


နောက်တော့ ကောင်လေးက. နန်းနန်း အနားလာပြီး အန်တီ ယူမလား သူတို့က ဈေးနှိမ်လို့ သားကို တစ်သိန်း ရှစ်သောင်းသာပေးပါတဲ့
ဟုတ်ကဲ့ တဲ့

Credit ~ NanNan Granary
Via Ye Lin Aung
..........................
သရုပ်ဆောင်တွေနဲ့ ရွှေဘုံသာ အပေါ်လမ်းက ဘိန်းစားတန်း

မတ်လ ၁၉ ရက်နေ့ ညနေ ၅နာရီ ကပေါ့
နန်းနန်းက နေအိမ်နှင့် နှစ် လမ်း သာခြားသည့် အဲသည့်လမ်းကဆေးခန်းတွင် ဆေးဝယ်ရန်သွားခဲ့ပါတယ်
လမ်း ထဲဝင်မိတော့ ဘာရယ်ဟုတ်ဘူး. စပ်စုချင်တာရယ် . ဘယ်လိုပစ္စည်းတွေ ရောင်းပြီး ဘာလုပ်နေတာလဲ ဆိုပြီး လေ့လာမိတာ
အသက် ၄၀ လောက်ရှိသည့်ကုလား .၂ယောက်က ကုလားလေးတစ်ယောက်ကို
ညီလေး မင်းဖုန်းရောင်းမှာလား ဘယ်လောက်ရ ရင် ရောင်းမလဲ လို့မေးကြတယ်
ကောင်လေးက ဒီဖုန်းက အသစ်ဆို ၆ သိန်းကျော်တန်တယ် ဘယ်လောက်ပေးမလဲတဲ့
မင်းကို တစ်သိန်းနှစ်သောင်းပေးမယ် ရောင်းမလားလ်ု့မေးကြပြန်ရော
ဟာ နည်းတာပေါ့ နှစ် သိန်းဆို ရောင်းမှာ
ပေးနိုင်ဘူး တစ်သိန်းခွဲ မေးမယ်
ဟာဗျာ မရောင်းဘူး .ပေးတာနည်းတယ်တဲ့
ကောင်လေးက ထွက်သွားတာ ကျန်တဲ့ နှစ် ယောက်က သူတို့အချင်းချင်း ပြောနေကြတာ
တန်တယ် ဟေ့ကောင် ဆွဲထားလိုက်ရမှာ ပြန်ရောင်းရင် အရမ်းမြတ်မှာကွ
နောက်တော့ ကောင်လေးက. နန်းနန်း အနားလာပြီး အန်တီ ယူမလား သူတို့က စျေးနှိမ်လို့ သားကို တစ်သိန်း ရှစ်သောင်းသာပေးပါတဲ့
သားရယ် တီတီက ဒီမှာနေတာ မင်းကို လဲသိပါတယ် မင်းဒီနေ့ ဘောင်းဘီရှေ နှစ်ခါ လဲတာရော ပုဆိုးပြောင်းဝတ်ထားတာရော သိနေတယ်
ဟုတ်ကဲ့ တဲ့
သူတို့ရဲ့ သရုပ်ဆောင်မှူ့ တွင် ဘယ်နှစ်ယောက် ခံသွားပြီလဲ မသိပေမဲ့ ...သူတို့က နေ့တိုင်း လုပ်စားနေပုံပါ

Credit ~ NanNan Granary
Via Ye Lin Aung
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)