ကခ်င္အစိုးရအဖြဲ႕ အတြင္းေရးမွူးကိုရာထူးျဖဳတ္

 ယႏၲရားႀကီးေတြနဲ႔တူးၿပီး ျမင့္သထက္ျမင့္လာတဲ့ ေျမစာပုံေတြ
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕အတြင္းေရးမွူး ဉီးေဇာ္သိန္းကို ဖားကန္႔မွာ စက္ယႏၲရားအေျမာက္အျမားတင္သြင္းတဲ့ကိစၥနဲ႔ စပ္လ်ဥ္းၿပီး အေရးယူတဲ့ အေနနဲ႔ ရာထူးက ထုတ္ပယ္လိုက္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးတဉီးက ဘီဘီစီကို အတည္ျပဳေျပာၾကားပါတယ္။

ကန္ပိုက္တီးမွာ နယ္ျခားေစာင့္ တာဝန္က်တဲ့ တျခားအရာရွိ သုံးဉီးကို လစာေျခာက္လ တိုးျမႇင့္မွု ရပ္ဆိုင္းတဲ့ ျပစ္ဒဏ္ခ်မွတ္ေၾကာင္း သတင္းလည္း ထြက္ေပၚေပမယ့္ သီးျခား အတည္ျပဳခ်က္ မရရွိခဲ့ပါဘူး။

ဖားကန္႔မွာ တ႐ုတ္နိုင္ငံဘက္ကေန စက္ယႏၲရားအေျမာက္အျမားေရာက္ရွိလာၿပီး ေက်ာက္စိမ္းအႀကီးအက်ယ္ တူးေဖာ္ခဲ့မွုနဲ႔ပတ္သက္ၿပီး ေဒသခံေတြနဲ႔ ျပည္သူအမ်ားက ကန္႔ကြက္မွုေတြ ျဖစ္ေပၚလာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ ကခ်င္ျပည္နယ္ ဝန္ႀကီး ၄ ေယာက္အပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြကို စုံစမ္းစစ္ေဆးမွုေတြ ျပဳလုပ္ခဲ့ပါတယ္။

အခုျဖစ္ရပ္ဟာ ဖားကန္႔ေက်ာက္စိမ္းတူးေဖာ္မွုနဲ႔ပတ္သက္ၿပီး ျပည္နယ္အစိုးရထိပ္တန္းတာဝန္ရွိသူတေယာက္ကို ပထမဆုံး အေရးယူမွု ျဖစ္ပါတယ္။

ကခ်င္ ျပည္နယ္ စီးပြားစီမံ ဝန္ႀကီး ဉီးခင္ေမာင္ထြန္းကေတာ့ တ႐ုတ္ျပည္ထဲကေန စက္ယႏၲရားႀကီး အမ်ားအျပားကို ဖားကန္႔အေရာက္ တင္သြင္းနိုင္တာဟာ ၾသဇာအာဏာ ႀကီးႀကီးမားမား ရွိသူ တေယာက္ မပါဝင္ဘဲ မျဖစ္နိုင္ဘူးလို႔ ဆိုပါတယ္။ "ယႏၲရားႀကီးေတြဆိုတာ အိတ္ေထာင္ထဲထည့္ၿပီး ဝွက္သယ္လာလို႔ ရတာ မဟုတ္ဘူး"လို႔ ဦးခင္ေမာင္ထြန္းက ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

...............................................


 ယန္တရားကြီးတွေနဲ့တူးပြီး မြင့်သထက်မြင့်လာတဲ့ မြေစာပုံတွေ
ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးဇော်သိန်းကို ဖားကန့်မှာ စက်ယန္တရားအမြောက်အမြားတင်သွင်းတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး အရေးယူတဲ့ အနေနဲ့ ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဉီးက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ကန်ပိုက်တီးမှာ နယ်ခြားစောင့် တာဝန်ကျတဲ့ တခြားအရာရှိ သုံးဉီးကို လစာခြောက်လ တိုးမြှင့်မှု ရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ချမှတ်ကြောင်း သတင်းလည်း ထွက်ပေါ်ပေမယ့် သီးခြား အတည်ပြုချက် မရရှိခဲ့ပါဘူး။

ဖားကန့်မှာ တရုတ်နိုင်ငံဘက်ကနေ စက်ယန္တရားအမြောက်အမြားရောက်ရှိလာပြီး ကျောက်စိမ်းအကြီးအကျယ် တူးဖော်ခဲ့မှုနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ပြည်သူအများက ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ် ဝန်ကြီး ၄ ယောက်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ ဖားကန့်ကျောက်စိမ်းတူးဖော်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရထိပ်တန်းတာဝန်ရှိသူတယောက်ကို ပထမဆုံး အရေးယူမှု ဖြစ်ပါတယ်။

ကချင် ပြည်နယ် စီးပွားစီမံ ဝန်ကြီး ဉီးခင်မောင်ထွန်းကတော့ တရုတ်ပြည်ထဲကနေ စက်ယန္တရားကြီး အများအပြားကို ဖားကန့်အရောက် တင်သွင်းနိုင်တာဟာ သြဇာအာဏာ ကြီးကြီးမားမား ရှိသူ တယောက် မပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ "ယန္တရားကြီးတွေဆိုတာ အိတ်ထောင်ထဲထည့်ပြီး ဝှက်သယ်လာလို့ ရတာ မဟုတ်ဘူး"လို့ ဦးခင်မောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)