လူမိုက္ေခါင္းေဆာင္ကို ဖမ္းဆီးေပးခဲ့ေသာ ရဲတပ္ဖြဲ႔ဝင္မ်ားကို ျပည္သူမ်ားက ဆုခ်ီးျမႇင့္

သီရိမဂၤလာေစ်းသစ္မွ အသက္ ၄၄ ႏွစ္အရြယ္ လူမိုက္ေခါင္းေဆာင္စန္းဦး ကို ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီးေပးခဲ့ေသာ မႈခင္းႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္၁၀ဦး ကို တြံေတးၿမိဳ႕နယ္မွ ျပည္သူမ်ားက ေငြက်ပ္ ၁၀ သိန္း ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အဆိုပါ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို မတ္လ ၂၂ရက္ ညေန၅နာရီခန္႔က သန္လ်င္ၿမိဳ႕နယ္ ဘုရားကုန္းေက်း႐ြာရွိ နတ္စင္တစ္ရာေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
“လူမိုက္ေခါင္းေဆာင္စန္းဦးက တြံေတးၿမိဳ႕နယ္သားပါ၊ တြံေတးၿမိဳ႕ေပၚမွာ မင္းမဲ့စ႐ိုက္ဆန္ဆန္ သူ႕တို႔အဖြဲ႕ရမ္းကားအႏိုင္က်င့္ဗိုလ္က်မႈေတြေၾကာင့္ ၿမိဳ႕ခံေတြကေၾကာက္ရတယ္၊ ရာဇဝတ္မႈေတြက်ဴးလြန္ၿပီး ထြက္ေျပး တိမ္းေရွာင္ေနတဲ့ တရားခံေျပးတစ္ဦးကို ရဲတပ္ဖြဲ႕က သက္စြန္႔ဆံဖ်ားဖမ္း ဆီးေပးခဲ့လို႔ ကၽြန္ေတာ္တို႔ျပည္သူေတြက ရဲတပ္ဖြဲ႕ကို ကိုယ္တတ္ႏိုင္ သေလာက္ ျပန္လည္ဂုဏ္ျပဳ ဆုခ်ီးျမႇင့္ခဲ့တာပါ ”ဟု တြံေတးၿမိဳ႕နယ္တြင္ေန ထိုင္ေသာ အသက္၅၀အ႐ြယ္ အမ်ိဳးသားတစ္ဦးက ေျပာၾကားသည္။

ပစၥတိုတစ္လက္ကိုင္ေဆာင္ကာ ဖမ္းဆီးမခံဘဲ ထြက္ေျပးရန္ႀကံစည္သည့္ လူမိုက္ေခါင္းေဆာင္စန္းဦးအပါအဝင္ အမ်ိဳးသားေလးဦးကို ေသနတ္ျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္ဖမ္းဆီးခဲ့ေသာ ေတာင္ပိုင္းခ႐ိုင္မႈခင္းႏွိမ္နင္းေရးရဲ တပ္ဖြဲ႕မွ ရဲအုပ္သန္႔ဇင္ဦးအပါအဝင္ တပ္ဖြဲ႕ဝင္မ်ားကို တြံေတးၿမိဳ႕နယ္ တြင္ေနထိုင္ေသာျပည္သူမ်ားက စုေပါင္းေငြက်ပ္၁၀သိန္းခ်ီးျမႇင့္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည
The Voice Weekly
..................
လူမိုက်ခေါင်းဆောင်ကို ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ပြည်သူများက ဆုချီးမြှင့်
-------------------------------------------
သီရိမင်္ဂလာစျေးသစ်မှ အသက် ၄၄ နှစ်အရွယ် လူမိုက်ခေါင်းဆောင်စန်းဦး ကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးပေးခဲ့သော မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်၁၀ဦး ကို တွံတေးမြို့နယ်မှ ပြည်သူများက ငွေကျပ် ၁၀ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၂၂ရက် ညနေ၅နာရီခန့်က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ နတ်စင်တစ်ရာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“လူမိုက်ခေါင်းဆောင်စန်းဦးက တွံတေးမြို့နယ်သားပါ၊ တွံတေးမြို့ပေါ်မှာ မင်းမဲ့စရိုက်ဆန်ဆန် သူ့တို့အဖွဲ့ရမ်းကားအနိုင်ကျင့်ဗိုလ်ကျမှုတွေကြောင့် မြို့ခံတွေကကြောက်ရတယ်၊ ရာဇဝတ်မှုတွေကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့က သက်စွန့်ဆံဖျားဖမ်း ဆီးပေးခဲ့လို့ ကျွန်တော်တို့ပြည်သူတွေက ရဲတပ်ဖွဲ့ကို ကိုယ်တတ်နိုင် သလောက် ပြန်လည်ဂုဏ်ပြု ဆုချီးမြှင့်ခဲ့တာပါ ”ဟု တွံတေးမြို့နယ်တွင်နေ ထိုင်သော အသက်၅၀အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ပစ္စတိုတစ်လက်ကိုင်ဆောင်ကာ ဖမ်းဆီးမခံဘဲ ထွက်ပြေးရန်ကြံစည်သည့် လူမိုက်ခေါင်းဆောင်စန်းဦးအပါအဝင် အမျိုးသားလေးဦးကို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးခဲ့သော တောင်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ ရဲအုပ်သန့်ဇင်ဦးအပါအဝင် တပ်ဖွဲ့ဝင်များကို တွံတေးမြို့နယ် တွင်နေထိုင်သောပြည်သူများက စုပေါင်းငွေကျပ်၁၀သိန်းချီးမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည
The Voice Weekly
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)