ရန္ကုန္ၿမိဳ႕တြင္းက စီမံကိန္းအခ်ိဳ႕ ဥေပဒအရအက်ံဳးမ၀င္ဟု ျမိဳ႕ေတာ္စည္ပင္ ေကာ္မတီ႐ံုး (၇) ထုတ္ျပန္



ရန္ကုန္ၿမိဳ႕တြင္းက စီမံကိန္းအခ်ိဳ႕ဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ မညီညြတ္သလို တည္ဆဲရင္းႏွီးျမဳပ္ႏွံမႈဥပေဒ၊ နည္းဥပေဒေတြနဲ႔လည္း မညီညႊတ္တာေၾကာင့္ ဒီစီမံကိန္းေတြဟာ ဥပေဒအက်ံဳးမ၀င္ဘူးလို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ (၇) ႐ံုးကေန မတ္လ (၄) ရက္ေန႕က အသိေပးထုတ္ျပန္လိုက္ပါတယ္။

ဒီထဲမွာ ဒဂံုစီးတီးစီမံကိန္းနဲ႔ UMFCCI ဥကၠ႒ဦး၀င္းေအာင္နဲ႔ IBTC ကုမၸဏီတို႔ ပူးေပါင္း တည္ေထာင္ထားတဲ့ ကုမၸဏီက တည္ေဆာက္မယ့္ေဆး႐ံုစီမံကိန္းေတြအပါအ၀င္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက စီမံခန္႔ခြဲေရးနယ္ေျမထဲမွာပါ၀င္တဲ့ ေျမေနရာ ခ်ထားေပးမႈေတြနဲ႔ ပတ္သက္လို႔ အခုလိုအသိေပးထုတ္ျပန္လိုက္တာပါ။ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ နည္းဥပေဒပုဒ္မ (၁၂၉) အရ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္လိုတဲ့ ကုမ္ၸဏီေတြအေနနဲ ့ရန္ကုန္ၿမိဳ ့ေတာ္စည္ပင္သာယာေရး ေကာ္မတီထံမွာ ခြင့္ျပဳမိန္႕ရယူမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ အစိုးရက လုပ္ပိုင္ခြင့္လႊဲေျပာင္းခဲ့တဲ့ အခုကုမၸဏီေတြအေနနဲ႕ေတာ့ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီထံ ေလွ်ာက္ထားျခင္းနဲ႕ ခြင့္ျပဳခ်က္ရယူခဲ့ ျခင္းမရိွေသးပါဘူး။ဒါ့အျပင္ ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒပုဒ္မ (၅၃) အရ ဒီစီမံကိန္းေတြဟာ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းကို တင္ျပထားျခင္းမရွိေသးဘူးလို႔ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ဒါ့ေၾကာင့္ ဒီစီမံကိန္းေတြဟာ ဖြဲ ့စည္းပံုအေျခခံဥပေဒနဲ ့မညီညြတ္သလို တည္ဆဲရင္းႏွီးျမဳပ္ႏွံမွဳ ဥပေဒ၊ နည္းဥပေဒေတြနဲ ့လည္း မညီညြတ္တာေၾကာင့္ ဒီစီမံကိန္းေတြဟာ အက်ံဳးမ၀င္ပါေၾကာင္း သက္ဆိုင္ရာ ကုမၸဏီေတြကို သတိေပးခဲ့တာပါ။

For Info News
https://www.facebook.com/forinfo/
...................


ရန်ကုန်မြို့တွင်းက စီမံကိန်းအချို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်သလို တည်ဆဲရင်းနှီးမြုပ်နှံမှုဥပဒေ၊ နည်းဥပဒေတွေနဲ့လည်း မညီညွှတ်တာကြောင့် ဒီစီမံကိန်းတွေဟာ ဥပဒေအကျုံးမဝင်ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (၇) ရုံးကနေ မတ်လ (၄) ရက်နေ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီထဲမှာ ဒဂုံစီးတီးစီမံကိန်းနဲ့ UMFCCI ဥက္ကဋ္ဌဦးဝင်းအောင်နဲ့ IBTC ကုမ္ပဏီတို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကုမ္ပဏီက တည်ဆောက်မယ့်ဆေးရုံစီမံကိန်းတွေအပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲရေးနယ်မြေထဲမှာပါ၀င်တဲ့ မြေနေရာ ချထားပေးမှုတွေနဲ့ ပတ်သက်လို့ အခုလိုအသိပေးထုတ်ပြန်လိုက်တာပါ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေပုဒ်မ (၁၂၉) အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုတဲ့ ကုမ်္ပဏီတွေအနေနဲ ့ရန်ကုန်မြို ့တော်စည်ပင်သာယာရေး ကော်မတီထံမှာ ခွင့်ပြုမိန့်ရယူမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရက လုပ်ပိုင်ခွင့်လွှဲပြောင်းခဲ့တဲ့ အခုကုမ္ပဏီတွေအနေနဲ့တော့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီထံ လျှောက်ထားခြင်းနဲ့ ခွင့်ပြုချက်ရယူခဲ့ ခြင်းမရှိသေးပါဘူး။ဒါ့အပြင် ရင်းနှီးမြုပ်နှံမှု ဥပဒေပုဒ်မ (၅၃) အရ ဒီစီမံကိန်းတွေဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တင်ပြထားခြင်းမရှိသေးဘူးလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ဒါ့ကြောင့် ဒီစီမံကိန်းတွေဟာ ဖွဲ ့စည်းပုံအခြေခံဥပဒေနဲ ့မညီညွတ်သလို တည်ဆဲရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေတွေနဲ ့လည်း မညီညွတ်တာကြောင့် ဒီစီမံကိန်းတွေဟာ အကျံုးမဝင်ပါကြောင်း သက်ဆိုင်ရာ ကုမ္ပဏီတွေကို သတိပေးခဲ့တာပါ။

For Info News
https://www.facebook.com/forinfo/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)