HSL
‪#‎Democracytoday‬
............
လှည်းတန်း ခုံးတံတားပေါ်တွင် ကားတစ်စီးပေါ်၌ တပ်မတော်ကို အကြည်ညို ပျက်စေသည့် စာသားများရေးထားသည့် ကားပိုင်ရှင် ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင်ကို ကမာရွတ်ရဲစခန်းက ခေါ်ယူစစ်ဆေး
မတ် - ၁ ။ ။ ယနေ့ နံနက် ၈ နာရီ အချိန်က လှည်းတန်းခုံးကျော် တံတားပေါ်တွင် တပ်မတော် ကို အကြည်ညို ပျက်စေသည့် စကားလုံး များ ရေးသားထားသော စာသားများကပ်ထားသည့် ကားတစ်စီးကို တွေ့ ရှိသဖြင့်သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာတွင် ယင်းကားပိုင်ရှင် မှာ ရုပ်ရှင် နှင့် ဗွီဒီယို သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ထွန်းလင်းသိန်း(ခ) လင်းမောင်(ခ)ထွန်းငယ် ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် အဆိုပါ ဖြစ်ရပ်ကို ကမာရွတ် ရဲစခန်းမှ စစ်ဆေးဆောင်ရွက်ပြီး ပုဒ်မ ၅၀၅(ခ) ၂၉၄/၂၉၅ တို့ဖြင့်လည်းကောင်း ၊မော်တော်ယာဉ် ပုဒ်မဖြင့် လည်းကောင်းအမှု ဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
HSL
‪#‎Democracytoday‬
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)