နမ့္ခမ္းၿမိဳ႕ရဲစခန္း၀င္း၌ ၀န္ထမ္းအိမ္ရာ မီးေလာင္မႈျဖစ္ပြား


နမ့္ခမ္း မတ္ ၆

ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕ ရဲစခန္းအတြင္း ဝန္ထမ္း အိမ္ရာတြင္ မတ္ ၆ ရက္ ညေန ၃ နာရီ ၁၅ မိနစ္က မီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈျဖစ္ပြားသည့္ အိမ္သည္ ၁၉၆ဝ ခုႏွစ္ကတည္းက ေဆာက္လုပ္ခဲ့သည့္ အလ်ားေပ ၃ဝ၊ အနံ ၂၅ ေပ၊ သြပ္မိုးထရံကာ၊ ပ်ဥ္ခင္း ေျခတံရွည္ လံုးခ်င္းအိမ္ေဟာင္းျဖစ္ၿပီး ရဲအုပ္ ေဌးဝင္းခုိင္ေနထိုင္သည့္ အိမ္ျဖစ္ သည္။

ရဲအုပ္ေဌးဝင္းခိုင္မွာ မီးေလာင္မႈျဖစ္ပြားခ်ိန္တြင္ လံုၿခံဳ ေရးတာဝန္ထမ္းေဆာင္ေနခ်ိန္ျဖစ္ၿပီး ေနအိမ္၌ မရွိခုိက္ လွ်ပ္စစ္ဝိုင္ယာ ေရွာ့ခ္ျဖစ္ကာ မီးေလာင္ရျခင္းျဖစ္ သည္။

 ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန ဦးစီး မွဴး ဦးမ်ဳိးမင္းသန္႔ႏွင့္ မီးသတ္တပ္ဖြဲ႕ ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားက အခ်ိန္မီေရာက္ ရွိၿပီး မီးသတ္ယာဥ္မ်ားျဖင့္ ဝိုင္းဝန္း ၿငႇိမ္းသတ္ရာ အျခားဝန္ထမ္းအိမ္ရာ မ်ားကို မီးကူးစက္ျခင္းမရွိဘဲ အခ်ိန္မီ မီးၿငိႇမ္းသတ္ႏိုင္ခဲ့သည္။

 မီးေလာင္မႈ ေၾကာင့္ ဝန္ထမ္းအိမ္ေဟာင္း တစ္လံုးသာ ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

ဉာဏ္မင္း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

....................................


နမ့်ခမ်း မတ် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းအတွင်း ဝန်ထမ်း အိမ်ရာတွင် မတ် ၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့် အိမ်သည် ၁၉၆ဝ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သည့် အလျားပေ ၃ဝ၊ အနံ ၂၅ ပေ၊ သွပ်မိုးထရံကာ၊ ပျဉ်ခင်း ခြေတံရှည် လုံးချင်းအိမ်ဟောင်းဖြစ်ပြီး ရဲအုပ် ဌေးဝင်းခိုင်နေထိုင်သည့် အိမ်ဖြစ် သည်။

ရဲအုပ်ဌေးဝင်းခိုင်မှာ မီးလောင်မှုဖြစ်ပွားချိန်တွင် လုံခြုံ ရေးတာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး နေအိမ်၌ မရှိခိုက် လျှပ်စစ်ဝိုင်ယာ ရှော့ခ်ဖြစ်ကာ မီးလောင်ရခြင်းဖြစ် သည်။

 မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီး မှူး ဦးမျိုးမင်းသန့်နှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက အချိန်မီရောက် ရှိပြီး မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ အခြားဝန်ထမ်းအိမ်ရာ များကို မီးကူးစက်ခြင်းမရှိဘဲ အချိန်မီ မီးငြိှမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်မှု ကြောင့် ဝန်ထမ်းအိမ်ဟောင်း တစ်လုံးသာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဉာဏ်မင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)