နိုင်ငံတော်သမ္မတအသစ်နဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ တွေ့မည်


နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုုလွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့စဉ်။ Photo: Myo Thant Khaing/RFA
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ဟာ မနက်ဖြန် အစိုးရတာဝန်လွှဲပြောင်းယူပြီးနောက် တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်အသစ်တွေ၊ ပြည်နယ်/တိုင်းလွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာနအမည်တွေနဲ့ ခန့်အပ်မယ့် ဝန်ကြီးစာရင်းကို သမ္မတက အတည်ပြုလက်မှတ်ရေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဌ ဦးသန်း က ပြောပါတယ်။

ဒီနေ့အထိ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၁၂ ဦးကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးနောက် မနက်ဖြန် ကျန်တဲ့ဝန်ကြီးချုပ် ၂ ဦးကို အတည်ပြုမှာဖြစ်ပါတယ်။

သမ္မတအသစ် ဦးထင်ကျော်နဲ့ တွေ့ဆုံပွဲကို ကချင်နဲ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၂ဦးက တက်ရောက်မှာမဟုတ်ဘဲ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးတွေသာ တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပမယ့် ညစာစားပွဲကိုလည်း ဝန်ကြီးချုပ်အသစ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်မှာဖြစ်ပါတယ်။

လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးဌာန ၉ ခုစီလောက် ရှိနေတာဖြစ်ပြီး လာမယ့် အစိုးရသစ်လက်ထက် မှာ ဝန်ကြီးဌာန ၅ခုစီသာ ဖွဲ့စည်းထားရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်တွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ႏိုင္ငံေတာ္သမၼတအသစ္ ဦးထင္ေက်ာ္ မတ္လ ၁၈ ရက္ေန႔က ျပည္ေထာင္စုုလႊတ္ေတာ္ အစည္းအေဝးကို တက္ေရာက္ခဲ့စဥ္။ Photo: Myo Thant Khaing/RFA
ႏုိင္ငံေတာ္သမၼတအသစ္ ဦးထင္ေက်ာ္ဟာ မနက္ျဖန္ အစိုးရတာ၀န္လဲႊေျပာင္းယူၿပီးေနာက္ တုိင္းေဒသႀကီး နဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္အသစ္ေတြ၊ ျပည္နယ္/တုိင္းလႊတ္ေတာ္ ဥကၠဌေတြနဲ႔ ေတြ႕ဆံုဖို႔ရိွပါတယ္။

တုိင္းနဲ႔ျပည္နယ္ ဝန္ႀကီးဌာနအမည္ေတြနဲ႔ ခန္႔အပ္မယ့္ ဝန္ႀကီးစာရင္းကို သမၼတက အတည္ျပဳလက္မွတ္ေရး ထိုးေပးမွာျဖစ္တယ္လို႔ စစ္ကိုင္းတုိင္း လႊတ္ေတာ္ဥကၠဌ ဦးသန္း က ေျပာပါတယ္။

ဒီေန႔အထိ တုိင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ၁၂ ဦးကို လႊတ္ေတာ္အသီးသီးမွာ အတည္ျပဳၿပီးေနာက္ မနက္ျဖန္ က်န္တဲ့ဝန္ၾကီးခ်ဳပ္ ၂ ဦးကို အတည္ျပဳမွာျဖစ္ပါတယ္။

သမၼတအသစ္ ဦးထင္ေက်ာ္နဲ႔ ေတြ႔ဆံုပဲြကို ကခ်င္နဲ႔ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ၂ဦးက တက္ေရာက္မွာမဟုတ္ဘဲ လႊတ္ေတာ္ရံုး ညႊန္ၾကားေရးမွဴးေတြသာ တက္ေရာက္မွာျဖစ္ပါတယ္။

ႏုိင္ငံေတာ္သမၼတအိမ္ေတာ္မွာ က်င္းပမယ့္ ညစာစားပဲြကိုလည္း ဝန္ႀကီးခ်ဳပ္အသစ္ေတြနဲ႔ လႊတ္ေတာ္ဥကၠဌေတြ တက္ေရာက္မွာျဖစ္ပါတယ္။

လက္ရွိ တုိင္းနဲ႔ျပည္နယ္အသီးသီးမွာ ဝန္ႀကီးဌာန ၉ ခုစီေလာက္ ရွိေနတာျဖစ္ၿပီး လာမယ့္ အစိုးရသစ္လက္ထက္ မွာ ဝန္ႀကီးဌာန ၅ခုစီသာ ဖဲြ႔စည္းထားရွိမွာျဖစ္တယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ေတြက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)