ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းေပၚတြင္ယာဥ္္ တစ္စီးအရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္္


ေက်ာက္တံခါး မတ္ ၅

ပဲခူးတိုင္းေဒသႀကီး ေက်ာက္ တံခါးၿမိဳ႕နယ္ ၿမိဳ႕ေခ်ာင္းအျမန္ လမ္းမႀကီးအပိုင္ ရန္ကုန္-ေနျပည္ ေတာ္အျမန္လမ္းမႀကီး မိုင္တိုင္ အမွတ္ ၉၇/၇ ႏွင့္ ၉၈/ဝအၾကား တြင္ ယမန္ေန႔မြန္းလြဲ ၁နာရီခြဲတြင္ ယာဥ္တစ္စီးတိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။

သတင္းအရ ၿမိဳ႕ေခ်ာင္း အျမန္ လမ္းရဲစခန္းမွဴးဒုရဲမွဴးထြန္းထြန္းဦး ဦးစီးေသာ တပ္ဖြဲ႕ဝင္ ၁၂ ဦး၊ ၿမိဳ႕ ေခ်ာင္းအျမန္လမ္း မီးသတ္တပ္ဖြဲ႕မွ လ/ထဦးစီး ေဇာ္ရဲႏိုင္ပါ သံုးဦးတို႔ အဖြဲ႕က အခင္းျဖစ္ေနရာသို႔ သြား ေရာက္ စစ္ေဆးရာ ရန္ကုန္ဘက္မွ ေနျပည္ေတာ္ဘက္သို႔ ယာဥ္ေမာင္း ေဝယံဦး အသက္(၂၉ႏွစ္) အမွတ္ (၃၃) သနပ္ပင္လမ္း ပဲခူးၿမိဳ႕ေနသူ ေမာင္းႏွင္ေသာ ယာဥ္အမွတ္ 8F/--- လိုက္ထရပ္အျဖဴေရာင္ယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ ကြၽန္းေပၚမွတစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိတိမ္းေမွာက္သြားသည္။ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ ေမာင္း ေဝယံဦး၏ ယာဘက္ လက္ေမာင္းက်ဳိးၿပီး ပြန္းပဲ့ဒဏ္ရာ မ်ား(မစိုးရိမ္ရ)ႏွင့္ ယာဥ္ေပၚလိုက္ ပါလာသူ တစ္ရပ္ကြက္တည္းေန မင္းသူ (၂၃ႏွစ္)မွာ ဒဏ္ရာမ်ား (မစိုးရိမ္ရ)ရရွိသြားသျဖင့္ ယာဥ္ မဆင္မျခင္ေမာင္းႏွင္သူေဝယံဦးအား ၿမိဳ႕ေခ်ာင္းအျမန္လမ္း ရဲစခန္းက ယာဥ္(ပ) ၂၈/၂ဝ၁၆ ျပစ္မႈပုဒ္မ ၃၃၇/၃၃၈ အရ အေရးယူေဆာင္ ရြက္ထားေၾကာင္း သိရသည္။

မ်ဳိးဦး(ေက်ာက္တံခါး)
The Union Daily
https://www.facebook.com/uniondaily.net

...............................................


ကျောက်တံခါး မတ် ၅

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီးအပိုင် ရန်ကုန်-နေပြည် တော်အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၉၇/၇ နှင့် ၉၈/ဝအကြား တွင် ယမန်နေ့မွန်းလွဲ ၁နာရီခွဲတွင် ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

သတင်းအရ မြို့ချောင်း အမြန် လမ်းရဲစခန်းမှူးဒုရဲမှူးထွန်းထွန်းဦး ဦးစီးသော တပ်ဖွဲ့ဝင် ၁၂ ဦး၊ မြို့ ချောင်းအမြန်လမ်း မီးသတ်တပ်ဖွဲ့မှ လ/ထဦးစီး ဇော်ရဲနိုင်ပါ သုံးဦးတို့ အဖွဲ့က အခင်းဖြစ်နေရာသို့ သွား ရောက် စစ်ဆေးရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဝေယံဦး အသက်(၂၉နှစ်) အမှတ် (၃၃) သနပ်ပင်လမ်း ပဲခူးမြို့နေသူ မောင်းနှင်သော ယာဉ်အမှတ် 8F/--- လိုက်ထရပ်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းပေါ်မှတစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်သွားသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ် မောင်း ဝေယံဦး၏ ယာဘက် လက်မောင်းကျိုးပြီး ပွန်းပဲ့ဒဏ်ရာ များ(မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်လိုက် ပါလာသူ တစ်ရပ်ကွက်တည်းနေ မင်းသူ (၂၃နှစ်)မှာ ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိသွားသဖြင့် ယာဉ် မဆင်မခြင်မောင်းနှင်သူဝေယံဦးအား မြို့ချောင်းအမြန်လမ်း ရဲစခန်းက ယာဉ်(ပ) ၂၈/၂ဝ၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

မျိုးဦး(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)