လိုင်စင်မဲ့ စက်ယန္တရားကြီးတွေ တင်သွင်းမှု အရာရှိကြီးတချို့ကို ထုတ်ပယ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံတောင်ကြောမှာ ကုမ္ပဏီတွေကဝှက်ထားတဲ့ ကျောက် တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ်။ Photo: Ko Tin Hlaing
ကချင်ပြည်နယ် ဝိုင်းမော်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖော်ရာ နယ်မြေအတွင်း လိုင်စင်မဲ့ စက်ယန္တရားတွေ တင်သွင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ စီးပွားကူးသန်းဌာနက ညွန်ကြားရေးမှူးချုပ်တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

ဒါ့အပြင် အကောက်ခွန်ဌာနက ဝန်ထမ်းတွေနဲ့ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ခံ ဝန်ထမ်းတွေကိုလည်း အရေးယူထားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်၊

"ဖားကန့်ဒေသမှာ စက်န္တရားတွေပြဿနာဖြစ်တဲ့အခါမှာ စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာ မမှန်မကန် လုပ်မှုတွေ ပေါ်ထွက်လာတဲ့အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးကို ကျနော်တို့ ထုတ်ပစ်တဲ့အထိ အရေးယူထားတယ်၊ အကောက်အခွန်က ညွှန်ချုပ်နဲ့ နောက်တစ်ခါ စီးပွားကူသန်းက ညွှန်ချုပ်တစ်ယောက်ကိုလည်း အဲ့အတိုင်းပဲ ရာထူးကနေ ကျနော်တို့ ထုတ်ပယ်တာ လုပ်ထားတယ်၊ ပြီးလို့ရှိရင်တော့ အကောက်အခွန်ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်၊ နောက်တစ်ခါ စီးပွားကူးသန်းဘက်က ဝန်ထမ်း ၅ ယောက်ကိုတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့အညီ ကျနော်တို့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူတာတွေ လုပ်ထားပါတယ်၊ ဖားကန့်ဒေသမှာ လုပ်ငန်းလုပ်ကိုင် ဆောင် ရွက်တာတွေအားလုံးကို စနစ်တကျရှိဖို့အတွက် တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေရဲ့ နောက် ပြည်နယ်အစိုးရတို့ က ကြပ်မတ်ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စမျိုးတွေ ကျနော်တို့ ဆက်လက်င်္ပြီးတော့ ဆောင်ရွက်သွားမှာပါ"

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးဒေသမှာ စက်ယန္တရားအမြောက်အများကို တရားမဝင် တင်သွင်းတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကိုလည်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပယ်လိုက်ပြီး ကချင်ပြည်နယ်က ဝန်ကြီး(၃) ဦးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်၊

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ခေါင်းဆောင်တဲ့အဖွဲ့က  ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြစ်ကြီးနား၊ ကန်ပိုက်တီနဲ့ ဖားကန့်ဒေသမှာ ကွင်းဆင်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အရေးယူတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

..............................................


ဖားကန့်မြို့နယ် လုံးခင်းကေ်းရြာအုပ္စု ဆန္ခါကေ်းရြာအနီးက မွေ္ပာုံတောင်ကြောမွာ ကုမ္ပဏီတြေကဝွက္ထားတဲ့ ကော်က် တူးဖော်ရေးလုပ်ငန်းမွာအသုံျးပုတဲ့ စက်ယန္တရားမ်ားကို တြေ့ရစဉ်။ Photo: Ko Tin Hlaing
ကခ်င်ျပည္နယ် ဝိုင်းမော်ဒေသအတြင်းရွိ ကော်က္စိမ်းတူးဖော်ရာ နယ်ျေမအတြင်း လိုင္စင္မဲ့ စက်ယန္တရားတြေ တင်ြသင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အေကာက္ခြန်ဦးစီးဌာန ညွှန်ကြားရေးမွူးခ်ုပ္နဲ့ စီးပြားကူးသန်းဌာနက ညြန်ကြားရေးမွူးခ်ုပ္တို့ကို ရာထူးကေန ထုတ္ပယ္လိုက်ပြီလို့ သမ္မတရဲ့ျေပာရေးဆိုခြင့်ရွိသျူပန်ကြားရေးဝန်ကြီး ဦးရဲထြဋ္က RFA ကို ဒီကေန့ အတည်ျပုျေပာကြားပါတယ်။

ဒါ့အျပင် အေကာက္ခြန္ဌာနက ဝန္ထမ်းတြေနဲ့ စီးပြားကူးသန်းဝန်ကြီးဌာန လက်အောက္ခံ ဝန္ထမ်းတြေကိုလည်း အေရးယူထားတယ္လို့ ဦးရဲထြဋ္ကျေပာပါတယ်၊

"ဖားကန့်ဒေသမွာ စက်န္တရားတျြေပဿနျာဖစ္တဲ့အခါမွာ စုံစမ်းစစ်ဆေးရေးလုပ္တဲ့အခါမွာ မမွန္မကန် လုပ္မှုတြေ ပေါ်ထြက္လာတဲ့အတြက်ကြောင့်မို့လို့ ကခ်င်ျပည္နယ် အစိုးရအဖြဲ့ရဲ့ အတြင်းရေးမွူးကို က်န္တောို့ ထုတ္ပစ္တဲ့အထိ အေရးယူထားတယ်၊ အေကာက်အခြန္က ညွှန္ခ်ုပ္နဲ့ နောက္တစ္ခါ စီးပြားကူသန်းက ညွှန္ခ်ုပ္တစ်ယောက္ကိုလည်း အဲ့အတိုင်းပဲ ရာထူးကေန က်န္တောို့ ထုတ္ပယ္တာ လုပ္ထားတယ်၊ ပြီးလို့ရွိရင်တော့ အေကာက်အခြန်ဦးစီးဌာနက ဝန္ထမ်း ၁ဝ ယောက်၊ နောက္တစ္ခါ စီးပြားကူးသန်းဘက္က ဝန္ထမ်း ၅ ယောက္ကိုတော့ နိုင်ငံ့ဝန္ထမ်း ဥပေဒနဲ့အညီ က်န္တောို့ ဝန္ထမ်း စည်းမ်ဉ်းစည်းကမ်းအရ အေရးယူတာတြေ လုပ္ထားပါတယ်၊ ဖားကန့်ဒေသမွာ လုပ်ငန်းလုပ္ကိုင် ဆောင် ရြက္တာတြေအားလုံးကို စနစ္တက်ရွိဖို့အတြက် တာဝန်ရွိတဲ့ ဝန်ကြီးဌာနေတြရဲ့ နောက်ျပည္နယ်အစိုးရတို့ က ကြပ္မတ်ဆောင်ြရက္ဖို့ဆိုတဲ့ကိစ္စမိုးတြေ က်န္တောို့ ဆက္လက်င်္ပြီးတော့ ဆောင်ြရက်ြသားမွာပါ"

ဖားကန့် ကော်က္စိမ်းတူးဖော်ရေးဒေသမွာ စက်ယန္တရားအျေမာက်အမ်ားကို တရားမဝင် တင်ြသင်းတာနဲ့ ပတ်သက်ပြီး ကခ်င်ျပည္နယ် အစိုးရအဖြဲ့ရဲ့ အတြင်းရေးမွူး ဦးဇော်သိန်းကိုလည်း ဖေဖ်ာဝါရီလ ၂၉ ရက်နေ့က ထုတ္ပယ္လိုက်ပြီး ကခ်င်ျပည္နယ္က ဝန်ကြီး(၃) ဦးအပါအဝင်ျပည္နယ်အစိုးရအဖြဲ့ဝင္တခို့ကိုလည်း စစ်ဆေးနေတယ္လို့ သိရပါတယ်၊

သဘာဝပတ်ဝန်းက်င္ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနျပည်ထောင္စုဝန်ကြီး ဦးဝင်းထြန်း ခေါင်းဆောင္တဲ့အဖြဲ့က  ပြီးခဲ့တဲ့ ဒီဇင္ဘာလအတြင်ျးမစ်ကြီးနား၊ ကန္ပိုက္တီနဲ့ ဖားကန့်ဒေသမွာ ကြင်းဆင်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အေရးယူတာတျြေပုလုပ်နေတျာဖစ္ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)