အစိုးရအလႊဲအေျပာင္း ၁၁ ရက္ေန႔ အၿပီးသတ္ ေဆြးေႏြးမည္


ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္ ကို VOA သီးသန္႔ေမးျမန္းခဲ့စဥ္ (၁၁.၁၈.၂၀၁၅)
သမၼတနဲ႔ အစိုးရတာ၀န္ အလဲႊအေျပာင္းကိစၥေတြအတြက္ လက္ရိွ အစိုးရအဖဲြ႔တာ၀န္ရိွသူေတြနဲ႔ အႏိုင္ရ NLD ပါတီ ကိုယ္စားလွယ္ေတြအၾကား လာမယ့္ ၁၁ ရက္ေန႔မွာ အေခ်ာသပ္ ေဆြးေႏြးဖို႔ ျပင္ဆင္ေနၾကပါတယ္။ သမၼတ အာဏာ အလဲႊအေျပာင္းကိစၥေတြအတြက္ ႏွစ္ဖက္အၾကား ကဲြလဲြတဲ့အျမင္အခ်ိဳ႕ ရိွေနတာမို႔၊ ဒီအေပၚ ညိွႏိွဳင္းေဆာင္ရြက္ဖို႔ က်န္ရိွေနတယ္လို႔ သမၼတဦးသိန္းစိန္ရဲ႕ ေျပာခြင့္ရသူ ျပန္ၾကားေရး၀န္ႀကီးလည္းျဖစ္တဲ့ ဦးရဲထြဋ္က ဗီြအိုေအကို ေျပာပါတယ္။ ဦးရဲထြဋ္ကို ဗီြအိုေအ သတင္းေထာက္ ကုိထက္ေအာင္က ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလိုစေျပာပါတယ္။

ဦးရဲထြဋ္။ ။ က်ေနာ္တို႔ ၁၁ ရက္ေန႔ေတြ႔မယ္ေလ။ က်ေနာ္တို႔က ဖိတ္စာပို႔ထားတာေပါ့ သူတို႔ဘက္ကေတာ့ အေၾကာင္းမျပန္ေသးဘူး။

ထက္ေအာင္။ ။ ဘာေတြမ်ားအဓိကထားၿပီးေဆြးေႏြးဖို႔ရွိပါသလဲ အဲဒီအခါ က်ရင္ေလ။

ဦးရဲထြဋ္။ ။ အဓိက က်ေနာ္တို႔ဘက္ကျပင္ဆင္ထားတာေတာ့ဗ်ာ သမၼတ လြဲေျပာင္းေရးတာ၀န္နဲ႔ ပတ္သက္လို႔ ႏွစ္ဖက္စလံုးက သေဘာတူထားတာေတာ့ ရွိပါတယ္။ အဲဒါကေတာ့ ကတိ သစၥာျပဳတာကို လႊတ္ေတာ္မွာလုပ္မယ္။ တာ၀န္လႊဲေျပာင္းတဲ့အခန္းအနားကို သမၼတ အိမ္ေတာ္မွာလုပ္မယ္ ဒါကေတာ့ အေျခခံအားျဖင့္ သေဘာတူၿပီးသားပါ။ အခု က်ေနာ္တို႔ ထပ္ျဖည့္ရမွာေတာ့ သမၼတ အိမ္ေတာ္မွာ အခမ္းအနားကို က်င္းပရင္ ဘယ္လိုပံုစံနဲ႔ လုပ္မလဲဆိုတဲ့ ကိစၥကေတာ့ က်ေနာ္တို႔ ၾကားမွာ ျပန္ညိွဖို႔လိုေနေသးပါတယ္။ အဲဒါကိုေတာ့ က်ေနာ္တို႔ဘက္က အဓိကေဆြးေႏြးဖို႔ စဥ္းစားထားပါတယ္။

ထက္ေအာင္။ ။ ဒီ သမၼတ ကတိသစၥာျပဳတာကို NLD ဘက္က လႊတ္ေတာ္မွာလုပ္ဖို႔ သူတို႔က ဆႏၵရွိၾကပါတယ္။ ဆိုေတာ့ အဲဒီပြဲကိုေရာ သမၼတ ဦးသိန္းစိန္ အပါအ၀င္ေပါ့ေလ ဒီ ၀န္ႀကီးခ်ဳပ္အစိုးရအဖြဲ႔ေတြ လာဖို႔ အစီအစဥ္ရွိပါသလားခင္ဗ်ာ။

ဦးရဲထြဋ္။ ။ လႊတ္ေတာ္မွာ ကတိသစၥာျပဳတာကေတာ့ က်ေနာ္တို႔ ၂၀၁၁ တုန္းက အစဥ္အလာအတိုင္းဆိုရင္ေတာ့ သမၼတ အသစ္နဲ႔ သူ႔ကို ေရြးခ်ယ္ လိုက္တဲ့ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ က်ေနာ္တို႔ဒါ တျခား ဖိတ္ၾကား ထားတဲ့ ဧည့္သည္ေတြ တက္ေရာက္ဖို႔ရွိပါတယ္ခင္ဗ်ာ။ က်ေနာ္တို႔ သမၼတကေတာ့ အဲဒီမွာ သြားၿပီးသူက တက္ဖို႔မရွိပါဘူး။ သူကေတာ့ အိမ္က ေစာင့္ဆိုင္းၿပီးေတာ့မွ ကတိသစၥာျပဳၿပီးလို႔ သမၼတအသစ္တာ၀န္ စတင္ထမ္းေဆာင္မယ့္ သမၼတကို တာ၀န္လႊဲေျပာင္း ဖို႔အတြက္ ေစာင့္ဆိုင္းေန မွာျဖစ္ပါတယ္။

ထက္ေအာင္။ ။ ဟုတ္ကဲ့။ ၀န္ႀကီးတို႔ဘက္က ဒီသမၼတ အာဏာလႊဲေျပာင္းေရးနဲ႔ ပတ္သက္လို႔ အိမ္ေတာ္မွာလုပ္ဖို႔အတြက္ အဓိက ေဆြးေႏြးသြားမယ္ေပါ့ေလ။ ဆိုေတာ့ အဲဒီေဆြးေႏြးပြဲအဆိုကိုေရာ သူတို႔ဘက္က NLD ဘက္ကေရာ လက္ခံပါရဲ႕လားခင္ဗ်ာ။ ဒီအိမ္ေတာ္မွာပဲလုပ္ဖို႔ေရာ သူတို႔ သေဘာတူ ပါရဲ႕လားခင္ဗ်ာ။

ဦးရဲထြဋ္။ ။ အခမ္းအနားကို အိမ္ေတာ္မွာ လုပ္မယ္ဆိုတာ သူတို႔လည္း သေဘာတူ တယ္။ တာ၀န္လြဲတဲ့အခမ္းအနားကို သို႔ေသာ္ အဲဒီအခမ္းအနားကို ဘယ္လိုပံုစံ ၊ ဘယ္လိုအဆင့္နဲ႔ က်င္းပမယ္ဆိုတာေတာ့ က်ေနာ္တို႔ၾကားမွာ ကြဲလြဲမႈေတြ ရွိေနေတာ့ ျပန္ညိွရဦးမယ္။

ထက္ေအာင္။ ။ ဟုတ္ကဲ့။ ဘယ္လိုေတြမ်ား ကြဲလြဲမႈေတြ ရွိေနတာပါလဲ ခင္ဗ်ာ။

ဦးရဲထြဋ္။ ။ အဓိကေတာ့ ဟိုဟာပါပဲ က်ေနာ္တို႔က ဂုဏ္ျပဳတပ္ဖြဲ႔လိုမ်ိဳး ထည့္မလားေပါ့၊ က်ေနာ္တို႔ကေတာ့ ဂုဏ္ျပဳတပ္ဖြဲ႔လိုမ်ိဳးထည့္ခ်င္တာေပါ့ေနာ္။ ဒါက ႏိုင္ငံေရးအရလည္း အႏွစ္သာရရွိတယ္။ ဂုဏ္ျပဳတပ္ဖြဲ႔ဆိုတာက တပ္မေတာ္နဲ႔ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳတဲ့ တပ္ဖြဲ႔ေပါ့။ ဒါမ်ိဳးထည့္ဖို႔ သူတို႔ဘက္ ကေတာ့ အဲဒါမ်ိဳးေတြကို ထည့္သင့္၊ မထည့္သင့္ ျပန္စဥ္းစားမယ္ဆိုတဲ့ သေဘာမ်ိဳးေတာ့ ရွိတယ္။ ဒါမ်ိဳးေတြ ကြဲလြဲတာပါ။

ထက္ေအာင္။ ။ ၀န္ႀကီးတို႔ဘက္ကေရာ ဒီသမၼတ အာဏာလႊဲေျပာင္းေရးနဲ႔ပတ္သက္ လို႔ ဒီထက္ ဘာေတြမ်ား အဓိကထား ေဆြးေႏြးဖို႔ရွိပါသလဲ ခင္ဗ်ာ။

ဦးရဲထြဋ္။ ။ မရွိပါဘူးခင္ဗ်ာ။ အရင္တုန္းကလည္း က်ေနာ္တို႔က သူတို႔ကို power point ေတြနဲ႔ ရွင္းျပထားၿပီးသားပါ။ အခုေတာ့ က်ေနာ္တို႔ ေနာက္ဆံုး အေသးစိတ္ျပန္ညိွရမယ့္ သေဘာေပါ့။ ဒီေနရာမွာေတာ့ဗ်ာ ခင္ဗ်ားတို႔ေရာ၊ သူတို႔ အားလံုးနားလည္ထားဖို႔လိုတာက ဒါ ဦးသိန္းစိန္အစိုးရနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေခါင္းေဆာင္တဲ့ အစိုးရ ၂ ခုတည္းနဲ႔ဆိုင္တဲ့ အခမ္းအနား မဟုတ္ဘူး။ ေနာင္မွာအစဥ္အဆက္ လုပ္ဖို႔လိုအပ္တဲ့ အတြက္ေၾကာင့္မို႔လို႔ ပါသင့္ပါထိုက္တဲ့အစီအစဥ္ေတြအားလံုး ပါဖို႔အတြက္ က်ေနာ္တို႔အားလံုး စဥ္းစားေဆာင္ရြက္ေနတာေပါ့။ ေနာက္တခုကလည္း အကုန္အက်မ်ားမယ္၊ ဘာညာ ေျပာတာရွိပါတယ္။ တကယ္က်ေတာ့ က်ေနာ္တို႔လုပ္မယ့္အခမ္းအနားလည္း ဘာမွ ကုန္က်စရာမရွိပါဘူး။ ဂုဏ္ျပဳတပ္ဖြဲ႔ဆိုတာလည္း အသင့္ဖြဲ႔စည္းၿပီးသားျဖစ္တယ္။ အျခားႏိုင္ငံတကာ ေခါင္းေဆာင္ေတြကလည္း သူတို႔ အေလးျပဳ ႀကိဳဆိုေနၾကျဖစ္တယ္။ ေနာက္တခါ အိမ္ေတာ္ထဲမွာလုပ္မယ့္ သီဟာသနပလႅင္ ပံုတူေရွ႕မွာလုပ္မယ့္ အခမ္းအနားဆိုရင္လည္း ဘာမွ ေငြေၾကးကုန္က် စရာမရွိပါဘူး။ ေနာက္တခါ ဧည့္ခံပြဲေတြ၊ ဧည့္ခံပြဲႀကီးေတြလည္း ပါမွာမဟုတ္ပါဘူး။

ထက္ေအာင္။ ။ ဆိုေတာ့ တကယ္လို႔မ်ားေပါ့ေနာ္ အိမ္ေတာ္မွာ အဲလိုမ်ိဳး အခမ္းအနားေပါ့ေနာ္ ၀န္ႀကီးတို႔ေျပာသလိုမ်ား တကယ္လို႔ လုပ္ျဖစ္မယ္ဆိုရင္ ဘယ္ရက္မွာမ်ားလုပ္ဖို႔ရွိပါသလဲခင္ဗ်ာ။

ဦးရဲထြဋ္။ ။ဒါေတြကေတာ့ က်ေနာ္တို႔က သမၼတသစ္ ကတိသစၥာျပဳတဲ့ သမၼတႀကီး ဦးသိန္းစိန္လုပ္ခဲ့တဲ့ဟာကိုမူတည္ၿပီးေျပာရရင္ေတာ့ မတ္လ ၃၀ ေပါ့ဗ်ာ။ အဲဒီဟာမ်ိဳးၿပီးတဲ့အခ်ိန္မွာ လႊတ္ေတာ္ကေန ဒီကိုထြက္လာၿပီးေတာ့ ဆက္လုပ္မွာေပါ့ဗ်ာ။ တကယ္က်ေတာ့ အပိုင္း၂ ပိုင္းေပါ့ ။ ဒါေပမယ့္ က်င္းပတာကေတာ့ တဆက္တည္းျဖစ္ဖို႔ မ်ားပါတယ္။

ထက္ေအာင္။ ။ သမၼတ အာဏာလြဲေျပာင္းေရးအပါအ၀င္ေပါ့ေလ အစိုးရ တခုနဲ႔တခု အေျပာင္းအလဲမွာဆိုရင္ ဒီ ၂၀၀၈ အေျခခံ ဥပေဒအရဆိုရင္ တိတိက်က် ျပဌာန္း မထားဘူးဆိုၿပီးေတာ့ တခ်ိဳ႕ကေျပာဆိုေနၾကပါတယ္ ၀န္ႀကီးခင္ဗ်ာ။ အဲဒါနဲ႔ ပတ္သက္လို႔ ၀န္ႀကီးတို႔ကေရာ အာဏာလႊဲေျပာင္းေရးမွာ တခုနဲ႔တခု၊ တဖက္နဲ႔ တဖက္ အဆင္ေျပေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ေအာင္ ဘာေတြမ်ား အဓိကထား စီစဥ္ထား ပါသလဲခင္ဗ်ာ။

ဦးရဲထြဋ္။ ။ အဓိကဗ်ာ က်ေနာ္တို႔လႊတ္ေတာ္ ဒီ အာဏာလြဲေျပာင္းတာနဲ႔ ပတ္သက္ၿပီးေတာ့ တာ၀န္လြဲေျပာင္းတာနဲ႔ပတ္သက္ၿပီးေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒထဲမွာ တိတိက်က်ေဖာ္ျပ ထားျခင္းမရွိတဲ့ အတြက္ေၾကာင့္ ေနာင္ကို အစဥ္အလာေကာင္း တခုျဖစ္ေအာင္ ႀကိဳးစားၿပီးေဆာင္ရြက္ေနတာေပါ့။ ဒါေၾကာင့္မို႔လိုလဲ သမၼတႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ေတြ႔တဲ့အခ်ိန္မွာ ၂ ဘက္ ေကာ္မတီေတြ ဖြဲ႕ၿပီးေတာ့ ပူးေျပာင္းေဆာင္ရြယ္မယ္ ဆိုၿပီးလုပ္ခဲ့တာရွိတယ္။ ေနာက္တခါ ၀န္ႀကီးဌာန တခုခ်င္းအလိုက္လည္း စနစ္တက် တာ၀န္လြဲေျပာင္းႏိုင္ေအာင္ က်ေနာ္တို႔ စီစဥ္ေနတယ္။ ဘာေတြလုပ္ေနသလဲလို႔ေျပာရင္ေတာ့ ၁ ကေတာ့ က်ေနာ္တို႔ ေကာ္မတီဖြဲ႔တယ္။ ၂ ကေတာ့ က်ေတာ္တို႔ ၀န္ႀကီးဌာန တခုခ်င္း အလိုက္ျပင္ဆင္တယ္။ ၃ ကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာ မပါတဲ့ ကိစၥတခု ေနာင္ေရရွည္တည္တံ့မယ့္ အစဥ္အလာေကာင္း တခု ျဖစ္ေအာင္ ႏိုင္ငံ့ ဂုဏ္သိကၡာနဲ႕ညီေအာင္ ေဆာင္ရြက္ႏိုင္ဖို႔ က်ေနာ္တို႔ ႀကိဳးစားေနပါတယ္။

ထက္ေအာင္။ ။ ဟုတ္ကဲ့ပါ ခင္ဗ်ာ။ ၀န္ႀကီး ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ။

ဦးရဲထြဋ္။ ။ေကာင္းပါၿပီ ခင္ဗ်ာ။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကို VOA သီးသန့်မေးမြန်းခဲ့စဉ် (၁၁.၁၈.၂၀၁၅)
သမ္မတနဲ့ အစိုးရတာဝန် အလွှဲအပြောင်းကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေအကြား လာမယ့် ၁၁ ရက်နေ့မှာ အချောသပ် ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။ သမ္မတ အာဏာ အလွှဲအပြောင်းကိစ္စတွေအတွက် နှစ်ဖက်အကြား ကွဲလွဲတဲ့အမြင်အချို့ ရှိနေတာမို့၊ ဒီအပေါ် ညှိနှိုင်းဆောင်ရွက်ဖို့ ကျန်ရှိနေတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ ဦးရဲထွဋ်ကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစပြောပါတယ်။

ဦးရဲထွဋ်။ ။ ကျနော်တို့ ၁၁ ရက်နေ့တွေ့မယ်လေ။ ကျနော်တို့က ဖိတ်စာပို့ထားတာပေါ့ သူတို့ဘက်ကတော့ အကြောင်းမပြန်သေးဘူး။

ထက်အောင်။ ။ ဘာတွေများအဓိကထားပြီးဆွေးနွေးဖို့ရှိပါသလဲ အဲဒီအခါ ကျရင်လေ။

ဦးရဲထွဋ်။ ။ အဓိက ကျနော်တို့ဘက်ကပြင်ဆင်ထားတာတော့ဗျာ သမ္မတ လွဲပြောင်းရေးတာဝန်နဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက သဘောတူထားတာတော့ ရှိပါတယ်။ အဲဒါကတော့ ကတိ သစ္စာပြုတာကို လွှတ်တော်မှာလုပ်မယ်။ တာဝန်လွှဲပြောင်းတဲ့အခန်းအနားကို သမ္မတ အိမ်တော်မှာလုပ်မယ် ဒါကတော့ အခြေခံအားဖြင့် သဘောတူပြီးသားပါ။ အခု ကျနော်တို့ ထပ်ဖြည့်ရမှာတော့ သမ္မတ အိမ်တော်မှာ အခမ်းအနားကို ကျင်းပရင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ ကြားမှာ ပြန်ညှိဖို့လိုနေသေးပါတယ်။ အဲဒါကိုတော့ ကျနော်တို့ဘက်က အဓိကဆွေးနွေးဖို့ စဉ်းစားထားပါတယ်။

ထက်အောင်။ ။ ဒီ သမ္မတ ကတိသစ္စာပြုတာကို NLD ဘက်က လွှတ်တော်မှာလုပ်ဖို့ သူတို့က ဆန္ဒရှိကြပါတယ်။ ဆိုတော့ အဲဒီပွဲကိုရော သမ္မတ ဦးသိန်းစိန် အပါအဝင်ပေါ့လေ ဒီ ၀န်ကြီးချုပ်အစိုးရအဖွဲ့တွေ လာဖို့ အစီအစဉ်ရှိပါသလားခင်ဗျာ။

ဦးရဲထွဋ်။ ။ လွှတ်တော်မှာ ကတိသစ္စာပြုတာကတော့ ကျနော်တို့ ၂၀၁၁ တုန်းက အစဉ်အလာအတိုင်းဆိုရင်တော့ သမ္မတ အသစ်နဲ့ သူ့ကို ရွေးချယ် လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ကျနော်တို့ဒါ တခြား ဖိတ်ကြား ထားတဲ့ ဧည့်သည်တွေ တက်ရောက်ဖို့ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ သမ္မတကတော့ အဲဒီမှာ သွားပြီးသူက တက်ဖို့မရှိပါဘူး။ သူကတော့ အိမ်က စောင့်ဆိုင်းပြီးတော့မှ ကတိသစ္စာပြုပြီးလို့ သမ္မတအသစ်တာဝန် စတင်ထမ်းဆောင်မယ့် သမ္မတကို တာဝန်လွှဲပြောင်း ဖို့အတွက် စောင့်ဆိုင်းနေ မှာဖြစ်ပါတယ်။

ထက်အောင်။ ။ ဟုတ်ကဲ့။ ၀န်ကြီးတို့ဘက်က ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်လို့ အိမ်တော်မှာလုပ်ဖို့အတွက် အဓိက ဆွေးနွေးသွားမယ်ပေါ့လေ။ ဆိုတော့ အဲဒီဆွေးနွေးပွဲအဆိုကိုရော သူတို့ဘက်က NLD ဘက်ကရော လက်ခံပါရဲ့လားခင်ဗျာ။ ဒီအိမ်တော်မှာပဲလုပ်ဖို့ရော သူတို့ သဘောတူ ပါရဲ့လားခင်ဗျာ။

ဦးရဲထွဋ်။ ။ အခမ်းအနားကို အိမ်တော်မှာ လုပ်မယ်ဆိုတာ သူတို့လည်း သဘောတူ တယ်။ တာဝန်လွဲတဲ့အခမ်းအနားကို သို့သော် အဲဒီအခမ်းအနားကို ဘယ်လိုပုံစံ ၊ ဘယ်လိုအဆင့်နဲ့ ကျင်းပမယ်ဆိုတာတော့ ကျနော်တို့ကြားမှာ ကွဲလွဲမှုတွေ ရှိနေတော့ ပြန်ညှိရဦးမယ်။

ထက်အောင်။ ။ ဟုတ်ကဲ့။ ဘယ်လိုတွေများ ကွဲလွဲမှုတွေ ရှိနေတာပါလဲ ခင်ဗျာ။

ဦးရဲထွဋ်။ ။ အဓိကတော့ ဟိုဟာပါပဲ ကျနော်တို့က ဂုဏ်ပြုတပ်ဖွဲ့လိုမျိုး ထည့်မလားပေါ့၊ ကျနော်တို့ကတော့ ဂုဏ်ပြုတပ်ဖွဲ့လိုမျိုးထည့်ချင်တာပေါ့နော်။ ဒါက နိုင်ငံရေးအရလည်း အနှစ်သာရရှိတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက တပ်မတော်နဲ့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်ဖွဲ့ပေါ့။ ဒါမျိုးထည့်ဖို့ သူတို့ဘက် ကတော့ အဲဒါမျိုးတွေကို ထည့်သင့်၊ မထည့်သင့် ပြန်စဉ်းစားမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိတယ်။ ဒါမျိုးတွေ ကွဲလွဲတာပါ။

ထက်အောင်။ ။ ၀န်ကြီးတို့ဘက်ကရော ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ပတ်သက် လို့ ဒီထက် ဘာတွေများ အဓိကထား ဆွေးနွေးဖို့ရှိပါသလဲ ခင်ဗျာ။

ဦးရဲထွဋ်။ ။ မရှိပါဘူးခင်ဗျာ။ အရင်တုန်းကလည်း ကျနော်တို့က သူတို့ကို power point တွေနဲ့ ရှင်းပြထားပြီးသားပါ။ အခုတော့ ကျနော်တို့ နောက်ဆုံး အသေးစိတ်ပြန်ညှိရမယ့် သဘောပေါ့။ ဒီနေရာမှာတော့ဗျာ ခင်ဗျားတို့ရော၊ သူတို့ အားလုံးနားလည်ထားဖို့လိုတာက ဒါ ဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တဲ့ အစိုးရ ၂ ခုတည်းနဲ့ဆိုင်တဲ့ အခမ်းအနား မဟုတ်ဘူး။ နောင်မှာအစဉ်အဆက် လုပ်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ ပါသင့်ပါထိုက်တဲ့အစီအစဉ်တွေအားလုံး ပါဖို့အတွက် ကျနော်တို့အားလုံး စဉ်းစားဆောင်ရွက်နေတာပေါ့။ နောက်တခုကလည်း အကုန်အကျများမယ်၊ ဘာညာ ပြောတာရှိပါတယ်။ တကယ်ကျတော့ ကျနော်တို့လုပ်မယ့်အခမ်းအနားလည်း ဘာမှ ကုန်ကျစရာမရှိပါဘူး။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာလည်း အသင့်ဖွဲ့စည်းပြီးသားဖြစ်တယ်။ အခြားနိုင်ငံတကာ ခေါင်းဆောင်တွေကလည်း သူတို့ အလေးပြု ကြိုဆိုနေကြဖြစ်တယ်။ နောက်တခါ အိမ်တော်ထဲမှာလုပ်မယ့် သီဟာသနပလ္လင် ပုံတူရှေ့မှာလုပ်မယ့် အခမ်းအနားဆိုရင်လည်း ဘာမှ ငွေကြေးကုန်ကျ စရာမရှိပါဘူး။ နောက်တခါ ဧည့်ခံပွဲတွေ၊ ဧည့်ခံပွဲကြီးတွေလည်း ပါမှာမဟုတ်ပါဘူး။

ထက်အောင်။ ။ ဆိုတော့ တကယ်လို့များပေါ့နော် အိမ်တော်မှာ အဲလိုမျိုး အခမ်းအနားပေါ့နော် ၀န်ကြီးတို့ပြောသလိုများ တကယ်လို့ လုပ်ဖြစ်မယ်ဆိုရင် ဘယ်ရက်မှာများလုပ်ဖို့ရှိပါသလဲခင်ဗျာ။

ဦးရဲထွဋ်။ ။ဒါတွေကတော့ ကျနော်တို့က သမ္မတသစ် ကတိသစ္စာပြုတဲ့ သမ္မတကြီး ဦးသိန်းစိန်လုပ်ခဲ့တဲ့ဟာကိုမူတည်ပြီးပြောရရင်တော့ မတ်လ ၃၀ ပေါ့ဗျာ။ အဲဒီဟာမျိုးပြီးတဲ့အချိန်မှာ လွှတ်တော်ကနေ ဒီကိုထွက်လာပြီးတော့ ဆက်လုပ်မှာပေါ့ဗျာ။ တကယ်ကျတော့ အပိုင်း၂ ပိုင်းပေါ့ ။ ဒါပေမယ့် ကျင်းပတာကတော့ တဆက်တည်းဖြစ်ဖို့ များပါတယ်။

ထက်အောင်။ ။ သမ္မတ အာဏာလွဲပြောင်းရေးအပါအဝင်ပေါ့လေ အစိုးရ တခုနဲ့တခု အပြောင်းအလဲမှာဆိုရင် ဒီ ၂၀၀၈ အခြေခံ ဥပဒေအရဆိုရင် တိတိကျကျ ပြဌာန်း မထားဘူးဆိုပြီးတော့ တချို့ကပြောဆိုနေကြပါတယ် ၀န်ကြီးခင်ဗျာ။ အဲဒါနဲ့ ပတ်သက်လို့ ၀န်ကြီးတို့ကရော အာဏာလွှဲပြောင်းရေးမှာ တခုနဲ့တခု၊ တဖက်နဲ့ တဖက် အဆင်ပြေချောချောမွေ့မွေ့ဖြစ်အောင် ဘာတွေများ အဓိကထား စီစဉ်ထား ပါသလဲခင်ဗျာ။

ဦးရဲထွဋ်။ ။ အဓိကဗျာ ကျနော်တို့လွှတ်တော် ဒီ အာဏာလွဲပြောင်းတာနဲ့ ပတ်သက်ပြီးတော့ တာဝန်လွဲပြောင်းတာနဲ့ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိတိကျကျဖော်ပြ ထားခြင်းမရှိတဲ့ အတွက်ကြောင့် နောင်ကို အစဉ်အလာကောင်း တခုဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်နေတာပေါ့။ ဒါကြောင့်မို့လိုလဲ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့တဲ့အချိန်မှာ ၂ ဘက် ကော်မတီတွေ ဖွဲ့ပြီးတော့ ပူးပြောင်းဆောင်ရွယ်မယ် ဆိုပြီးလုပ်ခဲ့တာရှိတယ်။ နောက်တခါ ၀န်ကြီးဌာန တခုချင်းအလိုက်လည်း စနစ်တကျ တာဝန်လွဲပြောင်းနိုင်အောင် ကျနော်တို့ စီစဉ်နေတယ်။ ဘာတွေလုပ်နေသလဲလို့ပြောရင်တော့ ၁ ကတော့ ကျနော်တို့ ကော်မတီဖွဲ့တယ်။ ၂ ကတော့ ကျတော်တို့ ၀န်ကြီးဌာန တခုချင်း အလိုက်ပြင်ဆင်တယ်။ ၃ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့ ကိစ္စတခု နောင်ရေရှည်တည်တံ့မယ့် အစဉ်အလာကောင်း တခု ဖြစ်အောင် နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ညီအောင် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

ထက်အောင်။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ၀န်ကြီး ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဦးရဲထွဋ်။ ။ကောင်းပါပြီ ခင်ဗျာ။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)