မန္းေရႊစက္ေတာ္ ေဂါပကအဖြဲ႕ ႏွင့္ မေကြးတုိင္း လႊတ္ေတာ္ဥကၠ႒၊ အမတ္မ်ား ေတြ႕ဆံုပြဲ ေဂါပကဥကၠ႒ မတက္ေရာက္

မင္းဘူး၊ မတ္ ၄။ ။ မေကြးတိုင္းေဒသႀကီး၊ လႊတ္ေတာ္ဥကၠ႒ႏွင့္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႔သည္ မင္းဘူး-စကုၿမိဳ႕နယ္ ေရႊစက္ေတာ္ဘုရားပြဲေတာ္တြင္ ဘုရားဖူးႏွင့္ေဒသခံမ်ား အဆင္ေျပေစေရးအတြက္ မန္းေရႊစက္ေတာ္ေဂါပကအဖြဲ႔ႏွင့္ သြားေရာက္ေဆြးေႏြးရာတြင္ ေဂါပကဥကၠ႒အျဖစ္ တာဝန္ယူထားေသာ မင္းဘူးခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးသည္ ယင္းေတြ႔ဆုံပြဲသို႔ တက္ေရာက္လာခဲ့ျခင္းမရွိေၾကာင္း မေကြးတိုင္းေဒသႀကီး၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ဳိးေက်ာ္က မတ္လ(၄)ရက္တြင္ မဇၩိမသို႔ ေျပာသည္။

ေရႊစက္ေတာ္ဘုရားပရဝဏ္တြင္ ေဂါပကဥကၠ႒အပါအဝင္ အဖြဲ႔ဝင္မ်ားႏွင့္ေတြ႔ဆုံရန္ မင္းဘူး-စကုၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ဳိးေက်ာ္က လြန္ခဲ့သည့္ တစ္ပတ္ခန္႔းက အေၾကာင္းၾကားခဲ့ေသာ္လည္း မတ္လ ၃ရက္ ေတြ႕ဆံုပြဲတြင္ မင္းဘူးခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးလည္းျဖစ္၊ ေဂါပက ဥကၠ႒လည္းျဖစ္သူ ဦးသိန္းေဇာ္က မတက္ေရာက္ျခင္းျဖစ္သည္။

"လႊတ္ေတာ္ဥကၠ႒ဆိုတာ အစိုးရအဖြဲ႔နဲ႔ တန္းတူပဲ။ ဝန္ႀကီးခ်ဳပ္ၿပီးရင္ လႊတ္ေတာ္မွာ ဥပေဒျပဳေရးနယ္ပယ္မွာ အႀကီးဆုံးပုဂၢဳိလ္ပဲ။အဲဒီလႊတ္ေတာ္ဥကၠ႒ႀကီးက ေဒသခံနဲ႔ဘုရားဖူးျပည္သူေတြ အက်ဳိးအတြက္ ဖိတ္ေခၚမႈကို သူက တက္ေရာက္လာျခင္းမ႐ွိဘူး။ဘာေၾကာင့္တက္ေရာက္မလာဘူးဆိုတာေတာ့ သူ႔တာဝန္၊ သူ႔အပိုင္းပဲ။ ဒါနဲ႔ပတ္သတ္ၿပီး ဘာမွမွတ္ခ်က္ေပးစရာ မရွိပါဘူး။ကြ်န္ေတာ္တို႔က ဆုံးမၾသဝါဒေပးဖို႔ လာတာမဟုတ္ဘူး။ ဝင္ေရာက္ စြက္ဖက္ဖို႔ လာခဲ႔တာမဟုတ္ဘူး။ ေဆာင္႐ြက္တဲ႔ကိစၥေတြမွာ ဥပေဒေတြ စည္းမ်ဥ္းစည္း
ကမ္းေတြနဲ႔ ညီညြတ္သလားဆိုတာ ေလ့လာဖို႔ပဲ။" ဟု အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ဳိးေက်ာ္က ေျပာသည္။

ေတြ႕ဆံုပြဲ၌ တည္းေက်ာင္းမ်ားကို မည္သည့္မူႏွင့္ မည္သုိ႔ေသာ ပုဂၢိဳလ္မ်ားကို ခ်ေပးျခင္း၊ တံတားေၾကး၊
လမ္းေၾကးေကာက္ခံျခင္း ကိစၥ၊ လုပ္ငန္းတင္ဒါမ်ား၊ အမ်ားျပည္သူစိတ္ခ်မ္းသာစြာ ဘုရားလာဖူးႏုိင္ရန္
 ေဂါပကအဖြဲ႕မွ ေဆာင္ရြက္ထားမႈမ်ားကို တုိင္းလႊတ္ေတာ္ ဥကၠ႒က ေမးျမန္းခဲ့သည္။

"တင္ဒါနဲ႔ ပတ္သက္တာေတြ၊ လုပ္ငန္းေလလံရရွိတာေတြကို (၅)ရက္ေန႔မွာ လႊတ္ေတာ္ကို ကြ်န္ေတာ္ကေနတစ္ဆင့္ လုပ္ငန္းေလလံရရွိသူေတြ တင္ဒါစည္းကမ္းနဲ႔အညီ ႐ွိမ႐ွိဆိုတဲ႔အခ်က္ကို တင္ျပတဲ့စာရင္းဇယားၾကည့္သြားမယ္။ ေနာက္တစ္ခုက လွ်ပ္စစ္မီးနဲ႔ပတ္သက္လို႔ ေရႊစက္ေတာ္မွာ (၂)ရက္တိတိ မီးပ်က္သြားတဲ႔ကိစၥကိုလည္း အဓိက ေထာက္ျပခဲ့တယ္။" ဟု လႊတ္ေတာ္ကိုယ္စားလွယ ္ဦးေနမ်ဳိးေက်ာ္က ေျပာသည္။

ထို႔ျပင္ တည္းေက်ာင္းခေစ်းႏႈန္းႀကီးျမင့္မႈမ်ား၊ လမ္းတံတားႏွင့္ ပြဲေတာ္ဝင္ေၾကးေကာက္ခံမႈမ်ား၊ သဘာဝေဘး အႏၲရာယ္ကာကြယ္ေရးကိစၥရပ္မ်ားႏွင့္ ေဂါပကအဖြဲ႔၏ စည္းမ်ဥ္းဥပေဒအားနည္းမႈမ်ားကို ေထာက္ျပေဆြးေႏြးခဲ့သည္။

"ႏွစ္ေပါင္းမ်ားစြာ အစဥ္လာဆိုးေတြနဲ႔ ျဖစ္ခဲ့တဲ့ ေရႊစက္ေတာ္ဘုရားပြဲခင္းက်င္းမႈႏွင့္ ပတ္သက္လို႔ ဒီလိုႏွစ္မ်ဳိးမွာ အေျပာင္းအလဲကို ကြ်န္ေတာ္တို႔က လိုလိုလားလားႀကိဳးပမ္းေသာ္လည္းပဲ တာဝန္ရွိသူေတြကေတာ့ ဒီဟာကို ႀကိဳးပမ္းဖို႔ ဝန္ေလးေနတာ ေတြ႔ရတယ္။ဒီအတြက္ ကြ်န္ေတာ္တို႔ကေတာ့ ဘယ္သူ႔မ်က္ႏွာကိုမွမေထာက္ဘဲ ဘုရားဖူးမိဘျပည္သူနဲ႔ ဘုရားပြဲေတာ္ႀကီးရဲ႕ဂုဏ္သိကၡာ အက်ဳိးစီးပြားအတြက္ က်န္႐ွိတဲ႔ဘုရားပြဲ ရက္(၄၀)အတြင္းမွာ အေျပာင္းအလဲကိုမလုပ္ရင္ ဒီထက္ပိုၿပီးေတာ့မွ တြန္းအားပါတဲ့ ေဆာင္ရြက္ခ်က္ေတြကို ျဖစ္စဥ္အေပၚ ေစာင့္ၾကည့္လုပ္ေဆာင္သြားမယ္။ အမွားအယြင္း႐ွိရင္ အမွားအယြင္းရွိတဲ႔သူေတြ ကိုယ့္ဖာသာခံႏိုင္ရည္႐ွိဖို႔ လိုမယ္။ ကြ်န္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔လည္း ေဂါပကအဖြဲ႔က အကူအညီေတာင္းခံလာရင္ ပူးေပါင္းေဆာင္ရြက္မယ္။ ျဖည့္စြက္ကူညီသြားမယ္။" ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ဳိးေက်ာ္က ထပ္မံျဖည့္ စြက္ ေျပာၾကားသည္။

မန္းေရႊစက္ေတာ္ဘုရားႀကီးတြင္ မတ္လ ၃ရက္ နံနက္(၁၀)နာရီက ျပဳလုပ္ခဲ့ေသာ ယင္းေတြ႔ဆုံပြဲကို တိုင္းလႊတ္ေတာ္ဥကၠ႒ႀကီးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္(၆)ဦး တက္ေရာက္ခဲ့ၿပီး ေရႊစက္ေတာ္ေဂါပကအဖြဲ႔ဘက္မွ ေဂါပကဥကၠ႒မွအပ အဖြဲ႔ဝင္မ်ား တက္ေရာက္ခဲ့သည္။

---
သတင္းလင့္ http://mizzimaburmese.com/article/11933
..................
မန်းရွှေစက်တော် ဂေါပကအဖွဲ့ နှင့် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များ တွေ့ဆုံပွဲ ဂေါပကဥက္ကဋ္ဌ မတက်ရောက်

မင်းဘူး၊ မတ် ၄။ ။ မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် မင်းဘူး-စကုမြို့နယ် ရွှေစက်တော်ဘုရားပွဲတော်တွင် ဘုရားဖူးနှင့်ဒေသခံများ အဆင်ပြေစေရေးအတွက် မန်းရွှေစက်တော်ဂေါပကအဖွဲ့နှင့် သွားရောက်ဆွေးနွေးရာတွင် ဂေါပကဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးသည် ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့ခြင်းမရှိကြောင်း မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က မတ်လ(၄)ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ရွှေစက်တော်ဘုရားပရဝဏ်တွင် ဂေါပကဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့်တွေ့ဆုံရန် မင်းဘူး-စကုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က လွန်ခဲ့သည့် တစ်ပတ်ခန့်းက အကြောင်းကြားခဲ့သော်လည်း မတ်လ ၃ရက် တွေ့ဆုံပွဲတွင် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဂေါပက ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းဇော်က မတက်ရောက်ခြင်းဖြစ်သည်။

"လွှတ်တော်ဥက္ကဋ္ဌဆိုတာ အစိုးရအဖွဲ့နဲ့ တန်းတူပဲ။ ဝန်ကြီးချုပ်ပြီးရင် လွှတ်တော်မှာ ဥပဒေပြုရေးနယ်ပယ်မှာ အကြီးဆုံးပုဂ္ဂိုလ်ပဲ။အဲဒီလွှတ်တော်ဥက္ကဋ္ဌကြီးက ဒေသခံနဲ့ဘုရားဖူးပြည်သူတွေ အကျိုးအတွက် ဖိတ်ခေါ်မှုကို သူက တက်ရောက်လာခြင်းမရှိဘူး။ဘာကြောင့်တက်ရောက်မလာဘူးဆိုတာတော့ သူ့တာဝန်၊ သူ့အပိုင်းပဲ။ ဒါနဲ့ပတ်သတ်ပြီး ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။ကျွန်တော်တို့က ဆုံးမသြဝါဒပေးဖို့ လာတာမဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်ဖို့ လာခဲ့တာမဟုတ်ဘူး။ ဆောင်ရွက်တဲ့ကိစ္စတွေမှာ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်သလားဆိုတာ လေ့လာဖို့ပဲ။" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။

တွေ့ဆုံပွဲ၌ တည်းကျောင်းများကို မည်သည့်မူနှင့် မည်သို့သော ပုဂ္ဂိုလ်များကို ချပေးခြင်း၊ တံတားကြေး၊ လမ်းကြေးကောက်ခံခြင်း ကိစ္စ၊ လုပ်ငန်းတင်ဒါများ၊ အများပြည်သူစိတ်ချမ်းသာစွာ ဘုရားလာဖူးနိုင်ရန် ဂေါပကအဖွဲ့မှ ဆောင်ရွက်ထားမှုများကို တိုင်းလွှတ်တော် ဥက္ကဋ္ဌက မေးမြန်းခဲ့သည်။

"တင်ဒါနဲ့ ပတ်သက်တာတွေ၊ လုပ်ငန်းလေလံရရှိတာတွေကို (၅)ရက်နေ့မှာ လွှတ်တော်ကို ကျွန်တော်ကနေတစ်ဆင့် လုပ်ငန်းလေလံရရှိသူတွေ တင်ဒါစည်းကမ်းနဲ့အညီ ရှိမရှိဆိုတဲ့အချက်ကို တင်ပြတဲ့စာရင်းဇယားကြည့်သွားမယ်။ နောက်တစ်ခုက လျှပ်စစ်မီးနဲ့ပတ်သက်လို့ ရွှေစက်တော်မှာ (၂)ရက်တိတိ မီးပျက်သွားတဲ့ကိစ္စကိုလည်း အဓိက ထောက်ပြခဲ့တယ်။" ဟု လွှတ်တော်ကိုယ်စားလှယ ်ဦးနေမျိုးကျော်က ပြောသည်။

ထို့ပြင် တည်းကျောင်းခစျေးနှုန်းကြီးမြင့်မှုများ၊ လမ်းတံတားနှင့် ပွဲတော်ဝင်ကြေးကောက်ခံမှုများ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးကိစ္စရပ်များနှင့် ဂေါပကအဖွဲ့၏ စည်းမျဉ်းဥပဒေအားနည်းမှုများကို ထောက်ပြဆွေးနွေးခဲ့သည်။

"နှစ်ပေါင်းများစွာ အစဉ်လာဆိုးတွေနဲ့ ဖြစ်ခဲ့တဲ့ ရွှေစက်တော်ဘုရားပွဲခင်းကျင်းမှုနှင့် ပတ်သက်လို့ ဒီလိုနှစ်မျိုးမှာ အပြောင်းအလဲကို ကျွန်တော်တို့က လိုလိုလားလားကြိုးပမ်းသော်လည်းပဲ တာဝန်ရှိသူတွေကတော့ ဒီဟာကို ကြိုးပမ်းဖို့ ဝန်လေးနေတာ တွေ့ရတယ်။ဒီအတွက် ကျွန်တော်တို့ကတော့ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ဘုရားဖူးမိဘပြည်သူနဲ့ ဘုရားပွဲတော်ကြီးရဲ့ဂုဏ်သိက္ခာ အကျိုးစီးပွားအတွက် ကျန်ရှိတဲ့ဘုရားပွဲ ရက်(၄၀)အတွင်းမှာ အပြောင်းအလဲကိုမလုပ်ရင် ဒီထက်ပိုပြီးတော့မှ တွန်းအားပါတဲ့ ဆောင်ရွက်ချက်တွေကို ဖြစ်စဉ်အပေါ် စောင့်ကြည့်လုပ်ဆောင်သွားမယ်။ အမှားအယွင်းရှိရင် အမှားအယွင်းရှိတဲ့သူတွေ ကိုယ့်ဖာသာခံနိုင်ရည်ရှိဖို့ လိုမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဂေါပကအဖွဲ့က အကူအညီတောင်းခံလာရင် ပူးပေါင်းဆောင်ရွက်မယ်။ ဖြည့်စွက်ကူညီသွားမယ်။" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ထပ်မံဖြည့် စွက် ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားကြီးတွင် မတ်လ ၃ရက် နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံပွဲကို တိုင်းလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး တက်ရောက်ခဲ့ပြီး ရွှေစက်တော်ဂေါပကအဖွဲ့ဘက်မှ ဂေါပကဥက္ကဋ္ဌမှအပ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

---
သတင်းလင့် http://mizzimaburmese.com/article/11933
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)