ပုဂံဘုရားနားမွာ ဝတ္လစ္စလစ္ ေျပးေနတ့ဲ အဂၤလန္နိုင္ငံသားကို ဘယ္လိုအေရးယူမလဲ



ရန္ကုန္ -မတ္ ၂၆

ပုဂံေရွးေဟာင္းယဥ္ေက်းမွဳနယ္ေျမတြင္အဝတ္အစားမပါဘဲ သြားလာေနေသာ နိုင္ငံျခားသားကို ေညာင္ဦးေဆးရုံတြင္ ေဆးစစ္ထားျပီး နိုင္ငံယဥ္ေက်းမွဳကိုမေလးမစားလုပ္သည္ဟု ေတြ႔ရွိပါက သက္ဆိုင္ရာဌာနမ်ားကအေရးယူသြားမည္ဟု သိရသည္ ။

အသက္ ၂၀ ဝန္းက်င္ရွိ အဆိုပါအဂၤလန္နိုင္ငံသားသည္ မတ္လ ၂၅ရက္ေန႕ညေနပိုင္းတြင္္ ေရႊဆံေတာ္ဘုရားႏွင့္ အေနာ္ရထာလမ္းေထာင့္တြင္ေျပးေနျခင္းေႀကာင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္းရဲတပ္ဖြဲ႕က သြားေရာက္ထိန္းသိမ္းခ့ဲေႀကာင္း ၊ ၄င္းကိုတည္းခိုရာေနရာသို႕ျပန္လည္ပို႕ေဆာင္ထားေႀကာင္း ပုဂံကမၻာလွည့္ခရီးသြားလုပ္ငန္းရဲတပ္ဖြဲ႕မွရဲမႉးခိုင္ဝင္းကေျပာသည္ ။

"က်န္းမာေရးေႀကာင့္လား၊ ဒါမွမဟုတ္ မူးယစ္ေသာက္စားထားလား ၊ ႏိုင္ငံကိုမေလးမစားလုပ္တာလားေပါ့ ။ က်န္းမာေရးေႀကာင့္ဆိုသက္ဆိုင္ရာသံရုံးနဲ႕ခ်ိတ္ဆက္ေဆာင္ရြက္ရမွာေပါ့ ။နိုင္ငံယဥ္ေက်းမွဳကိုမေလးမစားလုပ္ရင္ လဝက ရဲ န႕ဲေရွး/သုတို႕ကအေရးယူမွာေပါ့ "ဟု ၄င္းကေျပာသည္ ။

ပုဂံတြင္ထိုက့ဲသုိ႕ျဖစ္စဥ္မ်ိဳးတစ္ႀကိမ္မွ်မျဖစ္ခ့ဲဖူးေႀကာင္း ၄င္းကေျပာႀကားသည္ ။

လက္ရွိတြင္အဆိုပါဓါတ္ပုံသည္ လူမွဳကြန္ယက္စာမ်က္ႏွာတြင္ပ်ံ႕နွ႕ံလ်က္ရွိျပီး ေရွးေဟာင္းယဥ္ေက်းမွဳနယ္ေျမတြင္ထိုသို႕အျပဳအမူမ်ိဳးမလုပ္ေဆာင္သင့္ေႀကာင္းေဝဖန္လ်က္ရွိႀကသည္ ။

Popular News Journal

..........................................................


 
ပုဂံဘုရားနားမှာ ဝတ်လစ်စလစ် ပြေးနေတဲ့ အင်္ဂလန်နိုင်ငံသားကို ဘယ်လိုအရေးယူမလဲ 

ရန်ကုန် -မတ် ၂၆ 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်အဝတ်အစားမပါဘဲ သွားလာနေသော နိုင်ငံခြားသားကို ညောင်ဦးဆေးရုံတွင် ဆေးစစ်ထားပြီး နိုင်ငံယဉ်ကျေးမှုကိုမလေးမစားလုပ်သည်ဟု တွေ့ရှိပါက သက်ဆိုင်ရာဌာနများကအရေးယူသွားမည်ဟု သိရသည် ။

အသက် ၂၀ ဝန်းကျင်ရှိ အဆိုပါအင်္ဂလန်နိုင်ငံသားသည် မတ်လ ၂၅ရက်နေ့ညနေပိုင်းတွင်် ရွှေဆံတော်ဘုရားနှင့် အနော်ရထာလမ်းထောင့်တွင်ပြေးနေခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့ကြောင်း ၊ ၄င်းကိုတည်းခိုရာနေရာသို့ပြန်လည်ပို့ဆောင်ထားကြောင်း ပုဂံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့မှရဲမှူးခိုင်ဝင်းကပြောသည် ။

"ကျန်းမာရေးကြောင့်လား၊ ဒါမှမဟုတ် မူးယစ်သောက်စားထားလား ၊ နိုင်ငံကိုမလေးမစားလုပ်တာလားပေါ့ ။ ကျန်းမာရေးကြောင့်ဆိုသက်ဆိုင်ရာသံရုံးနဲ့ချိတ်ဆက်ဆောင်ရွက်ရမှာပေါ့ ။နိုင်ငံယဉ်ကျေးမှုကိုမလေးမစားလုပ်ရင် လဝက ရဲ နဲ့ရှေး/သုတို့ကအရေးယူမှာပေါ့ "ဟု ၄င်းကပြောသည် ။

ပုဂံတွင်ထိုကဲ့သို့ဖြစ်စဉ်မျိုးတစ်ကြိမ်မျှမဖြစ်ခဲ့ဖူးကြောင်း ၄င်းကပြောကြားသည် ။ 

လက်ရှိတွင်အဆိုပါဓါတ်ပုံသည် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့နှ့ံလျက်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်ထိုသို့အပြုအမူမျိုးမလုပ်ဆောင်သင့်ကြောင်းဝေဖန်လျက်ရှိကြသည် ။

Popular News Journal

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)