ျပည္နယ္၀န္ႀကီးခ်ဳပ္ကိစၥ တုိင္းရင္းသားေခါင္းေဆာင္ႏွစ္ဦးရဲ႕ သေဘာထားအျမင္


 ေဒါက္တာ ေအးေမာင္
“ဒါဟာ ျပည္ေထာင္စုမွာ အႏိုင္ရတဲ့ ပါတီႀကီးရဲ႕ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္”

ေဒါက္တာေအးေမာင္ (ရခိုင္အမ်ဳိးသားပါတီ ANP ဥကၠ႒)
အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD ပါတီ) က တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား ခန္႔အပ္ရာတြင္ NLD ပါတီဝင္မ်ားသာ ခန္႔အပ္မည္ဆိုေသာ သတင္းႏွင့္ ပတ္သက္၍ ရခိုင္အမ်ဳိးသားပါတီ (ANP) ဥကၠ႒ ေဒါက္တာေအးေမာင္၏ အျမင္မ်ားကို ေမးျမန္းေဖာ္ျပအပ္ပါသည္။
ဒါက NLD ပါတီရဲ႕ သေဘာထားပဲေလ။ သူ႔ သေဘာထားအတိုင္း ေဆာင္႐ြက္လာမယ္ ဆိုရင္လည္း ကြၽန္ေတာ္တို႔ ဘာမွေျပာစရာ မရွိပါဘူး။ ကြၽန္ေတာ္တို႔က ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းကို စဥ္းစားတဲ့အခါမွာ အခ်က္ႏွစ္ခ်က္ကို အဓိကထားၿပီး စဥ္းစားတယ္။ တစ္အခ်က္က စစ္ဘက္-အရပ္ဘက္ ဆက္ဆံေရး ပိုေကာင္းလာရလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ႏွစ္ေပါင္း ၅၀ ေလာက္ တပ္မေတာ္ရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားေအာက္မွာပဲ ရွိေနခဲ့တာကိုး။ ဖြဲ႔စည္းပုံႀကီးကို တပ္ကေရးခဲ့တာ အဲဒီေတာ့ ျပင္စရာေတြ ရွိတာေပါ့။ သို႔ေသာ္ တပ္က
မပါဝင္ဘဲ ျပင္လို႔မရတဲ့ အေနအထား ျဖစ္ေအာင္လို႔ပဲလည္း ဖြဲ႔စည္းပုံမွာ ျပ႒ာန္းထားတဲ့အခါမွာ ႏွစ္ဖက္ေဆြးေႏြးၿပီး အေျဖတစ္ခုကို ရတဲ့အထိ သြားဖို႔ကေတာ့ စစ္ဘက္-အရပ္ဘက္ ဆက္ဆံေရးအရ ႏွစ္ဖက္လုံး အေလွ်ာ့အတင္း လုပ္ရမယ္လို႔ ကြၽန္ေတာ္တို႔ သေဘာေပါက္တယ္၊

ေနာက္ ႏွစ္အခ်က္က တိုင္းရင္းသား အခ်င္းခ်င္း ဆက္ဆံေရးပဲ။ တိုင္းရင္းသား အခ်င္းခ်င္း ခ်စ္ၾကည္ေရး
တစ္နည္းအားျဖင့္ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရး။ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးကို ပါးစပ္က
ပဲေျပာေျပာ လက္နဲ႔ပဲ ေရးေရးေပါ့ဗ်ာ။ တကယ္တမ္း အေကာင္အထည္မေပၚရင္ စာ႐ြက္ေပၚမွာပဲ ရွိမွာေပါ့ဗ်ာ။ အေကာင္အထည္ေပၚႏိုင္တဲ့ နည္းေလးေတြ ေတြ႔ေနပါလ်က္နဲ႔ ကြၽန္ေတာ္တို႔ ကိုယ္တိုင္က စၿပီး အေ႐ြ႕ကေလး တေ႐ြ႕ေ႐ြ႕သြားေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့ဘူးဆိုရင္ ခုနက အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရး ဆိုတာ စာ႐ြက္ေပၚမွာပဲ ရွိေနမွာေပါ့။

ႏိုင္ငံဆိုတဲ့ က႑ေလးကို အဓိက ပန္းတိုင္ထားတာေပါ့။ အဲဒါေၾကာင့္ ဒီကာလက အင္မတန္ သတိတရားရွိဖို႔ လိုပါတယ္။ ျပည္ေထာင္စုလို႔ သတ္မွတ္ရင္ ျပည္ေထာင္စုအက်ဳိးကိုပဲ ကြၽန္ေတာ္တို႔ ၾကည့္ရမွာေပါ့။ ငါ့အက်ဳိး၊ ငါ့ပါတီအက်ဳိးကို ေနာက္တန္းကို ပို႔ကိုပို႔ရမယ္။ ငါတို႔က အႏိုင္ရလို႔ ငါတို႔က သိမ္းက်ဳံးယူမယ္လို႔ လုပ္လို႔မရဘူး။ ငါတို႔လက္မခံတဲ့ ဖြဲ႔စည္းပုံကို ငါတို႔ အသုံးျပဳတယ္ ဆိုတာမ်ဳိး သမိုင္းမွာ သတိထားဖို႔လိုတဲ့ ကာလ။ ငါတို႔ ျပင္ခ်င္တဲ့ ဖြဲ႔စည္းပုံကို ငါတို႔လိုပဲ တိုင္းရင္းသားေတြကလည္း ျပင္ခ်င္မွာပဲ။ ဒီၾကားထဲမွာ တိုင္းရင္းသားေတြက ရတဲ့ အခြင့္အေရးလည္း အင္မတန္နည္းတယ္။ ဒီဖြဲ႔စည္းပုံအရ ျပ႒ာန္းခ်က္အရ ေျပာတာပါ။ ၂၁ ရာစု ပင္လုံဆိုတာကို မွန္းေနတဲ့ ကြၽန္ေတာ္တို႔အားလုံးရဲ႕ ရင္ထဲမွာ ဗေလာင္ဆူသြားမွာေပါ့ဗ်ာ။ အဲဒီအခ်က္ႏွစ္ခ်က္ပါ။

ဒီကာလေလးမွာ စလွမ္းေစခ်င္တယ္။ သတိမူမွ ဂူျမင္မွာေပါ့ဗ်ာ။ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးဟာ
 ျပည္ေထာင္စု တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဆက္စပ္တယ္လို႔ သုံးသပ္မယ္ဆိုရင္ ဇာတ္ေကာင္ေ႐ြးတဲ့အခါမွာ သူ႔ဘက္ ဇာတ္ေကာင္ ရွိတယ္။ ကိုယ့္ဘက္က ဇာတ္ေကာင္ရွိတယ္။ ကိုယ့္ဘက္ ဇာတ္ေကာင္သည္
 ျပည္ေထာင္စု တည္ၿငိမ္ေအးခ်မ္းေရး ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးကို ေဆာင္႐ြက္ႏိုင္စြမ္း ရွိသလား။ ပံ့ပိုးႏိုင္တဲ့ ပတ္ဝန္းက်င္ ဇာတ္ေကာင္ေတြ ရွိသလား။ အဲဒါေတြကို အဓိက ထည့္တြက္ဖို႔ လိုမယ္။
ANP သည္ ရခိုင္အမ်ဳိးသား အားလုံးရဲ႕ ေထာက္ခံမႈ အမ်ားဆုံး ရရွိထားတဲ့ ပါတီတစ္ရပ္ ျဖစ္တဲ့အတြက္
 ျပည္နယ္လႊတ္ေတာ္မွာ မဲဆႏၵနယ္ အမ်ားဆုံး အႏိုင္ရထားတယ္။ အဲဒီအတြက္ ျပည္နယ္လႊတ္ေတာ္ကို
လႊမ္းမိုးထားႏိုင္တယ္။ အဲဒါကို ဒီမိုကေရစီစနစ္အရ ANP ပါတီကေန ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေပးလိုက္မယ္ဆိုရင္ ဒါဟာ ရခိုင္တစ္ခုတည္းကို အေလးထားတာ မဟုတ္ဘူး။ က်န္တိုင္းရင္းသားေတြကိုလည္း အေလးထားပါတယ္ ဆိုတာမ်ဳိး ျပလိုက္တာပဲ။ ဒါဟာ ျပည္ေထာင္စုမွာ အႏိုင္ရတဲ့ ပါတီႀကီးရဲ႕ အေရးႀကီးတဲ့
ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္။

ဒါေပမဲ့ သူတို႔က ဒီဖြဲ႔စည္းပုံနဲ႔အညီ ဆိုတာမ်ဳိးကို ေရွ႕တန္းတင္ၿပီး ေျပာလာရင္ေတာ့ ဒီဖြဲ႔စည္းပုံႀကီးနဲ႔အညီ ဆက္သြားၾကတာေပါ့ဗ်ာ။ ဘယ္တတ္ႏိုင္မလဲ။ အဲဒီအတြက္ တိုင္းရင္းသားေတြ ေမွ်ာ္မွန္းတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကို သြားဖို႔ ခက္ခဲသြားၿပီလို႔ တိုင္းရင္းသားေတြက ေျပာမွာလား။ ဒါမွမဟုတ္ လြယ္သြားတယ္လို႔ပဲ ေျပာမွာလား။ ဒါကေတာ့ သမိုင္းပါပဲ။

 ဦးခြန္ထြန္းဦး
“အျပေကာင္းေအာင္ တိုင္းရင္းသားပါတီ တစ္ခုကိုေတာ့ ေပးသင့္တယ္”
---------------------------------------------------------------------------------
ဦးခြန္ထြန္းဦး (ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီ ဥကၠ႒)
အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD ပါတီ) က တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား ခန္႔အပ္ရာတြင္ NLD ပါတီဝင္မ်ားသာ ခန္႔အပ္မည္ဆိုေသာ သတင္းႏွင့္ ပတ္သက္၍ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ပါတီ ဥကၠ႒ ဦးခြန္ထြန္းဦး၏ အျမင္မ်ားကို ေမးျမန္းေဖာ္ျပအပ္ပါသည္။

အခုက သူနဲ႔ ကြၽန္ေတာ္နဲ႔ မေတြ႔ရေသးဘူး ခင္ဗ်။ သူတို႔က ေျပာသာေျပာတာ ကြၽန္ေတာ္တို႔နဲ႔လည္း ဘာမွမတိုင္ပင္ဘူး ခင္ဗ်။ ကြၽန္ေတာ္ကေတာ့ ဟိုတုန္းကလည္း ကြၽန္ေတာ္ ေျပာၿပီးသား။ သူလည္း ေျပာထားတာ ရွိပါတယ္။ ဦးခြန္ထြန္းဦး၊ တို႔ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ ဟိုတုန္းက ဒုကၡေရာက္ခ်ိန္တုန္းက အနစ္နာခံခဲ့တာ၊ ဒီ တိုင္းရင္းသားေတြကပဲ သူ႔ကို ဝန္းရံထားခဲ့တာ။ ဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔က အေျခအေနေတာ့ တစ္မ်ဳိးေတာ့ျဖစ္ၿပီ။ မီဒီယာေတြကလည္း ဝိုင္းၿပီး ေရးၾကတာ ဆိုေတာ့ေလ။ တိုင္းရင္းသားေတြထဲက
 ေပးမယ္ဆိုရင္လည္း ဦးခြန္ထြန္းဦးနဲ႔ စိုင္းညႊန္႔လြင္ ပဲရွိတယ္ အဲဒီလိုေျပာတယ္။

သူတို႔လူက လာၿပီးညႇိတဲ့ အခါက်ေတာ့ ရွမ္းလႊတ္ေတာ္ဥကၠ႒ အျဖစ္ ဝင္မေ႐ြးေတာ့ဘူး။ ဥကၠ႒ရယ္၊
ဒုဥကၠ႒ရယ္ကို ကြၽန္ေတာ္တို႔ ဝင္ေ႐ြးခံပါလို႔ ေျပာခဲ့တာပဲ။ ကြၽန္ေတာ္တို႔လည္း အေ႐ြးခံခဲ့တာပဲေလ။
 ေနာက္ၿပီး ျပည္ေထာင္စုအစိုးရမွာေတာ့ မပါခ်င္ဘူး ဒါေပမဲ့ ရွမ္းျပည္နယ္ အစိုးရမွာေတာ့ ဦးေဆာင္ပါရေစ၊ ပါပါရေစဆိုၿပီး ေျပာလိုက္တယ္ဗ်ာ။ အဲဒီေတာ့ လာေျပာတဲ့ သူတို႔လူလည္း သေဘာေပါက္တယ္။
မယူဘူးေပါ့။ ဒါေပမဲ့ သူ႔စကားအရေတာ့ ျပည္ေထာင္စု အစိုးရမွာလည္း ပါရမယ္၊ ရွမ္းအစိုးရမွာလည္း ပါရမယ္ အဲဒီလိုေတာ့ ေျပာတယ္။ နယ္လုံေတာ့ ဘယ္ရမလဲဗ်ာ။ ဟုတ္တယ္မလား။ သူတို႔နဲ႔ စကားေျပာမွ ရမွာဗ်။ သူကေတာ့ ဝန္ႀကီးခ်ဳပ္ကို ကန္႔လန္႔ကန္႔လန္႔ ျဖစ္မွာစိုးလို႔ သူ႔လူသူပဲ ေပးေတာ့မွာေပါ့ဗ်ာ။

အခုေတာ့။ သူက ဝန္ႀကီးခ်ဳပ္ ခန္႔လိုက္လို႔ အခက္အခဲ မရွိပါဘူး။ ဘာလို႔လဲဆို တစ္ျပည္လုံးေတာင္ သူယူထားၿပီေလဗ်ာ။ တကယ္တမ္း ေပးျခင္းေပးရင္ ကြၽန္ေတာ္တို႔ကို ေပးရမွာေပါ့ေလ။ ျပည္နယ္မွာ ကြၽန္ေတာ္တို႔က အမ်ားစု အႏိုင္ရထားတာေလ။ NLD ထက္ေတာင္ ပိုမ်ားတယ္။ သူတို႔ဘက္က ဝန္ႀကီးခ်ဳပ္ ခန္႔မယ္ဆိုရင္ အေျခအေနကို ၾကည့္ရမယ္ဗ်။ ဘယ္လိုခန္႔မလဲ ၾကည့္ရဦးမယ္။ ဒါေပမဲ့ အျပေကာင္းေအာင္ တိုင္းရင္းသားပါတီ တစ္ခုကိုေတာ့ ေပးသင့္တယ္။ အကုန္လုံးကို သိမ္းၿပီဟဆိုရင္ တိုင္းရင္းသားေတြက သူ႔အေပၚ အယုံအၾကည္ေတာ့ နည္းနည္းနည္းသြားမွာေပါ့ဗ်ာ။
(ဟိန္းသြင္ထက္)
The Voice Weekly
......................
 ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ တိုင်းရင်းသားခေါင်းဆောင်နှစ်ဦးရဲ့ သဘောထားအမြင် ''

{ ဒေါက်တာ အေးမောင် }
“ဒါဟာ ပြည်ထောင်စုမှာ အနိုင်ရတဲ့ ပါတီကြီးရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်”
------------------------------------------------------------------------------
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင် NLD ပါတီဝင်များသာ ခန့်အပ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ အမြင်များကို မေးမြန်းဖော်ပြအပ်ပါသည်။
ဒါက NLD ပါတီရဲ့ သဘောထားပဲလေ။ သူ့ သဘောထားအတိုင်း ဆောင်ရွက်လာမယ် ဆိုရင်လည်း ကျွန်တော်တို့ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော်တို့က မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို စဉ်းစားတဲ့အခါမှာ အချက်နှစ်ချက်ကို အဓိကထားပြီး စဉ်းစားတယ်။ တစ်အချက်က စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းလာရလိမ့်မယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်း ၅၀ လောက် တပ်မတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာပဲ ရှိနေခဲ့တာကိုး။ ဖွဲ့စည်းပုံကြီးကို တပ်ကရေးခဲ့တာ အဲဒီတော့ ပြင်စရာတွေ ရှိတာပေါ့။ သို့သော် တပ်က မပါဝင်ဘဲ ပြင်လို့မရတဲ့ အနေအထား ဖြစ်အောင်လို့ပဲလည်း ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့အခါမှာ နှစ်ဖက်ဆွေးနွေးပြီး အဖြေတစ်ခုကို ရတဲ့အထိ သွားဖို့ကတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအရ နှစ်ဖက်လုံး အလျှော့အတင်း လုပ်ရမယ်လို့ ကျွန်တော်တို့ သဘောပေါက်တယ်၊
နောက် နှစ်အချက်က တိုင်းရင်းသား အချင်းချင်း ဆက်ဆံရေးပဲ။ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရေး တစ်နည်းအားဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပါးစပ်ကပဲပြောပြော လက်နဲ့ပဲ ရေးရေးပေါ့ဗျာ။ တကယ်တမ်း အကောင်အထည်မပေါ်ရင် စာရွက်ပေါ်မှာပဲ ရှိမှာပေါ့ဗျာ။ အကောင်အထည်ပေါ်နိုင်တဲ့ နည်းလေးတွေ တွေ့နေပါလျက်နဲ့ ကျွန်တော်တို့ ကိုယ်တိုင်က စပြီး အရွေ့ကလေး တရွေ့ရွေ့သွားအောင် မဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင် ခုနက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေမှာပေါ့။
နိုင်ငံဆိုတဲ့ ကဏ္ဍလေးကို အဓိက ပန်းတိုင်ထားတာပေါ့။ အဲဒါကြောင့် ဒီကာလက အင်မတန် သတိတရားရှိဖို့ လိုပါတယ်။ ပြည်ထောင်စုလို့ သတ်မှတ်ရင် ပြည်ထောင်စုအကျိုးကိုပဲ ကျွန်တော်တို့ ကြည့်ရမှာပေါ့။ ငါ့အကျိုး၊ ငါ့ပါတီအကျိုးကို နောက်တန်းကို ပို့ကိုပို့ရမယ်။ ငါတို့က အနိုင်ရလို့ ငါတို့က သိမ်းကျုံးယူမယ်လို့ လုပ်လို့မရဘူး။ ငါတို့လက်မခံတဲ့ ဖွဲ့စည်းပုံကို ငါတို့ အသုံးပြုတယ် ဆိုတာမျိုး သမိုင်းမှာ သတိထားဖို့လိုတဲ့ ကာလ။ ငါတို့ ပြင်ချင်တဲ့ ဖွဲ့စည်းပုံကို ငါတို့လိုပဲ တိုင်းရင်းသားတွေကလည်း ပြင်ချင်မှာပဲ။ ဒီကြားထဲမှာ တိုင်းရင်းသားတွေက ရတဲ့ အခွင့်အရေးလည်း အင်မတန်နည်းတယ်။ ဒီဖွဲ့စည်းပုံအရ ပြဋ္ဌာန်းချက်အရ ပြောတာပါ။ ၂၁ ရာစု ပင်လုံဆိုတာကို မှန်းနေတဲ့ ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ဗလောင်ဆူသွားမှာပေါ့ဗျာ။ အဲဒီအချက်နှစ်ချက်ပါ။
ဒီကာလလေးမှာ စလှမ်းစေချင်တယ်။ သတိမူမှ ဂူမြင်မှာပေါ့ဗျာ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဟာ ပြည်ထောင်စု တည်ငြိမ်အေးချမ်းရေးနဲ့ ဆက်စပ်တယ်လို့ သုံးသပ်မယ်ဆိုရင် ဇာတ်ကောင်ရွေးတဲ့အခါမှာ သူ့ဘက် ဇာတ်ကောင် ရှိတယ်။ ကိုယ့်ဘက်က ဇာတ်ကောင်ရှိတယ်။ ကိုယ့်ဘက် ဇာတ်ကောင်သည် ပြည်ထောင်စု တည်ငြိမ်အေးချမ်းရေး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း ရှိသလား။ ပံ့ပိုးနိုင်တဲ့ ပတ်ဝန်းကျင် ဇာတ်ကောင်တွေ ရှိသလား။ အဲဒါတွေကို အဓိက ထည့်တွက်ဖို့ လိုမယ်။
ANP သည် ရခိုင်အမျိုးသား အားလုံးရဲ့ ထောက်ခံမှု အများဆုံး ရရှိထားတဲ့ ပါတီတစ်ရပ် ဖြစ်တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ မဲဆန္ဒနယ် အများဆုံး အနိုင်ရထားတယ်။ အဲဒီအတွက် ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးထားနိုင်တယ်။ အဲဒါကို ဒီမိုကရေစီစနစ်အရ ANP ပါတီကနေ ပြည်နယ်ဝန်ကြီးချုပ် ပေးလိုက်မယ်ဆိုရင် ဒါဟာ ရခိုင်တစ်ခုတည်းကို အလေးထားတာ မဟုတ်ဘူး။ ကျန်တိုင်းရင်းသားတွေကိုလည်း အလေးထားပါတယ် ဆိုတာမျိုး ပြလိုက်တာပဲ။ ဒါဟာ ပြည်ထောင်စုမှာ အနိုင်ရတဲ့ ပါတီကြီးရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့က ဒီဖွဲ့စည်းပုံနဲ့အညီ ဆိုတာမျိုးကို ရှေ့တန်းတင်ပြီး ပြောလာရင်တော့ ဒီဖွဲ့စည်းပုံကြီးနဲ့အညီ ဆက်သွားကြတာပေါ့ဗျာ။ ဘယ်တတ်နိုင်မလဲ။ အဲဒီအတွက် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို သွားဖို့ ခက်ခဲသွားပြီလို့ တိုင်းရင်းသားတွေက ပြောမှာလား။ ဒါမှမဟုတ် လွယ်သွားတယ်လို့ပဲ ပြောမှာလား။ ဒါကတော့ သမိုင်းပါပဲ။
========================================================
++++++++++++++++++++++++++++++++++++++++++++++++++++++++
{ ဦးခွန်ထွန်းဦး }
“အပြကောင်းအောင် တိုင်းရင်းသားပါတီ တစ်ခုကိုတော့ ပေးသင့်တယ်”
---------------------------------------------------------------------------------
ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင် NLD ပါတီဝင်များသာ ခန့်အပ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ အမြင်များကို မေးမြန်းဖော်ပြအပ်ပါသည်။
အခုက သူနဲ့ ကျွန်တော်နဲ့ မတွေ့ရသေးဘူး ခင်ဗျ။ သူတို့က ပြောသာပြောတာ ကျွန်တော်တို့နဲ့လည်း ဘာမှမတိုင်ပင်ဘူး ခင်ဗျ။ ကျွန်တော်ကတော့ ဟိုတုန်းကလည်း ကျွန်တော် ပြောပြီးသား။ သူလည်း ပြောထားတာ ရှိပါတယ်။ ဦးခွန်ထွန်းဦး၊ တို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဟိုတုန်းက ဒုက္ခရောက်ချိန်တုန်းက အနစ်နာခံခဲ့တာ၊ ဒီ တိုင်းရင်းသားတွေကပဲ သူ့ကို ဝန်းရံထားခဲ့တာ။ ဒီလိုဆိုတော့ ကျွန်တော်တို့က အခြေအနေတော့ တစ်မျိုးတော့ဖြစ်ပြီ။ မီဒီယာတွေကလည်း ဝိုင်းပြီး ရေးကြတာ ဆိုတော့လေ။ တိုင်းရင်းသားတွေထဲက ပေးမယ်ဆိုရင်လည်း ဦးခွန်ထွန်းဦးနဲ့ စိုင်းညွှန့်လွင် ပဲရှိတယ် အဲဒီလိုပြောတယ်။
သူတို့လူက လာပြီးညှိတဲ့ အခါကျတော့ ရှမ်းလွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဝင်မရွေးတော့ဘူး။ ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌရယ်ကို ကျွန်တော်တို့ ဝင်ရွေးခံပါလို့ ပြောခဲ့တာပဲ။ ကျွန်တော်တို့လည်း အရွေးခံခဲ့တာပဲလေ။ နောက်ပြီး ပြည်ထောင်စုအစိုးရမှာတော့ မပါချင်ဘူး ဒါပေမဲ့ ရှမ်းပြည်နယ် အစိုးရမှာတော့ ဦးဆောင်ပါရစေ၊ ပါပါရစေဆိုပြီး ပြောလိုက်တယ်ဗျာ။ အဲဒီတော့ လာပြောတဲ့ သူတို့လူလည်း သဘောပေါက်တယ်။ မယူဘူးပေါ့။ ဒါပေမဲ့ သူ့စကားအရတော့ ပြည်ထောင်စု အစိုးရမှာလည်း ပါရမယ်၊ ရှမ်းအစိုးရမှာလည်း ပါရမယ် အဲဒီလိုတော့ ပြောတယ်။ နယ်လုံတော့ ဘယ်ရမလဲဗျာ။ ဟုတ်တယ်မလား။ သူတို့နဲ့ စကားပြောမှ ရမှာဗျ။ သူကတော့ ဝန်ကြီးချုပ်ကို ကန့်လန့်ကန့်လန့် ဖြစ်မှာစိုးလို့ သူ့လူသူပဲ ပေးတော့မှာပေါ့ဗျာ။
အခုတော့။ သူက ဝန်ကြီးချုပ် ခန့်လိုက်လို့ အခက်အခဲ မရှိပါဘူး။ ဘာလို့လဲဆို တစ်ပြည်လုံးတောင် သူယူထားပြီလေဗျာ။ တကယ်တမ်း ပေးခြင်းပေးရင် ကျွန်တော်တို့ကို ပေးရမှာပေါ့လေ။ ပြည်နယ်မှာ ကျွန်တော်တို့က အများစု အနိုင်ရထားတာလေ။ NLD ထက်တောင် ပိုများတယ်။ သူတို့ဘက်က ဝန်ကြီးချုပ် ခန့်မယ်ဆိုရင် အခြေအနေကို ကြည့်ရမယ်ဗျ။ ဘယ်လိုခန့်မလဲ ကြည့်ရဦးမယ်။ ဒါပေမဲ့ အပြကောင်းအောင် တိုင်းရင်းသားပါတီ တစ်ခုကိုတော့ ပေးသင့်တယ်။ အကုန်လုံးကို သိမ်းပြီဟဆိုရင် တိုင်းရင်းသားတွေက သူ့အပေါ် အယုံအကြည်တော့ နည်းနည်းနည်းသွားမှာပေါ့ဗျာ။
(ဟိန်းသွင်ထက်)
The Voice Weekly
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)