေမှုကြောင့် ဒေသခံ ရေဘေးသင့် ပြည်သူတွေအတွက် နေထိုင်ရေးမှာ အာမခံချက်မရှိသလို ပြောင်းရွှေ့နေထိုင် အရေးအတွက် စိုးရိမ်နေကြရတဲ့အခြေ အနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်အတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှံုးမှုတွေရှိခဲ့ပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)