အစိုးရတပ္မေတာ္ ထိုးစစ္ဆင္မွုေၾကာင့္ သၽွမ္းေျမာက္ေဒသခံမ်ား စီးပြားပ်က္ဖြယ္ရွိ



မတ္ ၈ ရက္ ၂၀၁၆

သၽွမ္းျပည္ေျမာက္ပိုင္းတြင္ အစိုးရ တပ္မေတာ္ထိုး စစ္ဆင္တိုက္ခိုက္ေန မွုမ်ားေၾကာင့္ ေရႊဖီမိုးလြတ္ လက္ဖက္ ရြက္ႏု ခူးခ်ိန္ မရဘဲ ‘ဝမ္းေရးအတြက္ လက္ဖက္ ၿခံလုပ္ငန္း မွီခိုအားထားသည့္ေဒသခံမ်ား’ စီးပြားပ်က္ဖြယ္ရွိေ ၾကာင္း ေဒသခံမ်ား ကေျပာသည္။

ေဖေဖၚဝါရီ လ ေႏွာင္းပိုင္းမွစ၍ ယေန႔ အထိ သၽွမ္းျပည္ေျမာက္ ပိုင္း ေက်ာက္ မဲ ခရိုင္၊ မူစယ္ခရိုင္၊ ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အတြင္း ျမန္ မာ့ တပ္မေတာ္ မွ တပ္မ အင္အား ၇ ခု၊ ဒကစ ေဒသကြပ္ကဲေရးတပ္ ၁ ခု၊ စစ္ဆင္ေရးကြပ္ကဲမွု တပ္ ၆ ခု အင္း ေထာင္ဂဏန္း အျပင္ တိုက္ေလ ယာဥ္ မ်ားအသုံးျပဳကာ ေဒသအတြင္း လက္နက္ကိုင္တပ္မ်ား၊ အထူးသျဖင့္ တအာင္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္အား ထိုးစစ္ ဆင္ တိုက္ခိုက္ေနသည့္အတြက္ေၾကာင့္ လက္ဖက္ ၿခံလုပ္ငန္း မလုပ္နို င္ေတာ့ေၾကာင္း ရပ္ရြာအႀကီးအကဲ တဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အေနာက္ - ေျမာက္ဘက္ျခမ္း မိုင္ ၂၀ ကြာေန ရြာအႀကီးအကဲ အိုက္ငီးက - “က်ေနာ္ တို႔မွာက လက္ဖက္ ဘဲ လုပ္တယ္ေလး။ အခု က ေရႊဖီ ရြက္ႏု ခူးရေတာ့မယ္။ မိုးမရြာခင္ ၿပီးေအာင္ခူးရတာ။ တိုက္ပြဲေတြက ေန႔ တိုင္း ျဖစ္ေနတာ့ ခက္ၿပီေပါ့။ တိုက္ပြဲက ရြာနား ကပ္လာေ တာ့ ေက်ာက္ မဲၿမိဳ႕ေပၚ ထပ္ေျပးရေတာ့မယ္ထင္တယ္။ ၿခံေတာ့ မဆင္းနိုင္ေတာ့ဘူး” - ဟု သၽွမ္းသံေတာ္ဆင့္သို႔ေျပာသည္။

နိုင္ငံႏွင့္အဝွမ္း စားသုံးေနသည့္ လက္ဖက္ ၇၅% ေက်ာ္မွာ အဆိုပါစစ္မက္ျ ဖစ္ပြါးရာ ေဒသအတြင္း မွ ထြက္ရွိပါသည္။

ျမန္မာစစ္တပ္မွ ေလယာဥ္ျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္အျပင္ RCSS/SSA ႏွင့္ တပ္မ ၇၇ တို႔ ပူးေပါင္းကာ ၄င္တို႔အား တိုက္ခိုက္ေနသည္ ဟု PSLF/TNLA နိုင္ငံျခားဆက္ဆံေရးဌာနမွူးတာပန္းလွ က ေျပာသည္။

ေအာက္ျပည္မွအလုပ္သမားမ်ားအား သၽွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲခရိုင္ အတြင္းသို႔ ႏွစ္စဥ္ႏွစ္တိုင္း ေဆြမ်ိဳးအလုပ္သမားေခၚလာေလ့ရွိသည့္ မေကြးသား ေမာင္ခိုင္ က ‘ယခု ႏွစ္ လက္ဖက္ ခူးရန္ ေတာင္တက္ နိုင္ ဖြယ္မရွိေတာ့သည့္အတြက္ ၾကဳံရာ က်ဘမ္းလုပ္ငန္းမ်ား အား ေက်ာက္ၿမိဳ႕ အတြင္း ရွာေဖြ လုပ္ကိုင္ သြားဖြယ္ရွိသည္ ဟု ေျပာသည္။

ေဖေဖၚဝါရီ ၇ ရက္ေန႔ မွ စ၍ သၽွမ္းျပည္တပ္မေတာ္ RCSS/SSA ႏွင့္ တအာင္းလြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား ျဖစ္ပြားေသာ တိုက္ပြဲေၾကာင့္ ႏွစ္ဘက္ အတြင္း ေဒသခံ ၄၀၀၀ ေက်ာ္ ေနရပ္မွ စြန႔္ခြါရ သည္။ လက္ဖက္ ခူးရန္အတြက္ ေဖေဖၚဝါရီ လေႏွာင္းပိုင္း က ေနရပ္ျ ပန္ၾကေသာ္လည္း လက္ရွိ တပ္မေတာ္မွ ထိုးစစ္ဆင္မွုေ ၾကာင့္ ေန ရပ္မွ ျပန္လည္ေရွာင္တိမ္းရဖြယ္ရွိသည္ဟု ေဒသခံမ်ား ကေျပာသည္။

လူထုအက်ိဳးစီးပြားကာကြယ္ရန္အလို႔ငွာ ဒို႔တာဝန္အေရးသုံးပါးႏွင့္ လူထု စည္းဇိမ္ဥစၥာ အား ထိပါးေန သည့္ RCSS/SSA ႏွင့္ ေသာင္းက်န္းသူ TNLA တပ္မ်ား အပါအဝင္ ေဒသတြင္းရွိ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားအား လႊတ္ေတာ္ ဆုံးျဖတ္ခ်က္အရ နယ္ေျမရွင္းလင္းသြားမည္ဟု ကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ထားသည္။ RCSS/SSA ကလည္း TNLA ႏွင့္ ျဖစ္ပြားေနသည့္ ကိစၥမ်ား ေျဖရွင္း ၿပီးမွသာလၽွင္ အဆိုပါေဒသအတြင္းသို႔ ထြက္ခါဖို႔ရန္ ဆုံးျဖတ္မည္ဟု ေျပာသည္။

သၽွမ္းသံေတာ္ဆင့္ - ဟြမ္ဟိန္း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
.................


မတ် ၈ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရ တပ်မတော်ထိုး စစ်ဆင်တိုက်ခိုက်နေ မှုများကြောင့် ရွှေဖီမိုးလွတ် လက်ဖက် ရွက်နု ခူးချိန် မရဘဲ ‘ဝမ်းရေးအတွက် လက်ဖက် ခြံလုပ်ငန်း မှီခိုအားထားသည့်ဒေသခံများ’ စီးပွားပျက်ဖွယ်ရှိေ ကြာင်း ဒေသခံများ ကပြောသည်။

ဖေဖေါ်ဝါရီ လ နှောင်းပိုင်းမှစ၍ ယနေ့ အထိ သျှမ်းပြည်မြောက် ပိုင်း ကျောက် မဲ ခရိုင်၊ မူစယ်ခရိုင်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း မြန် မာ့ တပ်မတော် မှ တပ်မ အင်အား ရ ခု၊ ဒကစ ဒေသကွပ်ကဲရေးတပ် ၁ ခု၊ စစ်ဆင်ရေးကွပ်ကဲမှု တပ် ၆ ခု အင်း ထောင်ဂဏန်း အပြင် တိုက်လေ ယာဉ် များအသုံးပြုကာ ဒေသအတွင်း လက်နက်ကိုင်တပ်များ၊ အထူးသဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား ထိုးစစ် ဆင် တိုက်ခိုက်နေသည့်အတွက်ကြောင့် လက်ဖက် ခြံလုပ်ငန်း မလုပ်နို င်တော့ကြောင်း ရပ်ရွာအကြီးအကဲ တဦးက ပြောသည်။

ကျောက်မဲမြို့ အနောက် - မြောက်ဘက်ခြမ်း မိုင် ၂၀ ကွာနေ ရွာအကြီးအကဲ အိုက်ငီးက - “ကျနော် တို့မှာက လက်ဖက် ဘဲ လုပ်တယ်လေး။ အခု က ရွှေဖီ ရွက်နု ခူးရတော့မယ်။ မိုးမရွာခင် ပြီးအောင်ခူးရတာ။ တိုက်ပွဲတွေက နေ့ တိုင်း ဖြစ်နေတာ့ ခက်ပြီပေါ့။ တိုက်ပွဲက ရွာနား ကပ်လာေ တာ့ ကျောက် မဲမြို့ပေါ် ထပ်ပြေးရတော့မယ်ထင်တယ်။ ခြံတော့ မဆင်းနိုင်တော့ဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

နိုင်ငံနှင့်အဝှမ်း စားသုံးနေသည့် လက်ဖက် ရ၅% ကျော်မှာ အဆိုပါစစ်မက်ြ ဖစ်ပွါးရာ ဒေသအတွင်း မှ ထွက်ရှိပါသည်။

မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် RCSS/SSA နှင့် တပ်မ ရ၇ တို့ ပူးပေါင်းကာ ၄င်တို့အား တိုက်ခိုက်နေသည် ဟု PSLF/TNLA နိုင်ငံခြားဆက်ဆံရေးဌာနမှူးတာပန်းလှ က ပြောသည်။

အောက်ပြည်မှအလုပ်သမားများအား သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းသို့ နှစ်စဉ်နှစ်တိုင်း ဆွေမျိုးအလုပ်သမားခေါ်လာလေ့ရှိသည့် မကွေးသား မောင်ခိုင် က ‘ယခု နှစ် လက်ဖက် ခူးရန် တောင်တက် နိုင် ဖွယ်မရှိတော့သည့်အတွက် ကြုံရာ ကျဘမ်းလုပ်ငန်းများ အား ကျောက်မြို့ အတွင်း ရှာဖွေ လုပ်ကိုင် သွားဖွယ်ရှိသည် ဟု ပြောသည်။

ဖေဖေါ်ဝါရီ ရ ရက်နေ့ မှ စ၍ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဘက် အတွင်း ဒေသခံ ၄၀၀၀ ကျော် နေရပ်မှ စွန့်ခွါရ သည်။ လက်ဖက် ခူးရန်အတွက် ဖေဖေါ်ဝါရီ လနှောင်းပိုင်း က နေရပ်ြ ပန်ကြသော်လည်း လက်ရှိ တပ်မတော်မှ ထိုးစစ်ဆင်မှုေ ကြာင့် နေ ရပ်မှ ပြန်လည်ရှောင်တိမ်းရဖွယ်ရှိသည်ဟု ဒေသခံများ ကပြောသည်။

လူထုအကျိုးစီးပွားကာကွယ်ရန်အလို့ငှာ ဒို့တာဝန်အရေးသုံးပါးနှင့် လူထု စည်းဇိမ်ဥစ္စာ အား ထိပါးနေ သည့် RCSS/SSA နှင့် သောင်းကျန်းသူ TNLA တပ်များ အပါအဝင် ဒေသတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များအား လွှတ်တော် ဆုံးဖြတ်ချက်အရ နယ်မြေရှင်းလင်းသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ RCSS/SSA ကလည်း TNLA နှင့် ဖြစ်ပွားနေသည့် ကိစ္စများ ဖြေရှင်း ပြီးမှသာလျှင် အဆိုပါဒေသအတွင်းသို့ ထွက်ခါဖို့ရန် ဆုံးဖြတ်မည်ဟု ပြောသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)