လက်ပံတန်းပစ်ခတ်မှု ရဲဝန်ထမ်းတစ်ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံ
တန်းမြို့နယ် သာရဝေါ တိုက်နယ် တွင် လက်နက်ငယ် ပစ်ခတ်မှု့ကြောင့် လူတစ်ဦး နှင့်တာဝန်ထိမ်းဆောင်
ရဲအုပ်တစ်ဦးဒဏ်ရာ ရရှိမှု့တစ်ခုဖြစ်ပွား ကြောင်းသတင်းရရှိပါသည် ။

လက်ပံတန်းမြို့နယ် အိုင်တလုပ်ကျေးရွာအုပ်စု ရွာလေးကျေးရွာ( သာရဝေါ တိုက်နယ် ) တွင် ဒေါ်မြစန်း၏ နာရေး ရက်လည် အိမ်တွင် ( ဘ ) ဦးမောင်ဌေး ၏သား ကိုဇော်မင်းအောင် တစ်ရွာတည်းနေ ( ဘ )ဦးကျော်ထွန်း၏သား ကိုဝေလင်းအောင် နှင့် ရက်လည်အိမ်တွင် အချင်းများ ရန်ဖြစ်ပွားခဲ့ကာ ဖြန်ဖြေသဖြင့် လူစုခွဲကာ ကိုဝေလင်းအောင်မှာနေအိမ် သို့ ပြန်သွားခဲ့ပြီးနောက် ( ၅ )မိနစ်ခန့်အကြာတွင် ပြန်လာကာ အသင့်ပါလာသော သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဦးမောင်ဌေး ၏ ဝဲဘတ်တစ်ထောင်ဆစ်အောက်တွင် ပေါက်ကာ ဒဏ်ရာ ရရှိခဲ့ပါသည် ၊ ထို့နောက် သေနတ် ကို ( ၃ )ချက်ဖြင့်ပေါက်ကာ ထွက်ပြေးတိမ်းရှောင် သွား ခဲ့ပြီးနောက် ဒဏ်ရာရ ကိုမောင်ဌေးမှ သာရဝေါ နယ်မြေ ရဲစခန်းသို့ ဒဏ်ရာရမှုဖြင့်အရေးယူ ပေးပါရန် တိုင်ကြား သဖြင့် သာရဝေါ နယ်မြေ ရဲစခန်းမှ ပ /၂၆ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၀၇ / ၃၂၆ ဖြင့်အမှု့ဖွင့်အရေးပြီး စခန်မှူး ရဲအုပ်ကျော်ထွန်းအေး အမှု့ကိုစစ်ဆေးပြီးတရားစွဲဆိုရန် ဆောင်ရွက်လျှက်ရှိသည် ။

သေနတ်ဖြင့်ပစ်ခတ်သည်ကိုကြားသိသဖြင့် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူ ဘုန်းမြင့် သည် မြို့နယ် မှ ရဲစခန်းမှ စခန်းမှူး များနှင့်အောက်ပါအတိုင်းဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ပါသသည် ။
( ၁ ) ရဲမှူးဘုန်းမြင့်အဖွဲ့
( ၂ ) ရဲအုပ် ကျော်ထွန်းအေး ( သာရဝေါ )အဖွဲ့
( ၃ ) ရဲအုပ် ဝင်းလှိုင်အဖွဲ့ ( ခမုံ )အဖွဲ့
( ၄ ) ရဲအုပ် သက်နိင်ဦး ( ဇီးဖြူကုန်း )အဖွဲ့ တို့ဖြင့်ဖွဲ့စည်းပြီးအခင်းဖြစ်နေရာ မှ တာဝန်သိပြည်သူ များအားမေးမြန်းခြင်း ၊မြေပုံကြမ်းရေးဆွဲခြင်း ၊ သတင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး များကို ဖုန်းဖြင့် သတင်းပေးပို့ခြင်းများကို ဆောင်ရွက်ကာ နီကပ် ကြီးကြပ် ဆောင်ရွက်ခဲ့ပြီးနောက် ကိုဝေလင်းအောင် ၏ အစ်မ ဝမ်းကွဲတော်စပ်သူ သီတာကုန်းကျေးရွာ တွင်ရောက်ရှိနေကြောင်း သိရသဖြင့် ခမုံစခန်း၏ အဖွဲ့ခေါင်းဆောင် စခန်းမှူး ရဲအုပ်ဝင်းလှိုင် နှင့်အဖွဲ့သည် သီတာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအေး နှင့်အတူ ပိတ်ဆို့ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်စဉ်က အသင့်ပါလာသော အီတလီနိင်ငံထုတ် 9MM Luger တံဆိပ် ပစ္စတိုတစ်လက် နှင့်အတူ ကျည်ကပ် နှစ်ခု ကျည်တောင့် ( ၂၃ )တောင့်ကို သိမ်းဆည်းရမိခဲ့ပါသည် ။

ခမုံနယ်မြေ ရဲစခန်းမှလဲ တာဝန်ထမ်းဆောင်နေစဉ် ရဲဝန်ထမ်းကို ထိခိုက်ဒဏ်ရာရအောင် လုပ်သဖြင့် ခမုံရဲစခန်းမှ ကိုဝေလင်းအောင်အား ပ / ၂၆ /၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၀၇ /၃၃၃ ဖြင့်လည်ကောင်း ပ/ ၂၇ /၂၀၁၆ လက်နက်အက်ဥပဒေ ၁၉( စ )ဖြင့် အရေးယူနိင်ရန် ခမုံစခန်းမှူး ရဲအုပ် ဝင်းလှိုင် မှ အမှု့ကိုစစ်ဆေးပြီးတရားစွဲဆိုနိင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည် ။
Kophoe San Tharrawaddy

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)