မင္းျပားၿမိဳ႕နယ္မွ လူငယ္တစ္ဦး ပါးစပ္အတြင္း ငေျပမဝင္သြား၍ ေသဆံုး

Photo credit : Tinmyint Oo
မင္းျပား (March 15, 2016)

ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္၊ ဖားေပ်ာ္(ခ်င္း) ေက်းရြာမွ အသက္(၂၀)ခန္႔ရွိသည့္ ခ်င္းတိုင္းရင္းသား လူငယ္တစ္ဦး၏ ပါးစပ္အတြင္းသို႔ ငေျပမ ဝင္ေရာက္သြား၍ ေသဆံုးသြားခဲ့ရသည့္ ျဖစ္ရပ္တစ္ခု (၁၄-၃-၂၀၁၆) မေန႔က ျဖစ္ပြားခဲ့သည္ဟု သိရသည္။

အဆိုပါ လူငယ္သည္ ငါးရွာေနစဥ္ ဖမ္းဆီးရမိေသာ ငေျပမတစ္ေကာင္ကို ပါးစပ္အတြင္းငံု၍ ငါးေခါင္းကို သြားျဖင့္ကိုက္ၿပီး ဆက္လက္ ငါးရွာေနခဲ့ရာ ထိုငါးက ရုန္းရင္းကန္ရင္းျဖင့္ ထိုလူငယ္၏ လည္ေခ်ာင္းထဲသို႔ ဝင္ေရာက္သြားခဲ့ၿပီး အသက္ရွဴလမ္းေၾကာင္းပိတ္ကာ ေသဆံုးသြားခဲ့ရျခင္းျဖစ္ေၾကာင္း မင္းျပားၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ လက္ေထာက္ဆရာဝန္ ေဒါက္တာ တင္ျမင့္ဦး၏ Facebook ၌ ေဖာ္ျပထားခ်က္အရ သိရပါသည္။

ထိုလူငယ္အား မင္းျပားၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ယူေဆာင္လာခ်ိန္တြင္ အသက္ပါမလာခဲ့ေသာေၾကာင့္ ေသဆံုးရသည့္ အေၾကာင္းရင္းကို သိရွိရန္ ရင္ခြဲစစ္ေဆးၾကည့္ရာ ပံုပါအတိုင္း လည္ေခ်ာင္းအတြင္းမွ ငေျပမကို ေတြ႔ရွိရေၾကာင္း ေဖာ္ျပထားသည္။

မင္းျပား - သတင္း
14 . 03 . 2016
....................
 Photo credit : Tinmyint Oo
မင်းပြား (March 15, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပျော်(ချင်း) ကျေးရွာမှ အသက်(၂၀)ခန့်ရှိသည့် ချင်းတိုင်းရင်းသား လူငယ်တစ်ဦး၏ ပါးစပ်အတွင်းသို့ ငပြေမ ဝင်ရောက်သွား၍ သေဆုံးသွားခဲ့ရသည့် ဖြစ်ရပ်တစ်ခု (၁၄-၃-၂၀၁၆) မနေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ လူငယ်သည် ငါးရှာနေစဉ် ဖမ်းဆီးရမိသော ငပြေမတစ်ကောင်ကို ပါးစပ်အတွင်းငုံ၍ ငါးခေါင်းကို သွားဖြင့်ကိုက်ပြီး ဆက်လက် ငါးရှာနေခဲ့ရာ ထိုငါးက ရုန်းရင်းကန်ရင်းဖြင့် ထိုလူငယ်၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာ တင်မြင့်ဦး၏ Facebook ၌ ဖော်ပြထားချက်အရ သိရပါသည်။

ထိုလူငယ်အား မင်းပြားမြို့ ပြည်သူ့ဆေးရုံသို့ ယူဆောင်လာချိန်တွင် အသက်ပါမလာခဲ့သောကြောင့် သေဆုံးရသည့် အကြောင်းရင်းကို သိရှိရန် ရင်ခွဲစစ်ဆေးကြည့်ရာ ပုံပါအတိုင်း လည်ချောင်းအတွင်းမှ ငပြေမကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

မင်းပြား - သတင်း
14 . 03 . 2016
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)