လယ္ယာေျမျပႆနာမ်ား ဦးစားေပး လုပ္ေဆာင္မည္ဟု ေက်ာက္တန္းၿမိဳ႕နယ္ ဒီခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚေအးျမျမမ်ဳိး ေျပာဆို


၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ ေက်ာက္တန္းၿမိဳ႕နယ္တြင္ မဲအႏိ္ု္င္ရရွိခဲ့ေသာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးျမျမမ်ဳိးမွ မဲဆႏၵနယ္အတြင္း လယ္ယာေျမ ျပႆနာမ်ားကုိ အဓိကထား ေျဖရွင္းသြားမည္ဟု ေျပာၾကားသည္။

“လယ္ယာေျမ ျပႆနာကေတာ့ ကၽြန္မတို႔ႏိုင္ငံအတြက္ အရမ္းအေရးႀကီးၿပီး ေဒသခံေတြဆီကေန ေလ့လာတယ္။ ဒီျပႆနာကို ကိုင္တြယ္ေျဖရွင္း ေနတဲ့သူေတြဆီကလည္း သင္ယူေလ့လာတယ္။ အခုေလာေလာဆယ္ ဦးစားေပးၿပီး လုပ္ေနတာကေတာ့ လယ္ယာေျမ ျပႆနာပါပဲ” ဟု ေက်ာက္တန္းၿမိဳ႕နယ္၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးျမျမမ်ဳိးက ေျပာသည္။

ေက်ာက္တန္းေဒသရွိ ျပည္သူမ်ားမွ လယ္ယာေျမ ျပသ၁နာမ်ားႏွင့္ ပတ္္သက္သည့္ တိုင္ၾကားစာမ်ား ၎ထံသို႔ ေပးပို႔ထားသည့္အျပင္ ေက်ာက္တန္းၿမိဳ႕နယ္ရွိ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္႐ံုး သိို႔လည္း ေပးပို႔ထားေၾကာင္း သိရသည္။

“လက္ရွိိမွာ လယ္ယာေျမ ျပသ၁နာေတြရဲ႕ အရင္းအျမစ္ကို ေလ့လာေနတယ္။ ဒီလယ္ယာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္က ေကာ္မတီနဲ႔ေရာ၊ တာ၀န္ရွိတဲ့လူနဲ႔ေရာ ေဆြးေႏြးေနပါတယ္” ဟု ေက်ာက္တန္းၿမိဳ႕နယ္၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးျမျမမ်ဳိးက ေျပာသည္။

၂၀၁၅ ခုႏွစ္ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေရြးေကာက္ပြဲ ေၾကညာစာတမ္း စီးပြားေရးက႑တြင္၊ လယ္ယာေျမ ျပသ၁နာမ်ား တရားမွ်တစြာ ေျဖရွင္းေရး၊ လယ္ယာေျမ အသံုးခ်ခြင့္ အာမခံခ်က္ ရွိေစေရးအျပင္ လယ္ယာေျမ ထိန္းသိမ္းျခင္း၊ လႊဲေျပာင္းေပးျခင္းမ်ားကို ဥပေဒ လုပ္ထံုးလုပ္နည္းႏွင့္အညီ ထင္သာျမင္သာ ရွိေစေရး၊ လယ္မဲ့ယာမဲ့မ်ား၊ က်ဘမ္းအလုပ္သမားမ်ား အတြက္ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ား ရရွိေရးတို႔ကို ေဆာင္ရြက္မည္ဟု ထုတ္ျပန္ထားသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
............


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကျောက်တန်းမြို့နယ်တွင် မဲအနိ်ု်င်ရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ မဲဆန္ဒနယ်အတွင်း လယ်ယာမြေ ပြဿနာများကို အဓိကထား ဖြေရှင်းသွားမည်ဟု ပြောကြားသည်။

“လယ်ယာမြေ ပြဿနာကတော့ ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေးကြီးပြီး ဒေသခံတွေဆီကနေ လေ့လာတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း နေတဲ့သူတွေဆီကလည်း သင်ယူလေ့လာတယ်။ အခုလောလောဆယ် ဦးစားပေးပြီး လုပ်နေတာကတော့ လယ်ယာမြေ ပြဿနာပါပဲ” ဟု ကျောက်တန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

ကျောက်တန်းဒေသရှိ ပြည်သူများမှ လယ်ယာမြေ ပြသ၁နာများနှင့် ပတ််သက်သည့် တိုင်ကြားစာများ ၎င်းထံသို့ ပေးပို့ထားသည့်အပြင် ကျောက်တန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး သိို့လည်း ပေးပို့ထားကြောင်း သိရသည်။

“လက်ရှိိမှာ လယ်ယာမြေ ပြသ၁နာတွေရဲ့ အရင်းအမြစ်ကို လေ့လာနေတယ်။ ဒီလယ်ယာနဲ့ ပတ်သက်ပြီး လွှတ်တော်က ကော်မတီနဲ့ရော၊ တာဝန်ရှိတဲ့လူနဲ့ရော ဆွေးနွေးနေပါတယ်” ဟု ကျောက်တန်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

၂၀၁၅ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ ကြေညာစာတမ်း စီးပွားရေးကဏ္ဍတွင်၊ လယ်ယာမြေ ပြသ၁နာများ တရားမျှတစွာ ဖြေရှင်းရေး၊ လယ်ယာမြေ အသုံးချခွင့် အာမခံချက် ရှိစေရေးအပြင် လယ်ယာမြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထင်သာမြင်သာ ရှိစေရေး၊ လယ်မဲ့ယာမဲ့များ၊ ကျဘမ်းအလုပ်သမားများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရရှိရေးတို့ကို ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)